6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၄၊ ၂၀၁၆
M-Media

dr

– ဆယ်ကျော်သက်လူနာတစ်ဦးအား စမ်းသပ်စဉ် မဖွယ်မရာပြုလုပ်ခဲ့သည်ဟူသော စွဲချက်ဖြင့် ထောင်ဒဏ် ၁၈ လ ကျခံခဲ့ရသည့် ယူကေရောက် မြန်မာဆရာဝန်တစ်ဦးမှာ ပြန်လည်ကြားနာမှုအတွင်း အပြစ်မရှိကြောင်း တွေ့ရှိရ၍ အမှုမှ ကွင်းလုံးကျွတ် လွတ်သွားပြီဟု သိရသည်။

အသက် ၄၅ နှစ်အရွယ်ရှိ ဒေါက်တာ အံ့ထွန်းမောင်ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လက ဆန်းဒါလန်းရှိ ၎င်း၏ဆေးခန်းတွင် လာရောက်ပြသသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အင်္ကျီနှင့် ဘရာချွတ်ခိုင်းကာ ရင်သားအား ကိုင်တွယ်သည်ဆိုသော အမှုဖြင့် ပြီးခဲ့သည့်နှစ်ဧပြီလက ထောင်ဒဏ် ကျခံခဲ့ရခြင်းဖြစ်သည်။

ဒေါက်တာ အံ့ထွန်းမောင်ကမူ ထိုအမျိုးသမီးငယ်၏ စွပ်စွဲချက်များမှာ မဟုတ်မှန်ဘဲ မိမိအနေဖြင့် အ၀တ်အစားများကိုလည်း ချွတ်ခိုင်းခဲ့ခြင်းမရှိကြောင်း၊ ရင်ဘတ်တွင် နားကြပ်ဖြင့်ထောက်၍ နားထောင်ခဲ့ခြင်းသာဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ထောင်ဒဏ် ၁၈ လ ချမှတ်ခံရပြီးနောက် ၎င်း၏ မိသားစုများ လုပ်ဖော်ကိုင်ဖက်များက အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားခဲ့ကြပြီး အယူခံနိုင်ခဲ့ကာ ထောင်ဒဏ် ၆ လသာ ကျခံရပြီး ပြန်လည် လွတ်မြောက်လာခဲ့သည်။

တရားရုံးက ၎င်းအပေါ် ပြစ်ဒဏ်ချမှတ်မှုကို ပယ်ဖျက်ခဲ့ပြီး အမှုကို ပြန်လည်စစ်ဆေးကာ သက်သေများကိုလည်း ပြန်တောင်းခဲ့သည်။

၂ နာရီ ကြာမြင့်ခဲ့သည့် နောက်ဆုံးကြားနာမှုတွင် အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၆ ဦးတို့ပါဝင်သော ဂျူရီအဖွဲ့က ဒေါက်တာမောင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် အပြစ်ရှိကြောင်း မတွေ့ရဟု ဆုံးဖြတ်ခဲ့သည်။

ဒေါက်တာအံ့ထွန်းမောင်ကမူ ဆုံးဖြတ်ချက်ပြီးနောက် တရားရုံးအပြင်ဘက်တွင် မိမိအနေဖြင့် အလွန် စိတ်သက်သာရာ ရခဲ့သည်ဟု ပြောကြားခဲ့သည်။

“ဒီကိစ္စကို အများပြည်သူ သိစေချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ပြစ်ဒဏ်ပယ်ဖျက်ခံရပြီးကတည်းက တရားရုံးက ကျွန်တော့်ကို တရားဝင် စကားပြောဆိုခွင့် မပေးခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

၎င်းမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလကတည်းက ဆေးကုသခွင့် ပိတ်ပင်ခံထားရပြီး ဆေးကုသခွင့် ပြန်လည်ရရှိရေးအတွက်လည်း လက်ရှိတွင် တရားရင်ဆိုင်နေရသည်။

၎င်း၏ရှေ့နေ ဖီလစ်စီတီ ဂယ်ရီကမူ “ဘယ်ရင်သားကိုမှ ကိုင်တွယ်ပွတ်သပ်တာမျိုး မရှိပါဘူး။ ဒါဟာ သာမန် ဆေးစစ်ဆေးမှုဖြစ်ပြီး တုန်လှုပ်စရာ နားလည်မှုလွဲခြင်းသာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

၁၉၉၀ ပြည့်နှစ်ကတည်းက ယူကေသို့ ရောက်ရှိလာခဲ့သည့် ဒေါက်တာ အံ့ထွန်းမောင်မှာ နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆေးရုံနှင့် ဆေးခန်းများတွင် အလုပ်လုပ်ခဲ့သူဖြစ်သည်။

၎င်းမှာ ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသူဖြစ်ပြီး တစ်နေ့လျှင် ၅ ကြိမ်တရားထိုင်လေ့ရှိကာ ဆန်းဒါးလန်းဗုဒ္ဓဘာသာစင်တာတွင်လည်း အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

“ဒေါက်တာမောင်ဟာ သူ့အပြစ်မရှိကြောင်း သက်သေပြဖို့ ထိုက်တန်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ ပထမ ကြားနာမှုမှာ မှားယွင်းပြီး ပြစ်ဒဏ်ချမှတ်ခံရတာပါ။ နိုင်ငံအတွင်းကသာမကဘဲ နိုင်ငံပြင်ပက ဆရာဝန်တွေကလည်း သူ့ဘက်က ရှိနေပါတယ်။ ဒီအတွက်လည်း သူတို့ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်” ဟု ဒေါက်တာ အံ့ထွန်းမောင်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

Ref: Dialymail

Tags:

Comments are closed.