6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၆၊ ၂၀၂၃ 

M-Media 

(ဗီဒီယိုတွင် စိတ်ထိခိုက်စရာ မြင်ကွင်းများ ပါ၀င်ပါသည်) 

ဒုံးကျည်ဖြင့် ပစ်ခတ်ခံလိုက်ရသည့် ထရပ်ကား

-ဂါဇာ မြောက်ပိုင်းကနေ တောင်ပိုင်းကို အိုးအိမ်စွန့်ခွာထွက်ပြေးတဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကို အလ်ဂျာဇီးရားသတင်းဌာနက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 

ဒီအဖြစ်အပျက်ဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာ ဖြစ်ပွားတာပါ။ 

ဂါဇာမြောက်ပိုင်းက လူ တစ်သန်းကျော်လောက် တောင်ပိုင်းကို ည ၈ နာရီမတိုင်ခင်ရွှေ့ပေးဖို့ အစ္စရေးက အဲဒီနေ့မှာ အမိန့်ထုတ်ပါတယ်။ 

ပြောင်းရွှေ့တဲ့သူတွေဟာ လမ်းကြောင်းနှစ်ခုကို အသုံးပြုဖို့နဲ့ အဲဒီ လမ်းကြောင်းတွေကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ အစ္စရေးစစ်တပ်က ဆိုရှယ်မီဒီယာကနေ အာရဘီဘာသာစကားနဲ့ တရား၀င် ကြေငြာပါတယ်။ 

ဂါဇာမြောက်ပိုင်းမှာလည်း အာရဘီဘာသာစကားနဲ့ ရေးသားထားတဲ့ ကြေငြာချက်စာရွက်တွေကို အစ္စရေးက ကြဲချပါတယ်။ 

အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ပါလက်စတိုင်းတွေဟာ အစ္စရေးရဲ့ ကြေငြာချက်အတိုင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။ 

အဲဒီအချိန်မှာ ကလေးတွေနဲ့ အမျိုးသမီးတွေကို တင်ဆောင်လာတဲ့ အမိုးဖွင့်ထရပ်ကားတစ်စီးကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ ၇၀ လောက် သေဆုံးခဲ့ပါတယ်။ 

တိုက်ခိုက်မှုမဖြစ်ခင် ထရပ်ကားရဲ့ ဗီဒီယိုနဲ့ တိုက်ခိုက်မှုဖြစ်ပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတို့ကို မြေပြင်အနေအထား၊ ဂြိုဟ်တုပုံရိပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးရမှာ ဒီအဖြစ်အပျက်ဟာ အစ္စရေးက သူတို့ တိုက်ခိုက်မှုမလုပ်ဘူးလို့ ကြေငြာထားတဲ့ လမ်းကြောင်းမှာ ဖြစ်ပွားခဲ့တာကို အလ်ဂျာဇီးရားသတင်းဌာနက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 

တိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန်ကို ဆန်းစစ်ရာမှာ အောက်တိုဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲကနေ ၅ နာရီ ၁၅ မိနစ်အတွင်းမှာ ဖြစ်ပွားတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အစ္စရေးက ရာဇသံပေးထားတဲ့ နောက်ဆုံးသတ်မှတ်ချိန် ည ၈ နာရီမတိုင်ခင် ဖြစ်ပွားခဲ့တာပါ။ 

ပါလက်စတိုင်း ကျန်းမာရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ဟားမက်စ်ရဲ့တိုက်ခိုက်မှုကို လက်တုန့်ပြန်ရာမှာ အစ္စရေးဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် စစ်ရာဇ၀တ်မှုများစွာ ကျူးလွန်နေတာ ဖြစ်ပါတယ်။

 (ဗီဒီယို – အလ်ဂျာဇီးရားသတင်းဌာန၏ ဖော်ထုတ်မှု) 

Ref: Aljazeera 

Tags:

Comments are closed.