6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၃၊ ၂၀၁၆
M-Media

camp

အီရတ်မှ စစ်ပြေးဒုက္ခသည်များနေထိုင်ရာ ကယ်ဆယ်ရေးစခန်း တစ်ခု

– ယာဇီဒီအဖိုးအိုတစ်ယောက်က မြေကြီးပေါ်တွင် ဒူးထောက်ထိုင်ကာ ကျောက်တုံးများကို ကောက်၍ သဲထဲတွင် ပုံများ ရေးဆွဲပြနေသည်။ လွန်ခဲ့သည့် ၂ နှစ်က ဆင်ဂျာဒေသရှိ ဆူနန်မြို့လေးသို့ IS များ ၀င်လာပုံကို ပြောပြနေခြင်းဖြစ်သည်။

“လမ်းကြောင်း ၄ ခုကနေ သူတို့ဝင်လာတယ်” ဟု အဆိုပါ အဖိုးအိုက လက်လေးချောင်း ထောင်ပြသည်။ “တင့်ကားတွေ၊ ပခုံးထမ်းလောင်ချာတွေနဲ့ တစ်ခြားအရာတွေလည်း သူတို့မှာ ပါတယ်။ အဘတို့မှာရှိတာက လက်နက်အဟောင်းတွေပါပဲ။ သွားစရာတစ်လမ်းပဲရှိပြီး အဲဒီလမ်းက တောင်တွေပေါ် ပေါက်တဲ့လမ်းပါ။ အဘတို့ ရိုင်ဖယ်တွေယူပြီး အမျိုးသမီးတွေ၊  ကလေးတွေနဲ့ ပြေးခဲ့ရပါတယ်”

အမည်မဖော်လိုသည့် အဆိုပါ အဖိုးအိုက ၂၀၁၄ ခုနှစ် သြဂုတ်လတွင် IS က သိမ်းယူခဲ့သည့် အနီးအနားရွာပေါင်း ၂၄ ရွာထဲမှ တစ်ရွာက ဖုန်းခေါ်ဆို သတင်းပေးမှုနောက်ပိုင်းတွင် ထို ထိတ်လန့်ဖွယ် အဖြစ်အပျက်များ စတင်ခဲ့ခြင်းဟု ဆိုသည်။

“‘ငါ့တို့တော့ သစ္စာဖောက်ခံလိုက်ရပြီ’ လို့ သူတို့တွေ ပြောနေကြတယ်။ Peshmerga (ကာ့ဒ်တပ်ဖွဲ့) ကလည်း အားလုံး ထွက်သွားလိုက်ပြီ။ ဘယ်သူမှ လာကူညီမှာ မဟုတ်တော့ဘူး။ တောင်ပေါ်ကိုသာပြေးတော့” ဟု အဖိုးအိုက ထိုဖုန်းခေါ်ဆိုမှုအကြောင်းကို ဖွင့်ဟခဲ့သည်။

အီရတ်စစ်တပ်ကတော့ ထိုအဖြစ်အပျက်မဖြစ်ခင် ၂ လ အရင်ကတည်းက ထိုဒေသမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ ယာဇီဒီများမှာ တောင်များပေါ်များနေ၍ ကျည်ဆံများကုန်သည့်တိုင် ပစ်ခတ်ခုခံခဲ့ကြလေသည်။

“သူတို့ (IS) လာတာက အဲလောက်များတာမဟုတ်ဘူး။ ၅၀၀ လောက်ပဲ ရှိတာ။ ဒါပေမယ့် ဒေသခံမျိုးနွယ်တွေက သူတို့နဲ့ သွားပေါင်းလို့ အင်အားတောင့်သွားတာ” ဟု အဖိုးအိုက ပြောကြားခဲ့သည်။

ထို့နောက်ပိုင်းအဖြစ်အပျက်ကတော့ လူအများအပြား သိပြီးသားဖြစ်သည့် ဆင်ဂျာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်သည်။ ယာဇီဒီ ကာ့ဒ်လူမျိုး ၅ သောင်းခန့်မှာ ဆင်ဂျာဒေသရှိ တောင်တန်းများပေါ်သို့ ထွက်ပြေးရသည်။ အမေရိကန်က လေကြောင်းမှ တိုက်ခိုက်မှု မပြုလုပ်ခင် ထိုနေရာတွင် ၄ ရက်ကြာ ပိတ်မိခဲ့ပြီး နောက်ပိုင်းတွင် ဆီးရီးယားနှင့် တူရကီတို့မှ ကာ့ဒ်တပ်ဖွဲ့များက ၎င်းတို့အား ကယ်ထုတ်ခဲ့ကြသည်။ ထိုအချိန်က နေခြစ်ခြစ်တောက်ပူပြင်းသည့် သြဂုတ်လဖြစ်သည်။

