6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာအ ၁၂၊ ၂၀၁၆
M-Media

ni

– ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကလေးငယ်ထောင်ပေါင်းများစွာမှာ ဆင်းရဲဒုက္ခနှင့် အာဟာရချို့တဲ့မှုကို ဆိုးဆိုးဝါးဝါး ခံနေရသည်ဟု ကုလသမဂ္ဂ နိုင်ငံတကာကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ပြောကြားလိုက်ပြီး ၎င်းတို့အား အကူအညီပေးနိုင်ရေး ကန့်သတ်ထားမှုအားလုံးကို ဖယ်ရှားပေးရန်လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်။

နိုဝင်ဘာ ၈ ရက်နေ့က ထုတ်ပြန်သည့် ကြေငြာချက်တွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် လူမျိုးစုအကြား ဖြစ်ပွားနေသော ပြဿနာကြောင့် ကလေးများ အထူးသဖြင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြတ်တောက်ခံထားရသော ပြည်နယ်မြောက်ပိုင်းရှိ ကလေးငယ်ထောင်ပေါင်းများစွာမှာ ဆိုးရွားသည့် အခြေအနေကို ရင်ဆိုင်နေသည်ဟု ဆိုသည်။

“ဒီကလေးငယ်တွေဟာ ဆင်းရဲဒုက္ခနဲ့ အဟာရချို့တဲ့မှုကို ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။ သူ့တို့ရဲ့ အနာဂတ်ဟာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျောင်းဆရာတွေနဲ့ သူတို့ကို အဟာရ၊ ကျန်းမာရေးနဲ့ ပညာရေးတွေ ထောက်ပံ့ပေးနိုင်မယ့် အခြားသူတွေအပေါ်မှာ မူတည်နေပါတယ်” ဟု ယူနီဆက်ဖ်၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အကူအညီအချို့ကို ပေးပို့နိုင်ခဲ့သော်လည်း မရှိမဖြစ်သည့် ၀န်ဆောင်မှုများ ပြန်လည်ပေးအပ်ရန်၊ ကလေးများနှင့် မိသားစုများထံသို့ ကျန်းမာရေးစောင့်ရှောက်ပေးသူများနှင့် အခြားသော ကျွမ်းကျင်သူများ ရောက်ရှိနိုင်ရေး ကန့်သတ်ထားမှုအားလုံးကို အမြန်ဆုံဖယ်ရှားပေးရန်လည်း ယူနီဆက်ဖ်က တောင်းဆိုခဲ့သည်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်နေတာကြောင့် အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ကလေးငယ်တွေကို အကြမ်းဖက်မှုတွေအားလုံးကနေ ကာကွယ်ပေးဖို့၊ ကလေးတွေအပေါ် ရှိနိုင်တဲ့ ချိုးဖောက်မှုတွေကို မြန်မြန်ဆန်ဆန် လွတ်လွတ်လပ်လပ် စစ်ဆေးမှုကို ကူညီပံ့ပိုးပေးဖို့ ယူနီဆက်ဖ်က တိုက်တွန်းလိုက်ပါတယ်”

Ref: unicef.org

Comments are closed.