6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၃၊ ၂၀၁၆
M-Media

pales

အစ္စရေးနိုင်ငံတည်ထောင်ရေး နောက်ဆက်တွဲအဖြစ် ပါလက်စတိုင်းများ ၎င်းတို့မြေမှ အစုလိုက်အပြုံလိုက် မောင်းထုတ်ခံရမှုမှ မြင်ကွင်းတစ်ခု

– ပါလက်စတိုင်းတွေ နိုင်ငံပျောက်ကာ ဖိနှိပ်ချုပ်ချယ်မှုလက်တွင်း ဆင်းသက်ရဖို့ ဦးတည်စေခဲ့တဲ့ ပါလက်စတိုင်း နယ်မြေမှာ ဂျူးနိုင်ငံတည်ထောင်ရေး ထောက်ခံတဲ့ ဘဲလ်ဖိုး ကြေငြာစာတမ်းအတွက် (Balfour Declaration) ယူကေအနေနဲ့ ပါလက်စတိုင်းပြည်သူတွေကို တရားဝင်တောင်းပန်ဖို့ တိုက်တွန်းဆော်သြတဲ့ လှုပ်ရှားမှုကို ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူတွေက အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။

ဗြိတိန်အထက်လွှတ်တော်မှာ စတင်လိုက်တာဖြစ်ပြီး ပါလက်စတိုင်းအရေး လှုပ်ရှားသူ အဖွဲ့တွေနဲ့ သူတို့ကို ထောက်ခံသူတွေက ဒီနေ့ ပါလက်စတိုင်းတွေ ကြုံတွေ့နေရတဲ့ ဒုက္ခ၊ သုက္ခတွေဟာ ပါလက်စတိုင်းနယ်မြေမှာ ဂျူးနိုင်ငံတည်ထောင်ဖို့ ခွင့်ပြုခဲ့တဲ့ ဗြိတိန်ရဲ့ကတိနဲ့ ဒေသတွင်း ကျယ်ပြန့်တဲ့ ဗြိတိန်ကိုလိုနီဝါဒကြောင့် ဖြစ်တယ်လို့ ပြစ်တင် ပြောဆိုခဲ့ပါတယ်။

ဒီတောင်းဆိုလွှာကို ထောက်ခံတဲ့လက်မှတ်ပေါင်း ၁ သိန်းလောက် ရခဲ့မယ်ဆိုရင်တော့ ဗြိတိန်ပါလီမန်ဟာ ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးပေးရမှာ ဖြစ်ပါတယ်။

ဗြိတိန်အထက်လွှတ်တော်ရဲ့ လွှတ်လပ်သော အဖွဲ့ဝင်ဖြစ်တဲ့ ဘာရိုနက်စ် ဂျန်နီ တွန်ဂီကတော့ လွှတ်တော်က ပါလက်စတိုင်းအရေးထောက်ခံတဲ့ လွှတ်တော်အမတ်တွေအနေနဲ့ တောင်းဆိုလွှာကိစ္စ ဘယ်လိုပဲဖြစ်လာပါစေ ဒီလှုပ်ရှားမှုကို တွန်းအားပေးရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

“ဒီကိစ္စကို အခုအချိန်ကနေစပြီး နောက်နှစ်အထိ ဆက်လက်တွန်းအားပေးသွားမယ့်လူတွေ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ ရှိမှာပါ” လို့ တွန်ဂီက ဆိုပါတယ်။

ူယူကေက ပါလက်စတိုင်းသံအဖွဲ့ရဲ့ ထောက်ခံမှုရရှိထားတဲ့ ဒီ တက်ကြွလှုပ်ရှားသူတွေဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ဘဲလ်ဖိုးကြေငြာစာတမ်း နှစ် ၁၀၀ ပြည့်တော့မယ့်အချိန်မှာ ဗြိတိန်အနေနဲ့ ဒီကိစ္စအတွက် တရားဝင် ၀န်ချတောင်းပန်ရေး ဖိအားပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

၁၉၁၇ ခုနှစ်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အာသာ ဂျိမ်းစ် ဘဲလ်ဖိုးက ဂရိတ်ဗြိတိန်နဲ့ အိုင်ယာလန်ဆိုင်ရာ ဇီယွန်ဖက်ဒရေးရှင်းအကြီးအကဲ လော့ဒ် ရော့သ်ချိုင်းကို ပါလက်စတိုင်းမှာ ရှိနေတဲ့ လူ့အဖွဲ့အစည်းက မနှစ်မြို့တာမျိုး မရှိဘူးဆိုရင် ပါလက်စတိုင်းနယ်မြေအတွင်း ဂျူးနိုင်ငံတည်ထောင်ရေး ထောက်ခံမယ်လို့ ကတိပြုခဲ့တာဖြစ်ပါတယ်။

