6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အင်ဒိုနီးရှားရှိ စိမ်းပြာပြာ ပင်လယ်ရေပြင် ဖြူလဲ့လဲ့ သဲသောင် ရေအောက်သန္တာကျောက်တန်း ထူးဆန်းသော ဓလေ့ထုံတမ်း များစွာတို့ ကကမ္ဘာလှည့်ခရီးသည်များအာရုံကိုဖမ်းစားလျက်ရှိသကွဲ့သို့ ကပ်ဘေးသင့်ခဲ့သော ဒေသ များကလည်း ခရီးသွားများ၏ အာရုံကို ထပ်မံ ဆွဲ ဆောင် လာနေပါ သည်။ “မြင်လိုက်တာနဲ့တင် ကိုယ့် အီမာန ယုံကြည်ချက် အားကောင်းလာစေမဲ့ နေရာတွေဆီ ကျွန်တော် ခရီးသွားလေ့ရှိ ပါတယ် ဘာကြောင့်လဲဆိုတော့ ဘေးသင့်ခဲ့ရတဲ့ ဒီလိုနေရာတွေကနေ ကျွန်တော့်ကို ဖယ်ရှားပေးခဲ့တဲ့ အလ္လဟ် အရှင်မြတ်ရဲ့ ကျေးဇူး တော် ကို ပြန်အမှတ်ရစေလို့ပါ ”…ဟု အသက်၆၅နှစ်အရွယ်အဘိုးအို Sulis က ပြောပြသည်။ သူသည်ဇနီးသည်နှင့် တူ မွတ်စလင် အများ ဆုံးနေထိုင်ရာ အင်ဒိုနီးရှားရှိ သဘာဝဘေး အန္တရယ်သင့်ခဲ့သော ဒေသများသို့ ခရီးထွက်လာခဲ့ သူဖြစ် သည်။ လွန်ခဲ့သော အောက်တို ဘာ လ တွင် မီရပီမီးတောင်ပေါက်ကွဲခဲ့သဖြင့် လူပေါင်း ၃၅၀ကျော်သေဆုံးပြီး ၄၀၀၀၀၀နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဒေသသို့ လည်း Sulis ရောက် ရှိခဲ့သည်။


ထို့အတူ ၂၀၀၆ခုနှစ်က အင်အားပြင်ထန် သောမြေငလျင် ကြောင့်လူပေါင်း ၅၇၀၀ သေဆုံးခဲ့ရသည့် အလယ်ဂျာဗား ဒေသ သို့လည်း သံဝေဂယူရရန်သူ ရောက်ရှိခဲ့သေးသည်။ ပစိဖိတ်ကျောက်လွှာ ချပ်တွင်တည်ရှိနေသော အင်ဒိုနီးရှား သည်မကြာ ခနဆိုသ လို မြေငလျင် ၊ဆူနာမီ ၊မီးတောင်ပေါက်ကွဲမှု စသော သဘာဝဘေးဒဏ်များကို မကြာခနဆိုသလို ခံစားနေရသည်။ ကပ်ဘေးဒေသခရီးသွားလုပ်ငန်းသည်လူအများအား ဆွဲဆောင်လာနိုင်ခြင်း ကြောင်း အင်ဒိုနီးရှား ပြည်တွင်း ခရီးသွားအေဂျင်ဆီများသည် ယင်း ဘေးသင့်ဒေသများသို့ လည်ပတ်နိုငရန် အစီစဉ်များ ထည့်သွင်းလာခဲ့ကြ သည်။ပြည်တွင်း ခရီး သွားအေဂျင်စီမှ Edwin Ismedi Hinma က “မီတောင်းဒေသဘက်ခရီးစဉ်မှာတော့ မီးတောင်ပေါက်ကွဲဒဏ်ခံစားခံရသော ကျေးရွာ တွေ ကို အနီးကပ် လေ့လာနိုင်ဖို့ ကို စီ စဉ် ထားပေးပါတယ် ”ဟု သူတို့ ခရီးစဉ်ကို ရှင်းပြပါသည်။ ခရီးသွားလုပ်ငန်းကနေ အင်ဒိုနီးရှား ၏ စုစုပေါင်းထုတ်ကုန်တန်ဖိုး(GDP) ၃% ခန့်ရှိသော ၀င်ငွေကိုရှာဖွေပေးလျက်ရှိနေသည်။ သဘာဝဘေးအန္တရယ်များကြောင့်တိုင်းပြည်၏အရှိန်အဟုန်ကောင်းလှသော စီးပွား ရေး ကို တုန့်နှေးစေခဲ့သော်လည်း အင်ဒိုနီးရှား လူမျိုး များ က တော့ ၀င်ငွေရလမ်းရကွက်တစ်ခုအဖြစ်ရှုမြင်နေကြသည်။့  “ ပွင့်ပွင့်လင်းလင်း ပြော ရ ရင် ဒီလိုဖြစ်ပျက်ခဲ့တာက  ကောင်းပါ တယ်.. ဒီဖြစ်ရပ်ကို လေ့လာဖို့  လူတွေများများလာလည် စေချင်ပါတယ်ကွဲ့ ”ဟု ခရီးသွားများ အ တွက် အစားစာ များရောင်းချနေသူ အသက်၆၀ရှိအမယ်အို က သူအမြင်ကိုဆိုပါသည်။ အဆိုပါ ကပ်ဘေးသင့် ဒေသခရီးသွား လုပ်ငန်း သည် လူများစွာ၏ ဒုက္ခဆင်းရဲမှု အနိဌာရုံများပြသပြီးငွေရှာနေသဖြင့် အကြံကုန် ဂဠုန်ဆားချက် သည့် လုပ်ရပ်ဟု လည်းတစ်ချို့ရှုမြင် နေကြသည်။
“ ဒီကပ်ဆိုးကြီးကြောင့် လူတွေ အိုးအိမ်မဲ့တွေ ဖြစ်နေကြပါတယ် ဒီလူတွေက ရှေ့ဆက်ပြီး ဘယ်လိုစခန်းသွားကြမလဲဆိုတာ မရေမရာပါပဲ ” ဟု မီရပီမီးတောင် နှင့် ၅မိုင် အကွာ တွင်ရှိသော Harjobinangun ရွာ၏ သူကြီး Bejo Wiryanto က ဝေဖန်ပါသည်။ သို့သော် အင်ဒိုနီးရှား ခရီးသွားဝန်ကြီးဌာန ကတော့ ဘေးဒုက္ခရောက်ခဲ့ရတဲ့သူတွေကို ပြသ ဖို့ မဟုတ်ပဲ သာမန် အပျော်ခရီးစဉ်အဖြစ်သာ စီစဉ်တာပါ ခရီးသွားတွေကို မဆွဲဆောင်ခင် အဲဒီဒေသတွေမှာပြန်လည်ထူထောင်ရေးအစီစဉ်ကို အကောင်အထည်ဖေါ်နေပါပြီး ဟု ၄င်း တို့၏မူဝါဒကို ကာကွယ်ပြောဆိုခဲ့သည်။ ၂၀၀၄ခုနှစ် တွင် ဆူနာမီဒဏ်အကြီးအကျယ်ခံစားခဲ့ရသော အာချေးဒေသတွင် ခရီးသွားလုပ် ငန်းမြင့် တင်ရန် အင်ဒိုနီးရှာအစိုးရက အား ပေးတိုက်တွန်းထားသည်။ onislam

Tags:

Leave a Reply