ကလေးငယ် ၇၀ ခန့်မှာ အငတ်ပေးနှင့် ရေဓာတ်ချို့တဲ့ခြင်းကြောင့် သေဆုံးခဲ့သည်။ တောင်ပေါ်သို့ မပြေးနိုင်သူများက IS ၏ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုများကို ခံကြရပြီး ထိုအထဲတွင် ကလေးငယ် ၃၀၀၀ ကျော် ပါဝင်သည်။ ပြန်ပေးဆွဲခံရသည့် အမျိုးသမီးအရေအတွက်က ၇၀၀၀ လောက်ရှိသည်။

အဆိုပါ ယာဇီဒီအဖိုးအိုကတော့ ဒုက္ခသည်များအတွက် ကာ့ဒ်တရားဥပဒေအောက်တွက် အကျုံးဝင်နေသည့် ဆူလိုင်မာနီယာမြို့မှ မြောက်ဖက် ၄၅ ကီလိုမီတာအကွာတွင်ရှိသည့် အက်ရှ်တီ ကယ်ဆယ်ရေးစခန်းတွင် ကျောင်းဆရာအဖြစ် ဆောင်ရွက်နေသည်။ အကျယ် ၃၀၅ ဟက်တာရှိနေပြီး တောင်းများ ၀န်းရံနေသည့် အဆိုပါ ကယ်ဆယ်ရေးစခန်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူ မိသားစု ၂၈၀၀ (လူဦးရေ ၁၄၀၀၀ ကျော်) နေထိုင်ကြသည်။ ဒေသတွင်း အန်ဂျီအိုအဖွဲ့တစ်ခုဖြစ်သည့် Kurdistan Save the Children (KSC) က ထိုအထဲတွင် ကလေးငယ် ၈၀၀၀ ကျော် ပါဝင်သည်ဟု ပြောကြားခဲ့သည်။

အက်ရှ်တီ ကယ်ဆယ်ရေးစခန်းတွင် အန်ဘာရ်၊ ဆလာဟွဒ်ဒင်၊ ဆင်ဂျာ၊ ရှင်ဂါလ်၊ ဖာလူဂျာနှင့် မူဆိုးလ်တို့မှ ယာဇီဒီ ကာ့ဒ်များနှင့် အာရပ်များကို သီးခြားစီ ထားရှိသည်။

၎င်းတို့အုပ်စုနှစ်ခုအကြား တင်းမာမှုများ ရှိနေခြင်းက ဒေသတွင်း ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းမှာ ရှည်ကြာပြီး ရှုပ်ထွေးစေမည်ဟူသည့် စိုးရိမ်မှုကို ဖြစ်ပေါ်စေသည်။ ပဋိပက္ခမှ ရရှိသည့် စိတ်ဒဏ်ရာများကို ကျော်ဖြတ်ရန်အတွက် မလွယ်ကူ၊ အထူးသဖြင့် ယခုကဲ့သို့ မတိုးသာမလှုပ်သာ အခြေအနေမျိုးတွင် ဖြစ်သည်။ ကြောက်ရွံ့မှု၊ ဒေါသတို့ ရှိနေပြီး ယခုအချိန်အထိ အာရပ်နှင့် ယာဇီဒီကာ့ဒ်တို့အကြား လူမှုဆက်ဆံရေးမျိုး မရှိသလောက် ဖြစ်နေသည်။

“ယာဇီဒီကလေးတွေက အခြားကလေးတွေထက် ပိုပြီး စိတ်ဒဏ်ရာ ရနေပါတယ်။ ပြီးတော့ သူတို့လေးတွေဟာ အချင်းချင်းပဲ ပေါင်းကြတယ်” ဟု KSC မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ နော်ရက်စ် မဟ်မွဒ်က ပြောကြားခဲ့သည်။ “သူတို့တွေဟာ သူများနဲ့သွားရောဖို့ မ၀ံ့မရဲဖြစ်နတယ်။ လူကြီးတွေကလည်း မကူညီကြဘူး။ လူကြီးတွေကိုယ်တိုင်ကိုက ကလးတွေအပေါ်မှာ အဖျက်သဘော လွှမ်းမိုးမှု ရှိနေတယ်”

