မတ် ၃၊ ၂၀၂၃
M-Media
-ဂျပန်နိုင်ငံမှာ ကျောင်းတက်မယ့်အရွယ် ကလေးငယ်တွေ နည်းလာပြီး စာသင်ကျောင်းတွေ ပိတ်ပစ်ရမှု အရေအတွက် မြင့်တက်လာပါတယ်။
အာရှတိုက်မှာ ကလေးမွေးဖွားမှုနှုန်း လျော့ကျကာ သက်ကြီးရွယ်အိုများပြားတဲ့ ပြဿနာကို ရင်ဆိုင်နေကြရပြီး ဂျပန်နိုင်ငံက အဆိုးဆုံး ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမြောက်ပိုင်း ဖူကူရှီးမားပြည်နယ်က တောင်ပေါ်မြို့ဖြစ်တဲ့ Ten-ei မှာ အထက်တန်းကျောင်းတစ်ခု ပြီးခဲ့တဲ့ သောကြာနေ့က ပိတ်ပစ်လိုက်ရပါတယ်။
၇၆ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ အဲဒီကျောင်းမှာ ပြီးခဲ့တဲ့စာသင်နှစ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားနှစ်ဦးသာ ရှိတော့ပြီး သူတို့နှစ်ယောက် အထက်တန်းပြီးဆုံးမှုနဲ့အတူ ကျောင်းပါ တစ်ခါတည်း ပိတ်လိုက်ရတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံက ကျေးလက်ဒေသတွေမှာ ကျောင်းတက်မယ့်သူ မရှိတဲ့အတွက် ပိတ်ပစ်ရတဲ့ စာသင်ကျောင်း အရေအတွက်ကလည်း တစ်ဖြည်းဖြည်းနဲ့ များပြားလာပါတယ်။
ဂျပန်၀န်ကြီးချုပ် ဖူမီယို ကီရှီဒါက ကလေးသူငယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ဘက်ဂျက်ကို ၂ ဆတိုးမှာ အပါအ၀င် ကလေးမွေးဖွားမှုနှုန်း သိိသိသာသာ မြင့်တက်လာစေမယ့် အစီအမံတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ ၈ သိန်းအောက်သာ ရှိခဲ့ပြီး စံချိန်တင်ကျဆင်းမှု ဖြစ်ပါတယ်။ တစ်နှစ်ကို နိုင်ငံတစ်၀ှမ်း ပျမ်းမျှ စာသင်ကျောင်းပေါင်း ၄၅၀ လောက် ပိတ်ပစ်နေရပြီး ၂၀၀၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ကျောင်းပေါင်း ၉၀၀၀ နီးပါး ပိတ်ခဲ့ရပါတယ်။
Ref: Reuters
Comments