သြဂုတ် ၁၉၊ ၂၀၂၄
M-Media
-ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အကူအညီပေးရေးလုပ်သားတွေ ပုံမှန်လိုလို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခံနေရမှုအတွက် စိုးရိမ်မိတယ်လို့ ကုလ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ ဂျွိုက် မဆူဘာက ကြေငြာချက် ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း အကူအညီပေးရေး လုပ်သားပေါင်း ၂၈၀ ကျော် အသတ်ခံထားရပါတယ်။ အများစုက ကုလရဲ့ အကူအညီပေးရေး အေဂျင်စီဖြစ်တဲ့ UNRWA ကပါ။
ဒီလိုသတ်ဖြတ်မှုတွေအတွက် တာ၀န်ခံမှု၊ တာ၀န်ယူမှု မရှိတာကိုလည်း ဂျွိုက်က ထောက်ပြခဲ့ပြီး ဒါဟာ လက်သင့်မခံနိုင်စရာဖြစ်သလို အကူအညီပေးရေးလုပ်ငန်းကို ကြီးကြီးမားမား ထိခိုက်စေတယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အစ္စရေးရဲ့ ၁၀ လကျော်ကြာ ဂါဇာလူသတ်ပွဲအတွင်း အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၄ သောင်းကျော် ရှိလာပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။
Ref: Aljazeera
Comments