အာရပ်အချို့က ယာဇီဒီများမှာ ‘မကောင်းဆိုးဝါး ကိုးကွယ်သူများ’ ဟု အထင်ရောက်နေသည်။ တကယ်တော့ ယာဇီဒီများမှာ အလွန်စည်းလုံးသော လူမျိုးစုတစ်ခုဖြစ်ပြီး အပြင်လူများနှင့် ထိတွေ့ဆက်ဆံခြင်းကိုလည်း ရှောင်ရှားကြသည်။

စစ်သံများ မစဲသေးသည့် အီရတ်နိုင်ငံတွင် ရန်သူသဖွယ်ဖြစ်နသော လူမျိုးစုများ၊ ဘာသာရေးအုပ်စုများအကြား ပြန်လည် ရင်ကြားစေ့ရန်အတွက် နိုင်ငံရေး အစီအမံတစ်ခုတည်းဖြင့် အလုပ်မဖြစ်။ မနက်ဖြန်တွင် စစ်ပွဲရပ်သည့်တိုင်အောင် ထိုနည်းလမ်းဖြင့် ဆောင်ရွက်၍ မရ။ နိုင်ငံတစ်ဝှမ်း စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများကို ကိုင်တွယ်ဆောင်ရွက်နေရသူများအနေဖြင့် အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ရေးအတွက် ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းကို ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအကြားတွင် မုချ စတင်ရမည်ဖြစ်သည်။

နောက်ထပ် အချက်တစ်ခုက ယာဇီဒီကလေးငယ်များ အားလုံးမှာ ရုတ်တရက် ကျောင်းထွက်သွားကြသည်ဆိုသည့် အချက်ဖြစ်သည်။

“ယာဇီဒီလူ့အဖွဲ့အစည်းထဲက သြဇာရှိသူတွေ – သူတို့ရဲ့ ခေါင်းဆောင်တွေထံ ကျွန်မတို့ သွားခဲ့ကြသလို၊ အာရပ်လူ့အဖွဲ့အစည်းက စော်ဘွားတွေဆီလည်း သွားခဲ့ပြီး လူကြီးတွေအနေနဲ့ ဒီအကြောင်းအရာတွေကို ကလေးတွေအရှေ့မှာ မဆွေးနွေးကြဖို့၊ နှိမ့်ချတဲ့ စကားလုံးတွေနဲ့ မခေါ်ဖို့၊ အနည်းဆုံး ကလေးတွေရှေ့မှာ နှုတ်စည်းစောင့်ဖို့ တိုက်တွန်းခဲ့ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

ယူနီဆက်ဖ်၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော KSC မှာ ကယ်ဆယ်ရေးစခန်း ၅ ခုတွင် ကလေးငယ်များအတွက် သီးသန့်နေရာများ ဖန်တီးပေးထားပြီး အဆိုပါနေရာများမှာ စာသင်ကျောင်းများ၊ အားကစားပြုလုပ်ရာနေရာများ၊ အနုပညာရပ်ဝန်းများ ဖြစ်သည်။

KSC က စီမံခန့်ခွဲပေးနေသည့် စာသင်ကျောင်းမှ ဆရာတစ်ဦးဖြစ်သူ ၄၃ နှစ်အရွယ် မိုဟာမက် အလ်-အလ်ဝမ်က ဆလာဟွဒ်ဒင်မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသည့် အာရပ်တစ်ယောက်ဖြစ်သည်။ ၎င်းမှာ အက်ရှ်သီ ကယ်ဆယ်ရေးစခန်းသို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကတည်းက ရောက်ရှိလာခြင်းဖြစ်သည်။

“IS တွေက မြို့ထဲဝင်လာပြီး ကျွန်တော်တို့အားလုံး ဖြတ်တောက်ခံလိုက်ရပါတယ်။ တယ်လီဖုန်းဆက်လို့မရဘူး။ ဂက်စ်လည်း မရှိတော့ဘူး။ အစားအသောက်လည်း မရဘူး။ သစ်ဥသစ်ဖုတွေကိုပဲ ချက်ပြုတ်စားသောက်ရပြီး အဲဒီလို မလုပ်ရင်လည်း ကျွန်တော်တို့ ငတ်သေမှာပဲ” ဟု အလ်-အလ်ဝမ်က ဖွင့်ဟခဲ့သည်။

နောက်ပိုင်းတွင် ရှီအာ ပြည်သူ့စစ်များ ရောက်ရှိလာခဲ့ပြီး IS နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟုလည်း သူက ဆိုသည်။

