6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၈၊ ၂၀၁၆
M-Media

church-4

– မြို့တော်နိုင်ရိုဘီရှိ ကီဘီရာခရိုင်မှ ကမ်းရိုးတမ်းမြို့ဖြစ်သော မွမ်ဘာဆာအထိ ကင်ညာနိုင်ငံတစ်ဝှမ်းတွင် လူစည်ကားသော လမ်းများတစ်လျှောက် ထူးခြားသည့် အရိပ်အရောင်များ တွေ့နေရသည်။

ဗလီဝတ်ကျောင်းတော်များက အစိမ်းရောင်ဆေးသုတ်ထားသော ၎င်းတို့၏ မျက်နှာစာများကို ပြောင်းနေကြပြီး ခရစ်ယာန်ဘုရားကျောင်းများကလည်း ၎င်းတို့၏ တည်ကြည်ခန့်ညားသောအရောင်များကို ချွတ်နေသည်။ တောက်ပပြီး၊ အစွန်းအထင်းမခံသည့် အ၀ါရောင်များဖြင့် ပြောင်းလဲချယ်သနေကြခြင်း ဖြစ်သည်။ တစ်ချို့ကတော့ အ၀ါရောင်မှာ ဟိတ်ဟန်များလွန်းသည့်အရောင်ဖြစ်သည်ဟု ဆိုကြသည်။

‘ယုံကြည်မှုရောင်စဉ်’ (Color in Faith) ဟု အမည်ပေးထားသည့် အဆိုပါ လှုပ်ရှားမှုက ကင်ညာနိုင်ငံအတွင်းရှိ ဘာသာရေးလူ့အဖွဲ့အစည်းများကို ညီညွတ်စေရန်ဖြစ်ပြီး ကိုလံဘီယံ-အမေရိကန် အနုပညာရှင် ယက်ဇ်မာနီ အာဘိုလီဒါနှင့် ၎င်း၏ မိတ်ဖက် ကင်ညာနိုင်ငံသား အနုပညာရှင် နာဘီဘာ အလီဘိုင်တို့က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ဘာသာရေးခေါင်းဆောင်များကတော့ ထိုကဲ့သို့ အ၀ါရောင်များပြောင်းသုတ်ခြင်းမှာ အမှတ်သညာတစ်ခုအဖြစ် ပုံဖော်လိုခြင်းဖြစ်သည်ဟုဆိုသည်။

“ကျွန်မအတွက်တော့ အ၀ါရောင်ဟာ နေရဲ့အရောင်ဖြစ်တယ်လို့မှတ်ယူတယ်။ နေက လူတိုင်းအပေါ်မှာ ယှက်ဖြာလွှမ်းခြုံပါတယ်” ဟု ခရစ်ယာန် သီလရှင် ရို့စ် မွန်ဂါဖူက ဆိုသည်။ မွမ်ဘာဆာရှိ သူမ၏ဘုရားကျောင်းကို ဒေသတွင်းမွတ်စလင်လူ့အဖွဲ့အစည်းနှင့် ပူးပေါင်းကာ မကြာသေးမီက အ၀ါရောင်သုတ်ခဲ့သည်။

“ကျွန်မတို့ ဘာသာရေးခေါင်းဆောင်တွေဟာ ညီညီညွတ်ညွတ်ရှိကြတယ်ဆိုတာကို ကျွန်မတို့ ပြည်သူတွေကို ပြသဖို့အတွက် ဒီလို အရောင်တွေ ခြယ်သကြတာဖြစ်ပါတယ်။ ဒါမှသာ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေဟာ ညီရင်းအစ်ကိုအဖြစ် သိကြမှာပါ။ ဒီနေရာကို ဖြတ်သွားတဲ့သူတိုင်းက ကျွန်မတို့ဟာ ငြိမ်းချမ်းစွာနေထိုင်ကြတယ်ဆိုတာ သိမှာဖြစ်ပါတယ်” ဟု မွန်ဂါဖူက ထည့်သွင်းပြောကြားခဲ့သည်။

ကင်ညာမှာ သမိုင်းကြောင်းအရ ဘာသာပေါင်းစုံနေထိုင်သည့်တိုင်းပြည်ဖြစ်သော်လည်း အစွန်းရောက် အလ်ရှာဘတ်အဖွဲ့ ပေါ်ပေါက်လာခြင်းက နိုင်ငံအတွင်းရှိ ခရစ်ယာန်နှင့် မွတ်စလင်တို့အကြား သပ်လျှိုပေးသကဲ့သို့ ဖြစ်ခဲ့သည်။

အဆိုပါ အကြမ်းဖက်အုပ်စုက ခရစ်ယာန်များကိုရွေး၍ တိုက်ခိုက်မှုများ ဆောင်ရွက်သည်။ ပြီးခဲ့သည့်နှစ်က Garissa တက္ကသိုလ်တိုက်ခိုက်မှုကဲ့သို့ဖြစ်ပြီး လူ ၁၄၈ ဦး သေဆုံးခဲ့သည့် အဆိုပါတိုက်ခိုက်မှုတွင် သေဆုံးသူအများစုမှာ မနက်ပိုင်း ဘုရားဝတ်တက်နေသူများ ဖြစ်လေသည်။

အကြမ်းဖက်ခြိမ်းခြောက်မှုကို တုန့်ပြန်သည့်အနေဖြင့် ကင်ညာလုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့သည်။ ကင်ညာအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အခြားသောအဖွဲ့များက လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ဆိုမာလီပြည်သူများအပေါ် တရားလက်လွတ်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ မောင်းထုတ်ခြင်းတို့ ပြုလုပ်သည်ဟု ပြောကြားခဲ့သည်။ ကင်ညာအစိုးရကတော့ အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

