ဒီဇင်ဘာ ၁၅၊ ၂၀၁၂
M-Media
မောင်လျှောက် (မြယာမြေ)
တန်ဖိုးနည်းမိုဘိုင်းဖုန်များကို လာမည့်၂၀၁၃ခုနှစ်ဦးပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အရောင်းဌာနကြီး (၁၈)ခု ဖွင့်၍ စတင်ရာင်းချတော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူ တစ်ဦးထံမှ သိရကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်း တွင်ဖော်ပြထားသည်။
အဆိုပါအသစ်ထပ်မံရောင်းချမည့် မိုဘိုင်းဖုန်းများသည် 3G/UMTS သည် ယနေ့ ကမ္ဘာနိုင်ငံများတွင် အများဆုံး တွင်ကျယ်စွာ အသုံးပြုနေသော စနစ်ဖြစ် ကြောင်းသိရသည်။
ထို့ပြင် မိုဘိုင်းဖုန်း အသုံးပြုမူများနေသည့် ရန်ကုန်၊မန္တလေး၊နေပြည်တော်နှင့် တိုင်ဒေသကြီး ၊ပြည်နယ်များ၏ မြို့များတွင် 3Gနှင့်4G(LTE) မိုဘိုင်းဆက်သွယ်မူ ကွန်ရက် စနစ်များကိုပါ တိုးချဲ့ဆောက်ရွက်သွားမည်ဖြစ်ကြောင်း၊ 3G ကွန်ရက် တွင်ကျယ်လာသည်နှင့် အမျှ 2G ကွန်ရက်ကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရပါသည်။
၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထုတ်မည့် GSM ဖုန်းများကို သက်ဆိုင်ရာဈေးနူန်း သတ်မှတ်ပြီးရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ အရောင်းဌာန(၁၈) ခုထားပြီး ရောင်းချပေးသွားမှာ ဖြစ်သည်။ အရောင်းဌာန(၁၈)ခုမှာ
၁။ လမ်း၄၀ရုံး
၂။ပန်းဆိုးတန်းကြေးနန်းရုံး
၃။ရွှေဂုံတိုင် မိုဘိုင်းဌာန
၎။အလုံမိုဘိုင်းဌာနရုံး
၅။ဗဟိုစာတိုက်ကြီး
၆။တက္ကသိုလ်စာတိုက်
၇။အင်းစိန် စာတိုက်
၈။ဗိုလ်တထောင်စာတိုက်
၉။ ဒဂုံ(မြောက်ပိုင်း)
၁၀။ ရန်ကင်းစာတိုက်
၁၁။ ပုစွန်တောင်စာတိုက် သင်တန်းကျောင်း
၁၂။ သန်လျင် အိတ်ချိန်း
၁၃။ သုံးခွအိတ်ချိန်း
၁၄။ တွံတေးအိတ်ချိန်း
၁၅။ ထန်းတပင်အိတ်ချိန်း
၁၆။ မှော်ဘီအိတ်ချိန်း
၁၇။ တိုက်ကြီးအိတ်ချိန်း
၁၈။ လှည်းကူးအိတ်ချိန်း တို့ဖြစ်သည်။
နေပြည်တော်၊ မန္တလေးတို့မှာလည်း တပြိုင်တည်းး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ တန်ဖိုးနည်းဖုန်းများ၏ တန်ဖိုးသည် တစ်သိန်း သုံးသောင်း ၀န်းကျင်ခန့်ရှိ မည်ဟု ယူဆရပြီး ပြင်ပတွင် ကြားရသည့် သတင်းများတွင် ငွေကျပ်ရှစ်သောင်း နှင့် ချပေးမည်ဟုသိရပါသည်။
လက်တလောတွင်CDMA ဖုန်းများ လွန်ခဲ့သည် သုံးလအတွင်း ထက်ဝက်ခန့် ဈေးကျလာခဲ့ပြီး အ၀ယ်မရှိဘဲ ရောင်းလိုအားမြင့်တက်နေကြောင်း သိရသည်။ လက်ရှိ ဈေးကွက်အတွင်း ငွေကျပ်နှစ်သိန်းတန် GSM sim card များသည် ငွေကျပ် ၁သိန်းမှ တစ်သိန်း ရှစ်သောင်း အတွင်း ရောင်းအ၀ယ်ဖြစ်နေပြီး CDMA ၈၀၀ဖုန်းများအား ငွေကျပ် တစ်သိန်းခွဲခန့်ဖြင် ရောင်းလိုသူများက ဈေးခေါ်ကြကြောင်းသိရသည်။
အစိုးရအနေဖြင့် ၂၀၁၀ခုနှစ်တွင် ၅သိန်းတန် မိုဘိုင်းဖုန်းများ၊ ယခု ၂၀၁၂ခုနှစ်တွင်၂ သိန်းနှင့် ၂ သိန်းခွဲတန် မိုဘိုင်းဖုန်းများချပေးခဲ့ပြီး လာမည်၂၀၁၃ တွင်ခုနှစ်တွင် ၈သောင်းနှင့် ၁သိန်း၃သောင်းအတွင်းရှိ တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ထပ်မံချပေးဖွယ်ရှိကြောင်း ၊ ၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအမှီ ဆက်သွယ်ရေးကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ဖွယ်ရှိကြောင်း သုံးသပ်သူ တစ်ဦးက ပြောကြားသည်။
ပြည်သူများအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦး တင်ပြသော (၅၀၀၀)တန် ဖုန်းမရသေးပေမဲ့ ယခင်ထက် ဈေးကျလာသော သောကြောင့် အတိုင်းအတာတခုထိ ဖုန်းများ ကိုင်လာနိုင်ပြီး ဆက်သွယ်ရေး ကွန်ရက်ဖြန့်ကျက် နိုင်တော့မည်ဖြစ်သည့် အတွက် ၀မ်းသာကြကြောင်း သိရသည်။
“အစိုးရအနေဖြင့် မိုဘိုင်း ဖုန်းကဒ်များကိုဈေးချပေးလျှက် ရှိသော်လည်း အိမ်နီးချင်း နိုင်ငံများနှင့်ပင်ယှဉ်လျှင် များစွာဈေးကြီးနေသေးကြောင်း အိမ်နီးချင်းနိုင်ငံများတွင် မိုဘိုင်းဖုန်းကဒ်တခုကို မြန်မာငွေ ကျပ် ၃၀၀၀ မှ ၁၀၀၀၀ အတွင်းသာ ဈေးနှုန်းရှိပြီး လူတန်းစားမရွေး ဖုန်းကိုင်နိုင်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက အခန်းကဏ္ဍမှာပါဝင်သည့် ဆက်သွယ်ေ၇းကဏ္ဍတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးသင့်ပြီး ကန့်သတ်ချုပ်ချယ်မှုများ မရှိသင့်တော့ကြောင်း” ရန်ကုန်မြို့နေ ပြည်သူတစ်ဦးမှ သူ့အမြင်ကို ပြောကြားခဲ့သည်။
Comments