နိုဝင်ဘာ ၂၂ ၊ ၂၀၁၆
M-Media
သတင်း-သီဟ
လတ်တလော တိုက်ပွဲများဖြစ်ပွားရာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသများမှ စစ်ဘေးရှောင်ပြည်သူများကို ဒေသခံမွတ်စလင်မ် လူမှုကူညီရေး ပရဟိတ အဖွဲများမှ လူနာကူသယ်ပေးခြင်း၊ အစားအစာ ချက်ပြုတ်ဝေငှပေးခြင်း၊ ဆေးကုသမှုပြုလုပ်ပေးခြင်းများ ဖြင့် ကူညီပေး နေကြောင်း သိရှိရပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုဝင်ဘာ ၂၁ ရက်နေ့ ကျင်စန်းကျော့စစ်ဘေးရှောင်များသို့ သွားကြိုသော မေတ္တာမွန် မွတ်စလင် လူငယ်အသင်းကားအား ကျည်ဆံ ထိမှန်ခဲ့ကြောင်း၊ ကားပေါ်တွင် လိုက်ပါလာသည့် ရွှေလီမြို့နေ ကြင်နာနွေးထွေး ပရဟိတလူငယ် အသင်းမှ ကိုရဲမင်းအောင် သေနတ်ကျည်ထိမှန်ခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ချက်များအရ သိရှိရပါတယ်။
Photo Credit – Thet Swe Win Namtu and Ko Soe Min,မူဆယ်အစ္စလာမ်လူငယ် လူမှုကူညီရေးအသင်း FB
Comments