6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၅၊ ၂၀၁၆
M-Media

myanmar

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းမှာ မိသားစုတစ်ခု

– ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှ ဒုက္ခသည်စခန်းများရှိ မြန်မာဒုက္ခသည်များ ပထမဆုံး နေရပ်ပြန်မှုမှာ ယနေ့တွင် စတင်ခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR က ထိုအဖြစ်အပျက်မှာ သမိုင်းမှတ်တိုင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုင်းနှင့် မြန်မာနိုင်ငံတို့၏ သဘောတူညီချက်အရ ပထမအသုတ်မှာ ဒုက္ခသည်စုစုပေါင်း ၆၈ ယောက်ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် နေရပ်ပြန်ခြင်းဖြစ်ကာ UNHCR ကမူ ယခု နေရပ်ပြန်မှုကြောင့် အစုလိုက်အပြုံလိုက် နေရပ်ပြန်ခြင်းမျိုး ဖြစ်လာမည်မဟုတ်ဟုလည်း ဆိုသည်။

နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်နေရသည့် မြန်မာနိုင်ငံမှ ဒုက္ခသည်အနေအတွက်မှာ သိန်းချီရှိနေပြီး ယခင်က မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုများက ၎င်းတို့၏ နေရပ်ပြန်ရေး အိပ်မက်ကို အဟန့်အတား ဖြစ်စေခဲ့သည်။

ယနေ့ နေရပ်ပြန်သူများမှာ ထိုင်းနိုင်ငံအနောက်ပိုင်း ရက်ချာဘူရီပြည်နယ်ရှိ ဒုက္ခသည်စခန်းမှ မိသားစုတစ်စုဖြစ်ပြီး တက်ပြည်နယ်ရှိ နူပိုဒုက္ခသည်စခန်းမှ ဒါဇင်နှင့်ချီသော ဒုက္ခသည်များမှာ မနက်ဖြန်တွင် နေရပ်ပြန်ကြမည်ဟု UNHCR ၏ အကြီးတန်း ညှိနှိုင်းရေးမှူးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ၏ ၈၀ ရာခိုင်နှုန်းမှာ ကရင်တိုင်းရင်းသားများဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများ၊ မြန်မာစစ်တပ်၏ ညှင်းပမ်းနှိပ်စက်မှုများကြောင့် နေရပ်စွန့်ခွာခဲ့ရသူများ ဖြစ်သည်။ အချို့မှာ ဒုက္ခသည်စခန်းတွင် နေထိုင်နေရသည့် သက်တမ်းမှာ နှစ်ပေါင်း ၃၀ ခန့် ရှိနေပြီဖြစ်သည်။

Ref: Reuters

Comments are closed.