6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၄၊ ၂၀၁၆
M-Media

coffee

– ကင်ဆာဖြစ်စေနိုင်သည့် အကြောင်းအရင်းများတွင် ကော်ဖီ၊ လက်ဖက်ရည်တို့ကဲ့သို့ ပူလွန်းသောအစားအသောက်များ ပါဝင်နေသည်ကို လေ့လာမှုတစ်ခုတွင် တွေ့ရှိခဲ့ရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်သည်။

ကင်ဆာသုတေသနဆိုင်ရာ နိုင်ငံတကာ အေဂျင်စီရှိ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ သိပ္ပံပညာရှင် ၂၃ ဦးမှာ အပူချိန်မြင့်မားသည့် အစားအသောက်များ၊ ၎င်းတို့ကြောင့် ကင်ဆာဖြစ်နိုင်ခြေတို့နှင့် ပတ်သက်၍ လေ့လာမှုပေါင်း ၁၀၀၀ ၀န်းကျင်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

လေ့လာမှုမှ ရရှိသည့် အထောက်အထားများကို အခြေခံ၍ ၎င်းတို့က အပြင်တွင် ၀ယ်သောက်နိုင်သည့် ကော်ဖီပူပူကဲ့သို့ အပူချိန် ၆၅ ဒီဂရီဆဲလ်စီးယက်စ်အထက် မြင့်မားသည့် အစားသောက်များ ကို စားသောက်ခြင်းအားဖြင့် အစာပြွန်ကင်ဆာ ဖြစ်နိုင်မှုအန္တရာယ်ကို မြင့်မားစေသည်ဟု ဆိုသည်။

လေ့လာမှုရလဒ်ကို Lancet Oncology ဂျာနယ်၌ ဖော်ပြရာတွင် ကော်ဖီပူ၊ လက်ဖက်ရည်ပူများကို သောက်သူများမှာ ထိုကဲ့သို့ သောက်သုံးမှုနည်းပါးသူထက် အစာပြွန်ကင်ဆာ အဖြစ်များသည်ကို တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ ပူလွန်းသည့်အစားသောက်များမှာ ဆေးလိပ်သောက်ခြင်းနှင့် အခြားသော ကင်ဆာဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများနည်းတူ အန္တရာယ်မြင့်များကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

တိရစ္ဆာန်များတွင် စမ်းသပ်မှုအရ အလွန်ပူသည့် အစားသောက်များမှာ အစာပြွန်ရှိ နူးညံ့သော တစ်ရှူးများကို ပျက်ဆီးစေကာ ထိုပျက်ဆီးမှုက ဆဲလ်များ အသစ်ပြန်လည်ဖြစ်ပွားမှုကို အစီအစဉ်မကျဖြစ်စေပြီး တစ်ချို့သော အခြေအနေများတွင် ကင်ဆာကျိတ်တစ်ခုဖြစ်သော (malignant tumor) ကြီးထွားမှုကို ထိန်းချုပ်နိုင်မှု မရှိသည်အထိ ဖြစ်ပွားစေနိုင်သည်ကို တွေ့ရှိရကြောင်းလည်း အဆိုပါ ဂျာနယ်တွင် ဖော်ပြထားသည်။

Ref : Times

Tags:

Comments are closed.