6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၂၊ ၂၀၂၃

M-Media 

ရီးယဲလ်မက်ဒရစ် ကွင်းပြင်ဘ၀

ကွင်းပြင်ပမှာ ကျွန်တော့်ဘ၀က အေးဆေးပါပဲ။ စပိန်ဘာသာစကားကိုလေ့လာတယ်။ ကက်စမဲရိုး၊ မီလီတို၊ မာဆယ်လိုတို့လို ဘရာဇီးလ်သားတွေလည်း ရှိပါတယ်။ သူတို့က ကျွန်တော့် အဖေလိုပါပဲ။ အသင်းမှာ ဘယ်သူက ဂိုဏ်းချုပ်လဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ 

လူကာမိုဒရစ်ပါ။ အသက်တော်တော်ကွာတာကြောင့် ကျွန်တော်တို့ သူ့ကို စကြတယ်။ ကျွန်တော်တွဲကစားဖူးသမျှထဲမှာ သူက အကောင်းဆုံးပါပဲ။ ကျွန်တော့်အဖေက ၃၆ နှစ်ပြည့်တော့မယ်လို့ ကက်စမဲရိုးက တစ်ခေါက် ပြောလိုက်တယ်။ လူကာမိုဒရစ်က  

“ဟုတ်လား။ ဒါဆို မင်းငါ့ကို လေးစားရမယ်။ ငါက မင်းအဖေအရွယ်လောက် ရှိတယ်”

လူကာက အဲဒီလို လူမျိုး။ ကျွန်တော့်ကို နောက်ပိုင်း “သား” လို့ပဲ ခေါ်တော့တယ်။ တစ်ခါတစ်လေ ကျွန်တော့်က သူ့ကို “ဂိုဏ်းချုပ်” လို့ခေါ်တယ်။ ကျွန်တော့်အဖေအရင်းလိုပါပဲ။ စားလည်းစားတယ်။ တစ်ချိန်လုံး ကျွန်တော်တို့ကို စားနေတယ်။ ဒါက ရီးယဲလ်မက်ဒရစ်ရဲ့ ပုံစံပါပဲ။ မပြတ်တမ်း အလုပ်လုပ်နေရမယ်။ ရပ်လိုက်လို့မရဘူး။

ဘရာဇီးလ်မှာတော့ “နေ့တိုင်း ခြေင်္သေ့တစ်ကောင်ကို သတ်နိုင်ရမယ်” ဆိုတဲ့ စကားပုံမျိုး ရှိပါတယ်။

သားက အဖြူထည်ပါ

ရော်ဒရီဂို ကောင်းကောင်းလုပ်နိုင်တဲ့ အကြောင်းအရင်းတွေထဲကတစ်ခုဟာ သူ့ရဲ့ အဖြူထည်ဆန်မှုကြောင့်လို့ ကျွန်တော့် မိတ်ဆွေတစ်ယောက်က ပြောဖူးတယ်။ သူဘယ်အဆင့်ကိုရောက်နေလဲဆိုတာ သေချာမသိဘူး။ အဲဒီတော့ ဖိအားဒဏ်လည်း မခံရဘူးပေါ့။ ကျွန်တော့်လိုမဟုတ်ဘူး။ လူတော်တော်များများက သူ့ပွဲကြည့်ပြီးရင် ကျွန်တော်နဲ့တူတယ်လို့ ပြောကြတယ်။

မတူပါဘူး။ ကျွန်တော် ဘောလုံးကန်ဖူးတယ်။ ဘယ်လိုမျိုးလဲဆိုတာလည်း ကျွန်တော် သိတယ်။ လူအပြည့်နဲ့ ဘာနေဗျူး (ရီးယဲလ်ကွင်း) ကို ကျွန်တော်သာ အသက် ၁၈ နဲ့ ရောက်သွားရင် လစ်သွားမှာ။ ဘောလုံးတောင် ထိန်းနိုင်မှာမဟုတ်ဘူး။ ရီးယဲလ်မှာ ကစားခွင့်ရရင်တောင် ကစားဖြစ်မှာမဟုတ်ပါဘူး။ ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ်။ 

၂၀၁၉ ခုနှစ် တစ်ရက် ချန်ပီယံလိဂ်မှာ ဂါလာတာစာရေးနဲ့ ကစားတဲ့အချိန် ရော်ဒရီဂို ဟက်ထရစ်သွင်းတယ်။ ကျွန်တော် ပွဲကြည့်စင်မှာ ရှိပါတယ်။ ပွဲကဘောလုံးကို ကျွန်တော့်သား ယူသွားတာ တွေ့လိုက်တယ်။ သူ့ကိုကျွန်တော်တွေ့တော့ ပြေးပြီး ခုန်ဖက်လိုက်တယ်။

“ငါ့သား ဟက်ထရစ်သွင်းနိုင်ပြီကွ” 

“ဟုတ်အဖေ။ မိုက်တယ်” 

“ပွဲကဘောလုံး ဘယ်မှာလဲကွ”

“ကျွန်တော် ထည့်လာခဲ့တယ်” 

စားသောက်ဆိုင်တစ်ခုသွားပြီး ကျွန်တော်တို့ အောင်ပွဲခံတယ်။ စားနေတုန်း “ဟေ့ကောင် မင်းဘောလုံးရော” လို့ ကျွန်တော်မေးလိုက်တယ်။ ဘောလုံးယူလာပြီး စားပွဲပေါ်တင်ထားမလားပေါ့။ 

“ကားနောက်ဖုံးထဲ ထည့်ထားတယ် အဖေ” တဲ့ 

“ဒီကောင် တော်တော်နောက်တဲ့ကောင်” 

အဲဒီညက သူ့ဘောလုံးကို အိပ်ယာထဲထားပြီး ကျွန်တော် အိပ်တယ်။ သူက ရင့်ကျက်သူကြီး။ ကျွန်တော်ကတော့ ကလေးလေးပေါ့။ သူဘ၀မှာ ဘာတွေဖြစ်နေလဲဆိုတာကို သူ သိမှ သိပါလေစ လို့တောင် တစ်ခါတစ်လေ ကျွန်တော် တွေးမိပါတယ်။ 

(ဆက်ရန်……) 

Comments are closed.