“ပါလက်စတိုင်းမှာ ဂျူးလူမျိုးတွေအတွက် အမျိုးသားနိုင်ငံ တည်ထောင်ရေးကို သင့်လျော်တယ်လို့ ဘုရင့်အစိုးရက ရှုမြင်ပြီး ဒီစီမံကိန်းအောင်မြင်ဖို့အတွက် အကောင်းဆုံး ကြိုးပမ်းအားထုတ်မှုတွေကို စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး ပါလက်စတိုင်းက ဂျူးမဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေရဲ့ တည်ရှိမှုအခွင့်အရေး၊ အခြားနိုင်ငံတွေက ဂျူးတွေ ခံစားနေရတဲ့ အခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ အဆင့်အတန်းတွေကို ယုတ်လျော့စေမယ့် ဘယ်လိုအရာမှ မလုပ်ရဘူးဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ထားပါတယ်” လို့ ဒီကြေငြာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဒီကြေငြာချက် ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ ပါလက်စတိုင်းကို အုပ်စိုးနေတဲ့ အော်တိုမန်အင်ပါယာဟာ ပထမကမ္ဘာစစ်မှာ မဟာမိတ်တပ်တွေကို အရှုံးပေးလိုက်ရပြီး ဗြိတိန်က ပါလက်စတိုင်းကို အုပ်စိုးဖို့ အခွင့်အရေး ရခဲ့ပါတယ်။

ပါလက်စတိုင်းအရေး လှုပ်ရှားနေတဲ့ Palestinian Return Centre (PRC) အဖွဲ့အကြီးအကဲ မဂျစ် အလ်-ဇီးရ်ကတော့ ဒီ ဘဲလ်ဖိုးကြေငြာချက်ဟာ ရာစုနှစ်တစ်ခု ကြာညောင်းနေပြီဖြစ်တဲ့ ပါလက်စတိုင်းတို့ရဲ့ ထိခိုက်ခံစားရမှု အစဖြစ်တယ်လို့ ဆိုပါတယ်။

“ဗြိတိန်ရဲ့ အခန်းကဏ္ဍက ပါလက်စတိုင်းတွေ မောင်းထုတ်ခံရမှုမှာ တိုက်ရိုက် သက်ရောက်ခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ ကြုံနေရတဲ့ ခံစားမှုဟာလည်း ဘဲလ်ဖိုးနောက်ဆက်တွဲ ရလဒ်ကြောင့်ပါပဲ။ ဒါ့ကြောင့် လွတ်လပ်ရေးရမယ့်အစား ပါလက်စတိုင်းတွေဟာ စစ်ပွဲတွေ၊ ဒုက္ခသည်စခန်းတွေ၊ ဒုက္ခသည်တွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ၊ အခြားသော နာကျင်စရာအဖြစ်အပျက် အမြောက်အများကိုသာ ရရှိခဲ့ပါတယ်” လို့ ဇီးရ်က ဖွင့်ဟခဲ့ပါတယ်။

ဗြိတိန်-ပါလက်စတိုင်း စာရေးဆရာတစ်ဦးဖြစ်တဲ့ ကာရာလ် ဆဘ်ဘက်ဂ်က ဇီယွန်လှုပ်ရှားမှုအတွက် ဘဲလ်ဖိုး ကတိက၀တ်ဟာ ဂျူးတွေနဲ့ အာရပ်တွေကို ပေးခဲ့တဲ့ ရှေ့နောက်မညီတဲ့ ကတိက၀တ်တွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ဗြိတိန်ဟာ ဂျူးလူမျိုးတွေအတွက် အမျိုးသားနိုင်ငံတော် တည်ထောင်နိုင်ရေး ကြိုးပမ်းပေးသွားမယ်လို့ ကနဦး ကတိဝတ်ကို နောက်ပိုင်းအစိုးရတွေက နိုင်ငံခြားရေးပေါ်လီအဖြစ် သတ်မှတ်ခဲ့တယ်လို့လည်း ဆာဘတ်ဒ်က ပြောကြားပါသေးတယ်။

