ဆောဖ်ဝဲနည်းပညာထွန်းကားရာအိန္ဒိယ နိုင်ငံမှ ကျမ်းမြတ်ကုရ်အာန်လေ့လာရေး တွင်ပိုမိုထိရောက်မှုစေရန် Al misbah အမည်ရ ကုရ်အာန် ဆော့ဝဲတစ်ခု အားတီ ထွင်လိုက် ပါသည်။ အဆိုပါဆော့ဖ်ဝဲဖြင့် အသက်အရွယ်မရွေး ဘာသာမရွေးကုရ်အာန် သင်ယူလေ့လာရေး ၌ အလွယ်တ ကူ သင်ကြးနိုင်ရန် မွတ်စလင်ဆောဖ်ဝဲ ပညာရှင် ၃၀ဦးပါဝင်သော အဖွဲ့ကနေ ဖန်းတီးခဲ့ခြင်းဖြစ်သည်။ ကမ္ဘာကျော်ကာရီများက ဖတ်ရွက်သော အာယသ်တစ်ခုချင်းစီအား ယင်းဆော့ဝဲ ဖြင့် သဂ်ျ ၀ိဒ် ဌာန်ကရိုဏ်းကျကျ သင်ယူနိုင်ပါသည်။ ဟင်ဒီ အုရ်ဒူ ၊အင်္ဂလိပ် ဘာသာပြန်တို့ကိုလည်း တစ်အာယသ်ချင်းဆီ နားဆင်နိုင်ရန်ဖန်တီး ထားကြောင်း သိရသည်။ ထို့ပြင် အာယသ်တော်များကို လည်း
အော်ဒီယိုအသံဖြင့်တွဲ ဖတ်ပေး ထားသဖြင့် ကနဦးလေ့လာသင်ယူလို့သူများအတွက်အဆင်ပြေစေပါ သည်။ ယင်းဆောဖ့်ဝဲ တွင် အခြေခံအဆင့် အလယ်တန်းအဆင့် ဟူ၍ ခွဲခြားပါရှိသည်။ abna
Comments