6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၂၊ ၂၀၁၆
M-Media

mu

– စနေနေ့က ကစားခဲ့သည့် မန်ယူနှင့် အာဆင်နယ်ပွဲကို ကြည့်ရှုရန်အတွက် နိုင်ငံခြားကျောင်းသားနှစ်ဦးမှာ အိုးထရက်ဖို့ ကွင်းအတွင်း မည်သူမှမသိအောင် အိပ်စောင့်ခဲ့သည်ဆိုသည့်သတင်း ထွက်ပေါ်လာပြီးနောက် အိုးထရက်ဖို့ကွင်း၏ လုံခြုံရေးအတွက် ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။

အမည်ဖော်ပြခြင်းမရှိခဲ့သည့် အဆိုပါ ကျောင်းသား ၂ ဦးမှာ သောကြာနေ့က အိုးထရက်ဖို့ဒ်ကွင်းသို့ လာရောက်လည်ပတ်သည့်အဖွဲ့နှင့် လိုက်ပါလာခဲ့ကာ ထိုအဖွဲ့အပြန်တွင် လိုက်ပါမသွားဘဲ ကွင်းအတွင်း နေခဲ့ခြင်းဖြစ်သည်။ ထို့နောက် မန်ယူ-အာဆင်နယ်ပွဲ ကြည့်ရန်အတွက် လုံခြုံရေးများကို ရှောင်ရှားကာ၊ ၂ ဒီဂရီ ဆဲလ်စီးယက်စ်အောက်ရှိသည့် အပူချိန်ကို အာခံကာ ကွင်းအတွင်း ညအိပ်ခဲ့ကြသည်။

“အိုးထရက်ဖို့ဒ်မှာ ဘောလုံးပွဲကြည့်ဖို့အတွက် လူတွေက ဘယ်လိုမဆို အကြံအဖန်ထုတ်ကြမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမယ့် ဒီလူတွေကတော့ တော်တော်လွန်ပါတယ်။ သူတို့တွေရှိနေတာကို ပရိတ်သတ်တွေမလာခင် ရှာနိုင်ခဲ့တာက ကျွန်တော်တို့မှာ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိဘူးဆိုတဲ့ ယုံကြည်မှုကို ရရှိစေပါတယ်” ဟု မန်ယူအသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံခြားကျောင်းသားနှစ်ဦးကို ပွဲမကစားမည့် မနက်ပိုင်းတွင် အိမ်သာ၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သော်လည်း ဖမ်းဆီးရန် ငြင်းဆန်ခဲ့သည်။

၂၀၁၅-၂၀၁၆ ဘောလုံးရာသီကလည်း အိုးထရက်ဖို့ဒ်ကွင်းတွင် ဗုံးထောင်ထားသည်ဟု ခြိမ်းခြောက်မှုရှိခဲ့သောကြောင့် မန်ယူမှာ မျက်နှာပျက်ခဲ့ရသည်။

Ref: Goal

Comments are closed.