“ပါလက်စတိုင်းကို အုပ်ချုပ်ခွင့်ရသွားတဲ့အခါ (ဂျူးအမျိုးသားနိုင်ငံ) တည်ထောင်ရေး သေချာစေမယ်လို့ ဗြိတိန်က ပြောကြားခဲ့ပါတယ်။ ဒါက ဒီကိစ္စအတွက် စိတ်ဝင်စားမှု၊ ထောက်ခံမှု သိပ်မပြတဲ့ စာလေးတစ်စောင်ကနေ မဖြစ်မနေလုပ်ပေးမယ့် ကတိက၀တ်အဖြစ်သတ်မှတ်တဲ့ ကြေငြာချက်တစ်ခုအသွင် ရုတ်တရုတ်ပြောင်းသွားတာ ဖြစ်ပါတယ်။ ဗြိတိန်ရဲ့ ပါလက်စတိုင်းကို ထိန်းချုပ်ခွင့် ရှိနေမှုနဲ့ ကြေငြာချက်က သဘောထားတွေကို ပါလက်စတိုင်းကနေ ဂျူးတိုင်းပြည်ဖြစ်သွားအောင် နိုင်ငံရေး သဘောတရားရေးရာအဖြစ် နောက်ပိုင်း ဗြိတိန်အစိုးရတွက အသုံးပြုခဲ့တာ ဖြစ်ပါတယ်”

နောက်ပြီး ဆဘ်ဘက်ဂ်က ပါလက်စတိုင်းတွေ နိုင်ငံလက်မဲ့ဖြစ်သွားမှုမှာ သူ့ရဲ့ တာဝန်ရှိမှုကို ဗြိတိန်က လက်ခံလိုက်ခြင်းအားဖြင့် အစ္စရေး-ပါလက်စတိုင်းပြဿနာမှာ ရေရှည်တည်တံ့တဲ့အဖြေထွက်ရေးအတွက် ဆောင်ရွက်ဖို့ တိုင်းပြည်ကို ဖိအားပေးရာ ရောက်နိုင်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“တရားမဲ့တဲ့လုပ်ရပ်အတွက် တာဝန်ယူလိုက်ရင် နောက်ပိုင်းအစိုးရတွေအနေနဲ့ ဒီပြဿနာကို ထပ်ပြီး ရှောင်လွှဲလို့မရဘူးဆိုတဲ့ သဘော သက်ရောက်သွားမှာပါ။ နောက်ပြီး ဒီနေ့ဖြစ်နေတဲ့ အခြနေတွေကို မျှဝေခံစားရေး တာဝန်ရှိနေတယ်ဆိုတာကိုလည်း အဆင့်တစ်ခုမှာ ဗြိတိန်က လက်ခံသွားစေမှာဖြစ်ကာ၊ အသက်မ၀င်တော့တဲ့ နှစ်နိုင်ငံတည်ရေးအဖြေအတွက် သံယောင်လိုက်နေတာထက် ပိုပြီး လုပ်ဆောင်ရမယ့် သဘောလည်း သက်ရောက်သွားမှာ ဖြစ်ပါတယ်”

ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာရုံးက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မိမိတို့အစိုးရအနေနဲ့ ဘဲလ်ဖိုးကြေငြာချက်ရဲ့အပေါ် မနှစ်မြို့မှုတွေကို အသိအမှတ်ပြုပေမယ့် တောင်းပန်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“ဘဲလ်ဖိုးကြေငြာစာတမ်းဟာ သမိုင်းဝင်ကြေငြာချက်တစ်ခုဖြစ်ပြီး ဗြိတိန်အစိုးရက အဲဒီအတွက် တောင်းပန်မှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို ပိုမိုဆောင်ကျင်းပေးနိုင်မယ့် ခြေလှမ်းတွေ လှမ်းနိုင်ရေး အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို တိုက်တွန်းဖို့ အဓိကထား လုပ်ဆောင်သွားမှာပါ။ ဒါပေမယ့် ဘဲလ်ဖိုးကြေငြာစာတမ်းနဲ့ပတ်သက်ပြီး လူတော်တော်များများက မနှစ်မြို့တာကို ကျွန်တော်တို့ အသိအမှတ်ပြုပြီး သင့်လျော်တဲ့ ရာပြည့်အခမ်းအနားကိုလည်း လုပ်ဆောင်သွားမှာပါ။ ယူကေ ရပ်တည်လာခဲ့တဲ့ အခြေအနေကတော့ ရှင်းပါတယ်။ နယ်မြေလွှဲပြောင်းမှု၊ ဂျေရုစလင်ကို နှစ်နိုင်ငံစလုံးရဲ့ မြို့တော်အဖြစ်၊ ဒုက္ခသည်တွေ နေထိုင်ရာအဖြစ် မျှဝေသုံးစွဲမှုနဲ့အတူ ၁၉၆၇ ခုနှစ် နယ်မြေပိုင်းခြားမှုကို အခြေခံကာ တည်ငြိမ်ပြီး အချုပ်အခြာအာဏာပိုင် ပါလက်စတိုင်းနိုင်ငံနဲ့ လုံခြုံတဲ့ အစ္စရေးနိုင်ငံတို့ အတူယှဉ်တွဲတည်ရှိရေး ဆွေးနွေးအဖြေရှာမှုကို ကျွန်တော်တို့ ထောက်ခံပါတယ်”

Ref: Aljazeera

Tags:

Comments are closed.