“ဘုရားကျောင်းတစ်ခု ဒါမှမဟုတ် ခရစ်ယာန်တစ်ယောက်ကို တွေ့ပြီဆိုရင် သူတို့က ‘ဒါက အစိုးရလူဖြစ်တယ်။ သူတို့ဟာ ငါတို့ကို မတရားလုပ်ခဲ့တဲ့အဖွဲ့ဖြစ်တယ်လို့’ ပြောကြပါတယ်” ဟု ကီဘီရာရှိ ဂျစ်ဒါ ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ် ရှိခ် ယူစွဖ် နာဆူရ် အဘူဟမ်ဇာက ပြောကြားခဲ့သည်။

church-3

မူဆာ ဗလီဝတ်ကျောင်းတော်

ရဲတပ်ဖွဲ့က မူဆာဗလီဝတ်ကျောင်းတော်မှာ အစွန်းရောက်များဖြစ်အောင် သိမ်းသွင်းသည့်အနေရာ၊ အလ်ရှာဘတ်များကို စုဆောင်းသည့်နေရာဖြစ်သည်ဟု နှစ်ပေါင်းများစွာ စွပ်စွဲခဲ့သည်။ လွန်ခဲ့သည့် ၂ နှစ်အရင်က ရဲတပ်ဖွဲ့မှာ ဗလီဝတ်ကျောင်းတော်ကို ၀င်ရောက်စီးနှင်းခဲ့ပြီး ၀တ်ပြုသူ ၃ ဦးကို သတ်ဖြတ်ခဲ့ကာ ၁၃၀ ကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် လက်နက်များ အလ်ရှာဘတ်နှင့် သက်ဆိုင်သည့် ပစ္စည်းများ တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“လူတွေက တော်တော်ကြောက်သွားပြီး ဗလီဝတ်ကို ၀တ်ပြုဖို့ မသွားကြတော့ပါဘူး” ဟု မွမ်ဘာဆာတွင်နေထိုင်သူ ခါလီမာ မိုဟာမက်က ပြောကြားခဲ့သည်။ သူမက ၂၀၁၄ ခုနှစ် ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုအကြား ထိပ်တိုက်တွေ့မှု၌ ရဲတပ်ဖွဲ့၏ မှားယွင်းပစ်ခတ်မှုကြောင့် တူဖြစ်သူ သေဆုံးခဲ့သည်ဟု ဆိုသည်။

ထိုအချန်မှစ၍ မွမ်ဘာဆာတွင် မတည်ငြိမ်မှုမှာ ချုပ်ငြိမ်းသွားသည်။ မူဆာ ဗလီဝတ်ကျောင်းတော်ကတော့ မကြာသေးမီကပင် အ၀ါရောင်တောက်လာခဲ့သည်။

“ကျွန်မတို့ ပဝေသဏီကတည်းက အတူတကွနေလာခဲ့ပြီးမှ ဘာ့ကြောင့် တိုက်ခိုက်တာတွေ ဖြစ်နေလဲဆိုပြီးတော့ ကျွန်မ ကိုယ့်ကိုယ်ကို ပြန်မေးမိပါတယ်။ ကျွန်မဟာ လူ့အဖွဲ့အစည်းရဲ့ တစ်စိတ်ပိုင်းဖြစ်တယ်ဆိုတာကို ပြသဖို့၊ ကျွန်မတို့ လုံးဝ သွေးကွဲမှုမရှိတော့ဘူးဆိုတာကို ပြသဖို့ ဗလီဝတ်ကျောင်းတော်ကို အ၀ါရောင် ချယ်သချင်ခဲ့ပါတယ်” ဟု ခါလီမာက ထည့်သွင်းပြောကြားခဲ့သည်။

ကင်ညာနိုင်ငံတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်နှင့် ခရစ်ယာန်ဘုရားကျောင်း ၉ ခုမှာ အ၀ါရောင်ချယ်သခဲ့ပြီးဖြစ်လေသည်။ အာဘိုလီဒါကတော့ နောက်ထပ် ၀တ်ပြုရာနေရာ ၄၀ မှာ ၎င်းတို့၏ ထိုလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ချင်ကြောင်း ပြောကြားသည်ဟု ဆိုသည်။

အနုပညာရှင် အာဘိုဒါက အဆိုပါ အ၀ါရောင်သုတ်ထားသည့် အဆောက်အဦးများကို “မြေပြန့်လွင်ပြင်မှ ကျောက်ဆစ်လက်ရာ” ဟု အမည်ပေးထားပြီး အဆိုပါ အဆောက်အဦးများက ပြုပြင်ပြောင်းလဲမှု ကြားခံများဖြစ်မည်ဟု မျှော်လင့်နေသည်။

“ကျွန်တော်တို့ရဲ့ တူညီမှုတွေအပေါ်မှာ အာရုံစိုက်ခြင်းအားဖြင့် လူတွေဟာ သူတို့အတွက် ပိုကောင်းတဲ့အနာဂတ်ကို ဘယ်လို စိတ်ကူးဖော်ဆောင်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဥပမာတွေ ချပြနေတာ ဖြစ်ပါတယ်” ဟု အာဘိုလီဒါက ပြောကြားခဲ့သည်။

ထို့ပြင် ၎င်း၏ အဓိကရည်ရွက်ချက်က အယူမတူသော ပြည်သူများအနေဖြင့် ၎င်းတို့၏ ၀တ်ပြုရာနေရာများအတွက် အတူတကွ ညီညီညွတ်ညွတ်ဆောင်ဆောက်ရွက်စေရန်ဖြစ်သည်ဟုလည်း ဆိုလေသည်။

Ref: CNN

Comments are closed.