ဇန်န၀ါရီ ၅ ၊၂၀၁၃
M-Media
ကနေဒါတွင် မွတ်စလင် အမျိုးသမီး လူမှုထူးချွန်မှု့ကြောင့် အဲလိဇဘက် ဘုရင်မ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရ
နှစ်ပေါင်းများစွာ လူမှုရေးလုပ်ငန်းများကို အားတတ်သရောဆောင်ရွက်ခြင်းကြောင့် အွန်တရီအိုမြို့တောင်ပိုင်း Mississauga မြို့နေ ကနေဒါ မွတ်စလင်အမျိုးသမီးတစ်ဦးသည် တိုင်းပြည်အတွက် တာဝန်ကျေပွန်မှုအပေါ် The Queen Elizabeth II Diamond Jubilee Medal ဆု ချီးမြှင် ခြင်းခံရသည်။
“ကနေဒါမှာ လေးဆယ့်ငါးနှစ် ကြာနေထိုင်စဉ် အတွင်း ယခုလို လုပ်အားပေးခဲ့တာပါ။ ကျွန်မ ကနေဒါကို စရောက်တုန်းက ဒီလို အလုပ်တွေ လုပ်နိုင်လိမ့်မယ်လို့ တကယ်ကို မသိခဲ့ပါဘူး ၊ ကနေဒါ က တကယ်ကောင်းတဲ့ နိုင်ငံတစ်ခုပါ။ ” ဟု အိန္ဒိယနိုင်ငံ ဇာတိဖြစ်သူ Malik Syed က Mississauga သတင်းဌါနသို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားခဲ့ပါသည်။
အိန္ဒိယတွင် ဆရာမ တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူ သူမသည် ကနေဒါနိုင်ငံ အွန်တရီအိုတွင်လည်း ဆရာမ တစ်ယောက်အနေနဲ့ အလုပ်လုပ်ခဲ့ပါသည်။ထို့နောက် သူမသည် Muslim Seniors Circle အဖွဲ့တွင် လုပ်အားပေးခဲ့ပြီး ဆေးရုံများသို့ ပုံမှန်သွားရောက် လုပ်အားပေးခဲ့ပါသည်။
ကလေးများကို ကူညီပေးခြင်းသည် သူမအတွက် အလွန်တရာ ပျော်ရွှင်မှုပင်ဖြစ်သည်။ “ကျွန်မ မွတ်စလင်လူထုအတွက်ချည်းပဲ လုပ်အားပေးတာ မဟုတ်ပါဘူး ၊ ကနေဒါ လူထုအတွက်လည်း လုပ်အားပေးနေတာပါ ” ဟု သူမက ထပ်လောင်းပြောကြားခဲ့ပါသည်။
ယခုလို ကြိုးပမ်းမှုကြောင့် Pushtun decent ယဉ်ကျေးမှု အဖွဲ့၏ ပထမဆုံး လွှတ်တော်အမတ်ဖြစ်သူ Salma Ataullahjan က Malik Syed အား ကနေဒါနိုင်ငံ Sheridan Way ဒေသတောင်ပိုင်းရှိ Islamic center တွင် ၄င်းဂုဏ်ပြုဆုအား ပေးအပ်ခဲ့သည်။ “Malik ဟာ ကနေဒါမှာ လေးဆယ့်ငါးနှစ်ကြာ လုပ်အားပေးခဲ့တာပါ ။ ဒီ Islamic Center မှာ သူမအခုလို ဆုကို ရရှိတာဟာ တကယ်ကို ထိုက်ထိုက်တန်တန်ပါပဲ” ဟု Salma က ဆုချီးမြှင့်မှု အပြီးတွင် ၀မ်းမြောက်စွာပြောကြားခဲ့ပါသည်။
ဂုဏ်ပြုဆု ရယူမှု အပြီးတွင် “သူမထက်တောင် ကျွန်တော်က ပိုပျော်နေပါတယ် ” ဟု Malik Syed ၏ အမျိုးသားဖြစ်သူ Amjad Syed က ပြောကြားခဲ့ပါသည်။
ဒီဆု ဟာဆိုရင် ကနေဒါနိုင်ငံသားတို့အတွက် တကယ်ကို ဂုဏ်ယူစရာကောင်းသော အထင်ကရအောင်မြင်မှုဖြစ်ပါသည်။လူဦးရေ (၃၂.၈) သန်းတွင် မွတ်စလင်ဦးရေ (၁.၉)သန်းရှိသော ကနေဒါနိုင်ငံသည် မြောက်အမေရိက တိုက်တွင် အစ္စလာမ်ဘာသာဝင် အများဆုံးဖြစ်သည်။ မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ မွတ်စလင် အများစုသည် ကနေဒါနိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူလျက်ရှိကြသည်။ ။
ကိုးကား -.Onislam
Comments