နို၀င်ဘာ ၁၆၊ ၂၀၂၂
M-Media
-လပေါ်ကို လူပြန်လွှတ်မယ့် အစီအစဥ်ရဲ့ ရှေ့ပြေးအဖြစ် စူးစမ်းလေ့လာရေးယာဥ်ငယ်တစ်ခုကို အမေရိကန်အာကာသအေဂျင်စီ (နာဆာ) က ဒီကနေ့မှာ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။
Artemis လို့ အမည်ပေးထားတဲ့ အဲဒီဒုံးပျံကို သြဂုတ်လကတည်းက လွှတ်တင်ဖို့ စီစဥ်ထားပေမယ့် နည်းပညာနဲ့ ရာသီဥတု ပြဿနာကြောင့် ၃ ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပါတယ်။
Artemis ဟာ နာဆာသမိုင်းတစ်လျှောက် ပြင်းအားအကောင်းဆုံး ဒုံးပျံဖြစ်ပြီး Orion လို့ခေါ်တဲ့ လစူးစမ်းလေ့လာရေးယာဥ်ငယ်ကို တင်ဆောင်သွားပါတယ်။
Orion ဟာ လပတ်လမ်းမှာ ၂၆ ရက်တာ လှည့်ပတ်ကာ စူးစမ်းလေ့လာမှုပြုပြီး ကမ္ဘာကို ပြန်လာမှာဖြစ်ပါတယ်။
အခုလွှတ်တင်မှုဟာ ၂၀၂၅ ခုနှစ်မှာ လပေါ်ကို လူတွေပြန်လွှတ်ရေး နာဆာရဲ့စီမံကိန်းအတွက် ရှေ့ပြေးလေ့လာမှုပါ။
၁၉၇၂ ခုနှစ်မှာ အပိုလိုအာကာသယာဥ်ရဲ့ ယဥ်မှူး ဂျီနီကာရ်နန် လပေါ်ကနေ ပြန်လာပြီးတဲ့နောက် နှစ်ပေါင်း ၅၀ အကြာမှာ နာဆာက လပေါ်ကို ပထမဆုံးအကြိမ် လူပြန်လွှတ်ဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။
လပေါ်မှာအခြေစိုက်ပြီး အာကာသအတွင်းပိုင်းထဲအထိ လူတွေ သွားရောက်လေ့လာဖို့ကိုပါ နာဆာက စီစဥ်ထားပါတယ်။
Ref: BBC
Comments