6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၉၊ ၂၀၁၆
M-Media

jew

Anti Defemation League အကြီးအကဲ ဂျိုနသန် ဂရင်း ဘလတ်

– အမေရိကန်တွင် အမုန်းကြောင့်ဖြစ်သည့် ရာဇ၀တ်မှုများကို တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် ဂျူးအဖွဲ့ Anti Defemation League ၏ အကြီးအကဲဖြစ်သူ ဂျိုနသန် ဂရင်း ဘလက်က ထရမ့်အစိုးရသစ်အနေဖြင့် မွတ်စလင်များအတွက် သီးသန့်စာရင်းပြုစုမည်ဆိုပါက မိမိမှာ မွတ်စလင်အဖြစ် စာရင်းပေးသွားမည်ဟု ပြောကြားလိုက်သည်။

“ဒီလို စာရင်းပြုစုတာ၊ သီးသန့်သတ်မှတ်တာတွေက ဘာလုပ်တာလဲဆိုတာကို သိနေတဲ့ ကျွန်တော် ဂျူးတွေဟာ ကျွန်တော်တို့ နိုင်ငံသားတွေ ဒါမျိုးမဖြစ်အောင် ကာကွယ်သွားမှာပါ။ ဖြောင့်မတ်စွာ၊ တရားမျှတမှုရှိစွာ တုန့်ပြန်ရမယ်ဆိုတာကိုလည်း ကျွန်တော်တို့ဂျူးတွေ သိပါတယ်။ ဒိန်းမတ်ဘုရင်က နိုင်ငံအတွင်းမှာရှိတဲ့ဂျူးတွေ ရွေရောင်ကြယ် ၀တ်ဆင်ရမယ်လို့ ဆိုလာတော့ ဒိန်းမတ်ပြည်သူတွေအားလုံး ၀တ်ဆင်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းကိုလည်း ကျွန်တော်တို့ ကြားဖူးကြပါတယ်” ဟု နယူးယောက်မြို့တွင် ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် ဂျူးဆန့်ကျင်မှု တိုက်ဖျက်ရေး Never Is Now ညီလာခံတွင် ဂရင်းဘလတ်က ပြောကြားခဲ့သည်။

ထို့ပြင် ထရမ့်အနေဖြင့် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ပါက ဂျူးများကလည်း မွတ်စလင်အဖြစ် စာရင်းပေးသွားမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

“ဂျူးဆန့်ကျင်ရေးကို ကျွန်တော် တစ်စိုက်မတ်မတ် တိုက်ဖျက်နေတာကြောင့် ဒီအချိန်၊ ဒီနေရာမှာ ခင်ဗျားတို့အားလုံးကို ကတိပြုချင်တာက တစ်ကယ်လို့ အမေရိကန်မှာ နေ့တစ်နေ့ရောက်လာမယ်၊ အဲဒီနေ့မှာ အမေရိကန်မွတ်စလင်တွေကိုအတင်းအကျပ် စာရင်းသွင်းခိုင်းမယ်ဆိုရင် အဲဒီနေ့မှာ ဂျူးလူမျိုးဖြစ်တဲ့ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ် ဂုဏ်ယူစွာ စာရင်းပေးမှာ ဖြစ်ပါတယ်”

ထို့ပြင် ဂရင်းဘလတ်က မည်သည့်လူမျိုးစု ပစ်မှတ်ထားခံရသည်ဖြစ်စေ အမေရိကန်ပြည်သူများအနေဖြင့် ခွဲခြားဆက်ဆံမှု ပုံစံအားလုံကို ဆန့်ကျင်ရမည်ဟု ပြောကြားခဲ့သည်။

ဂရင်းဘလတ်၏ မိန့်ခွန်းပြောကြားမှုပြီးနောက် ADL မှာ Twitter ၌ “အမေရိကန်မွတ်စလင်တွေကို အတင်းအဓမ္မ သီးခြား စာရင်းသွင်းမယ်ဆိုရင် ကျွန်တော်လည်း မွတ်စလင်ဖြစ်စာရင်းသွင်းကာ တစ်သားတည်းရှိကြောင်း ပြသမှာပါ” ဆိုသည့် မှတ်ချက်ကို လွှင့်တင်ကာ အဖွဲ့ဝင်များအား ထိုသို့ဆောင်ရွက်ရေး တိုက်တွန်းခဲ့သည်။

ဒေါ်နယ်ထရမ့်မှာ မဲဆွယ်မှုများအတွင်း မွတ်စလင်များ အမေရိကန်သို့ ၀င်ရောက်မှု ပိတ်ပင်ခြင်း၊ ဗလီများကို စောင့်ကြည့်မှု တိုးမြှင့်ခြင်းတို့ ပြုလုပ်မည်ဟု ပြောဆိုခဲ့ပြီး၊ နိုင်ငံအတွင်းရှိ မွတ်စလင်များအားလုံးကို သီခြားဒေတာဘေ့စ်တစ်ခုတွင် စာရင်းပြုစုထားရှိရမည်ဆိုသည့် အစီအစဉ်ကိုလည်း ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ထရမ့်၏ ထိုပြောကြားမှုမှာ ဝေဖန်မှုများနှင့် ကျုယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်ခဲ့ရပြီး နာဇီဂျာမနီလက်ထက် ဂျူးများကို သီးခြား စာရင်းသွင်းသည့် ပုံစံမျိုးနှင့် သွားတူနေသည်ဟု ထောက်ပြခဲ့ကြသည်။

ငါတို့လည်း စာရင်းသွင်းမယ်

ထရမ့်အစိုးရအနေဖြင့် ထိုကဲ့သို့ သီးခြားစာရင်းသွင်းမှုအစီအစဉ်အတွက် အမေရိကန်ပြည်သူများကလည်း ဝေဖန်ခဲ့ကြပြီး ထိုပေါ်လစီကို အကောင်အထည်ဖော်ပါက မိမိတို့လည်း မွတ်စလင်အဖြစ် စာရင်းသွင်းမည်ဟု ကတိပြုခဲ့ကြသည်။

၄၅ ဦးမြောက် အမေရိကန်သမ္မတအဖြစ် ထရမ့် ရွေးချယ်ခံရပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းတွင် အာရှနွယ်ဖွားများ၊ လူမည်းများနှင့် အခြားလူနည်းစုများအပေါ် လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများ၊ ဂျူးဆန့်ကျင်ရေးနှင့် မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပေါ်လာခဲ့သည်။

Ref: Aljazeera

Comments are closed.