ဧပြီ ၇၊ ၂၀၂၂
M-Media
-၈ နှစ်နီးပါးရှိနေတဲ့ ယီမင်ပြည်တွင်းစစ် အဆုံးသတ်ရေး ကြိုးပမ်းမှု ပိုမိုအားကောင်းလာပြီး နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ သမ္မတ ဟာဒီက အာဏာခွဲ၀ေမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ်အဖွဲ့က ကျောထောက်နောက်ခံပြုထားတဲ့ ဟာဒီအစိုးရနဲ့ ဒေသတော်တော်များများကို သိမ်းပိုက်ထားတဲ့ ဟူသီသူပုန်အဖွဲ့တို့ ၂ လကြာ အပစ်ရပ်ရေးဟာ တစ်ပတ်အတွင်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိအဖြစ် တစ်နိုင်ငံလုံး အပစ်ရပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတဟာဒီဟာ သဘောထားမတူသူတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းနေပြီး ဒုတိယသမ္မတကို ထုတ်ကာ သမ္မတဆိုင်ရာ ကောင်စီကို မနေ့က အာဏာခွဲ၀ေပေးခဲ့ပါတယ်။ လတ်တလော တွေ့ဆုံဆွေးနွေးမှုမှာ ဟူသီသူပုန်အဖွဲ့ မပါ၀င်ပါဘူး။
အာဏာခွဲ၀ေမှု ထွက်ပေါ်လာပြီးနောက်ပိုင်း ဆော်ဒီက ကန်ဒေါ်လာ ၂ ဘီလီယံ၊ ယူအေအီးက ၁ ဘီလီယံ ထောက်ပံ့မယ်လို့ ကြေငြာခဲ့ပါတယ်။
ဟူသီသူပုန်အဖွဲ့က ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ်အဖွဲ့၀င် နိုင်ငံတွေအပေါ် ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေကို ရပ်ဆိုင်းမယ်လို့ ရမ်ဇာန်ဥပုသ်လမတိုင်ခင်က ကြေငြာခဲ့ပြီး၊ အာရပ်မဟာမိတ်အဖွဲ့ကလည်း ယီမင်မှာ အပစ်ရပ်ကြောင်း နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
Ref: Aljazeera
Comments