6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

M-Media

အနောက်ဖက်ကမ်းတွင် သတ်ဖြတ်မှု တိုးမြှင့်ပြုလုပ်လာ
————————
ဂါဇာမှာ အပစ်ရပ်ထားတဲ့အချိန် အစ္စရေးဟာ အနောက်ဖက်ကမ်းမှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးမြှင့်ပြုလုပ်လာပါတယ်။ ဂျီနင်ဒုက္ခသည်စခန်းတစ်ခုတည်းမှာတင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အနည်းဆုံး ပါလက်စတိုင်း ၁၄ ဦးကို အစ္စရေးက သတ်ဖြတ်ခဲ့ပြီး အနည်းဆုံး ၅၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ နေအိမ်တွေကိုလည်း ဖြိုချဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်းမိသားစု ၂ ထောင်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

ဂါဇာပြည်သူတွေ နေရပ်မပြန်နိုင်ရန် ခြိမ်းခြောက်
—————–
ဂါဇာမြာက်ပိုင်းက နေအိမ်တွေကိုပြန်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးက ခြိမ်းခြောက်တားမြစ်မှုတွေ လုပ်ဆောင်နေပါတယ်။ အပစ်ရပ်ကာလအတွင်း ဂါဇာပြည်သူတွေဟာ ဖျက်ဆီးခံထားရတဲ့ သူတို့ရဲ့နေအိမ်တွေကို ပြန်လာနေကြတာပါ။ အစ္စရေးကတော့ ဒီလိုပြန်လာမှုနဲ့ ငါးဖမ်းတာလို အသက်မွေး၀မ်းကြောင်းလုပ်ငန်းတွေ လုပ်ကိုင်မှုကိုပါ တားမြစ်ထားပါတယ်။

WHO က လောင်စာဆီများ ထောက်ပံ့
——————–
ဂါဇာကမ်းမြှောင်က ဆေးရုံနဲ့ ကျန်းမာရေးစင်တာ ၂၀ လောက် လည်ပတ်နိုင်ဖို့အတွက် လောင်စာဆီ လီတာ ၇ သောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က WHO လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အစ္စရေးဟာ ဂါဇာကမ်းမြှောင်က ဆေးရုံနဲ့ ကျန်းမာရေးအဆောက်အဦး အားလုံးနီးပါးကို တိုက်ခိုက်ဖျက်ဆီးထားတာပါ။ WHOက ထောက်ပံ့တဲ့ ဆေးရုံဆေးခန်း ၂၀ ကလည်း တစ်စိတ်တစ်ပိုင်းသာ လည်ပတ်နိုင်တော့ပါတယ်။

(ဓာတ်ပုံ – အနောက်ဖက်ကမ်းမှ တိုက်ခိုက်သတ်ဖြတ်မှုများ)

Tags:

Comments are closed.