6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၈၊ ၂၀၁၆
M-Media

duterte-2

– နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှ ရုရှားက နှုတ်ထွက်ပြီးနောက်ပိုင်း မိမိတို့လည်း ရုရှားခြေရာနင်းရန် စဉ်းစားနေသည်ဟု ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ပြောကြားလိုက်သည်။

ဒူတာတေးမှာ ယမန်နေ့က စတင်ကျင်းပသည့် အာရှပစိဖိတ် ပူပေါင်းဆောင်ရွက်ရေး (APEC) ခေါင်းဆောင်များ ထိပ်သီးညီလာခံသို့ တက်ရောက်ရန် ပီရူးသို့မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲတွင် “နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ဖိလစ်ပိုင်လို နိုင်ငံငယ်လေးတွေကို ဖိအားပေးဖို့ ဆုံးဖြတ်ချက်ချတာကလွဲလို့ ဘာမှသုံးစားမရဘူး” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာရာဇ၀တ်မှုခုံရုံးက လူတွေဟာ ဘာမှသုံးစားလို့ မရပါဘူး၊ အခုဆို ရုရှားလည်း ထွက်ပြီ။ ကျွန်တော်လည်း သူတို့အနောက်က လိုက်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လို နိုင်ငံငယ်တွေကို အနိုင်ကျင့်လို့ပါပဲ”

ကရင်မလင်မှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ရုရှားအနေဖြင့် သမ္မတ ဗလာဒီမီရ်ပူတင်၏ ညွှန်ကြားချက်အရ ICC မှ နှုတ်ထွက်ပြီဟု ဖော်ပြခဲ့သည်။ နယ်သာလန်နိုင်ငံ The Hague မြို့တွင် အခြေစိုက်သည့် ICC သည် ခရိုင်းမီးယားအား ရုရှားက သိမ်းပိုက်မှုကို လက်နက်ကိုင်ပဋိပက္ခတစ်ခုအဖြစ် လွန်ခဲ့သည့် ၂ ရက်က သတ်မှတ်ခဲ့ပြီး ရုရှားကလည်း ထိုကိစ္စအတွက် ဒေါသထွက်ခဲ့သည်။

ဒူတာတေးကမူ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသော ပြဿနာများကို မဖြေရှင်းနိုင်ခြင်းနှင့် လူ့အခွင့်အရေးကို အကာအကွယ်ပေးရန် မလုပ်ဆောင်နိုင်ခြင်းအတွက် ကုလသမဂ္ဂကိုလည်း ဝေဖန်ခဲ့ပြီး အမေရိကန်က ကျူးကျော်တိုက်ခိုက်ခဲ့သည့် ဗီယက်နမ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲတို့ကို ဥပမာပေးခဲ့သည်။

ထို့ပြင် ရုရှားနှင့် တရုတ်တို့ကသာ ကမ္ဘာကြီးအား အုပ်ချုပ်မှုစနစ်တစ်ခု တည်ထောင်လျှင် ဖိလစ်ပိုင်အနေဖြင့် ၀မ်းမြောက်စွာ ပါဝင်မည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

“တကယ်လို့ တရုတ်နဲ့ ရုရှားတို့ကသာ ဒီလိုအစီအစဉ် ဖန်တီးရင် ကျွန်တော်က ပထမဆုံး ပါဝင်မှာပါ”

Ref : Presstv

Comments are closed.