6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၃၊ ၂၀၁၆
M-Media
14718587_962138607248740_1735810863115675664_n
– လူကုန်ကူးသူတွေကနေ တစ်ဆင့် မြောက်ဥက္ကလာပမြို့နယ်ကို ရောက်ရှိနေထိုင်နေတဲ့ ရခိုင်ပြည်နယ်က မွတ်စလင် ၁၇  ဦးကို ရဲတပ်ဖွဲ့က အထောက်အထားမဲ့ ခိုးဝင်သူများအဖြစ် သတ်မှတ်ကာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်းက ရွှေပေါက္ကံမြို့၊ အလောင်းဘုရားလမ်းက နေအိမ်တစ်အိမ်ရဲ့ ခြံစည်းရိုးကို မသင်္ကာ ဖွယ် အမျိုးသားတစ်ဦးက ကျော်နင်းဝင်ရောက်နေတယ်လို့ သတင်းရရှိပြီးတဲ့နောက် ၀င်ရောက် ရှာဖွေရာမှာ တွေ့ရှိခဲ့တာ
ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

“ကျွန်တော်တို့ ရခိုင်က ဘင်္ဂါလီ ၁၇ ဦးကို ဖမ်းဆီးလိုက်ပါတယ်” တို့ ရန်ကုန်က ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

အဲဒီ ၁၇ ဦးဟာ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်မြို့နယ်တွေကဖြစ်ပြီး လူကုန်ကူးသူတွေဖြစ်တဲ့ ၀င်းကျော်၊ အေးသိန်းတို့က မကွေးသို့လည်းကောင်း၊ မောင်ကျော်က ရန်ကုန်မြို့သို့လည်းကောင်း အသီးသီး ပို့ပေးခဲ့တာဖြစ်ပါတယ်။

မလေးရှားကို အောက်လမ်းကနေ သွားရောက်ဖို့အတွက် မြောက်ဥက္ကလာပက အဲဒီနေအိမ်ကို ရောက်ရှိနေတာ တစ်ပတ် ကျော်ရှိနေပြီး လူကုန်ကူးသူတွေကို ရန်ကုန်အရောက် ငွေကျပ် ၁၁ သိန်းပေးရကြောင်း၊ မလေးရှားသွားရောက်ဖို့ ငွေကျပ်
၁၂ သိန်းခွဲ ထပ်ပေးရမှာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူတို့ကိုသူတို့ ရိုဟင်ဂျာလို့ခေါ်ဆိုပြီး အစိုးရက ဘင်္ဂဂါလီလို့ သတ်မှတ်ထားတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေဟာ ကမ္ဘာ့ ဖိနှိပ်ချုပ်ချယ်မှုအခံရဆုံး လူ့အဖွဲ့အစည်းဖြစ်တယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထားပါ။ သူတို့တွေက အဲဒီဖိနှိပ်ချုပ်မှုဒဏ်က လွတ်မြောက်ဖို့  လူကုန်ကူးသူတွေကတစ်ဆင့် နိုင်ငံရပ်ခြား အထူးသဖြင့် မလေးရှားကို ထိုင်းနိုင်ငံကနေ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက တရားမ၀င် သွားရောက်နေကြတာဖြစ်ပြီး ၂၀၁၂ ခုနှစ်က မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီးကတည်းက ဒီလိုရွှေ့ပြောင်းထွက်ခွာမှုဟာ မြင့်တက်လာခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ အခု ဖမ်းဆီးရမိသူတွေကို ရွှေပေါက္ကံနယ်မြေရဲစခန်း(ပ) ၅၁၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၇၀နဲ့ လည်းကောင်း၊ ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ၆(၂)/၆(၃)ဖြင့်လ ည်းကောင်း အမှုဖွင့်ကာ လူကုန်ကူးသူတွေဖြစ်တဲ့ ၀င်းကျော်၊ အေးသိန်းနဲ့ မောင်ကျော်တို့ (၃)ဦးကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

၂၀၁၄ သန်းခေါင်းစာရင်းအရ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ကမန်တိုင်းရင်းသားတွေ အပါအ၀င် အစ္စလာမ်ဘာသာဝင်ပေါင်း ၁ သန်းကျော်ရှိနေပြီး ခရီးသွားလာခွင့်၊ ဆေးကုသခွင့်၊ ပညာသင်ကြားခွင့်၊ ရွှေ့ပြောင်းနေထိုင်ခွင့်တွေကို
နှစ်ပေါင်းများစွာ ကြာအောင် ကန့်သတ်ခံထားရတာဖြစ်ပါတယ်။ တစ်နေရာကနေ တစ်နေရာသွားဖို့ လ၀ကရဲ့ ခွင့် ပြုချက်ကို ရယူရပြီး ဒါကိုလည်း အလွယ်တစ်ကူ ထုတ်ပေးမှု မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်တွေရဲ့ ယခင်ရရှိခဲ့တဲ့ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတွေ၊ အိမ်ထောင်စုစာရင်း တွေကို လ၀က က ပြန်သိမ်းကာ အထောက်အထားမဲ့ဖြစ်အောင် လုပ်ပစ်တာမျိုးတွေလည်း ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။

အဲဒီလူတွေကို အခုအချိန်အထိ အစိုးရက နိုင်ငံသားစီစစ်ရေးကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မှု မရှိသေးဘဲ၊ ဘင်္ဂလားဒေ့ရှ်က တရားမ၀င်ရောက်လာသူတွေလို့ ပြောဆိုထားပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လည်း ဒီကိစ္စကို တရားဝင် ဆက်သွယ်ဆောင်ရွက်တာမျိုး မရှိသေးပါဘူး။ ရခိုင်ပြည်နယ်ကိုကျော်ကာ ခရီးသွားသူတွေကိုတော့ ခိုးဝင် ခေါင်းစဉ်တပ်ပြီး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ref:
Anadolu Agency
Yangon Police FB

Comments are closed.