နိုဝင်ဘာ ၁၆၊ ၂၀၁၆
M-Media
– မန်စီးတီးအသင်းကို အလုံးစုံ ပြုပြင်ပြောင်းလဲရေး အစိတ်အပိုင်းအဖြစ် နည်းပြဂွာဒီယိုလာမှာ လာမည့်နွေရာသီတွင် ကစားသမားအသစ် ၁၀ ဦး ၀ယ်ယူချင်နေသည်ဟု ၎င်း၏ အထုပ္ပတ္တိရေးသူ မာတီ ပါရာမူက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လက မန်စီးတီးအသင်း တာဝန်ရှိသူများနှင့် ဂွါဒီယိုလာတို့ တွေ့ဆုံစဉ် အလုံးစုံ ပြုပြင်ပြောင်းလဲရန် သဘောတူညီခဲ့ကြပြီး ပါရာမူကမူ အသင်းအောင်မြင်ရန်အတွက် ၎င်းအသုံးပြုမည့် ကစားကွက်နှင့် လိုချင်သည့် ကစားသမားကို ချပြခဲ့သည်ဟု ဆိုသည်။
အဆိုပါ ကစားသမားများကို ကဏ္ဍ ၃ ခု ခွဲထားပြီး ခံစစ်ကြောင်း၊ တိုက်စစ်မှူးနှင့် ခံစစ်အလယ်လူဟူ၍ ဖြစ်ကြောင်း “ပက်ဂွါဒီယိုလာ၏ ပြောင်းလဲရေး” ဟု အမည်ပေးထားသည့် အဆိုပါစီမံကိန်းတွင် ပါဝင်သည့် ထိပ်တန်းကစားသမားများကို ၀ယ်ယူရန် မလွယ်ကြောင်း၊ အသင်းမှ ရောင်းထုတ်မည့် ကစားသမားလည်း များပြားကြောင်း ပါရာမူက ထည့်သွင်းပြောဆိုခဲ့သည်။
လက်ရှိ မန်စီးတီးအသင်းမှ ကစားသမား ၂၃ ယောက်တွင် ၁၂ ယောက်မှာ ၃၀ ကျော်များဖြစ်ပြီး ၂၅ နှစ်နှင့် အောက်မှာ ၄ ဦးသာ ရှိသည့်အတွက် ဂွါဒီယိုလာက စိုးရိမ်နေကြောင်း သတင်းလည်း ထွက်ပေါ်ထားသည်။
Ref : Goal
Comments