ဆလာဟွဒ်ဒင်မြို့တွင် အလ်ဝမ်တစ်ယောက် ၅ လ ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် ဇနီး၊ ကလေးများနှင့်အတူ လွတ်မြောက်လာခဲ့သည်။ IS မှာ ရှီအာပြည်သူ့စစ်များနှင့် တိုက်ခိုက်နေပြီး လူဦးရေကလည်း ထိန်းချုပ်ရန်မလွယ်လောက်အောင် များသောကြောင့် ထွက်ပြေးရန်မှာ မခက်ဟု သူက ပြောကြားခဲ့သည်။

အစပိုင်းက ကယ်ဆယ်ရေးစခန်း၌ အာရပ်နှင့် ယာဇီဒီတို့အကြား တင်းမာမှုများ အလွန်မြင့်မာသည်ဟု အလ်ဝမ်က ဆိုသည်။

“ဒါကို ရင်ဆိုင်ဖို့ဆိုတာ စိန်ခေါ်မှုကြီး တစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ မိတ်ဆွေတွေဖြစ်တယ်၊ ဒီနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ကလေးတွေကိုသင်ပေးတယ်။ သူတို့လေးတွေ အဆက်အဆံရှိဖို့ လှုပ်ရှားမှုလေးတွေ လုပ်ပေးပါတယ်”

ဆင်ဂျာမှ အသက် ၄၃ နှစ်အရွယ် ယာဇီဒီကာ့ဒ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ကလေး ၉ ယောက်၏ မိခင်ဖြစ်သူ ရှီရိုင်း ကာစင်က အလွယ်တကူ ဆွဲဆောင်၍ မရသည့်အထဲမှာ ပါသည်။ ၎င်း၏ သားတစ်ဦးက ကာ့ဒ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ချွေးမကတော့ IS ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည်။

သူမ၏ရွာဖြစ်သည့် ဂါဇာရက်ရွာ မီးရှို့ခံရပြီး သူမနှင့် သားသမီးများ ရွာသူကြီး၏ ထရပ်ကားပေါ်သို့တက်ကာ တောင်ပေါ်သို့ ပြေးခဲ့ရခြင်းကို သူမက မှတ်မိသည်။

“ကျွန်မတို့လူတွေက ကျည်ဆံကုန်တဲ့အထိ တိုက်ခဲ့ကြတယ်။ ဒါပေမယ့် IS က တင့်ကားတွေနဲ့ လာတာပါ။ လာတဲ့ IS တွေက မများပေမယ့် ဒေသခံမျိုးနွယ်တွေက သွားရောက်ပူးပေါင်းခဲ့ကြပါတယ်”

ထို့ပြင် သူမ၏ အိမ်နီးချင်းက IS နှင့် သွားရောက်ပူးပေါင်းမှုကိုလည်း ကာစင်က ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်မရဲ့ အိမ်နီးချင်းက အာရပ်ပါ။ သူတို့က ကျွန်မတို့ကို သစ္စာဖောက်ပြီး ကျွန်မတို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်မတို့ မင်္ဂလာဆောင်တွေ၊ ပါတီတွေကို အတူတူကျင်းပခဲ့ကြပါတယ်။ နောက်တစ်ရက်မှာပဲ သူတို့က IS နဲ့ လက်တွဲသွားခဲ့တယ်။ ကျွန်မတို့ အဲဒီကို ဘယ်လိုလုပ် ပြန်သွားရဲတော့မလဲ။ သူတို့ကို ဘယ်လိုလုပ် ထပ်ပြီး ယုံကြည်ရတော့မလဲ”

ဆင်ဂျာအား IS က သိမ်းပိုက်ပြီး လအနည်းငယ်အကြာတွင် ယာဇီဒီ ပြည်သူ့စစ်များက လက်စားချေသည့်အနေဖြင့် အာရပ်ရွာ ၂ ရွာကို တိုက်ခိုက်ခဲ့သည်ဟု Amnesty International က ဖော်ပြခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း အရပ်သား ၂၁ ဦး သေဆုံးခဲ့ပြီး သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများ ပါဝင်ကာ လူအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါ သေနတ်သမားများက ရွာသား ၄၀ ကိုလည်း ပြန်ပေးဆွဲခဲ့ပြီး ထိုအထဲမှ ၁၇ ဦးမှာ အခုအချိန်အထိ ပျောက်ဆုံးနေကာ သေဆုံးသွားဖွယ် ရှိနေလေသည်။

ကာစင်ကတော့ ကလေးများကို ကျောင်းတက်စေချင်သော်လည်း အဆိုပါကလေးများက ၎င်းတို့၏ အတန်းဖော်များမှာ အာရပ်များဖြစ်နေမည်ကို စိုးရိမ်နေသည်ဟု ဆိုသည်။ သို့သော်လည်း သူမက ဤသို့ ကြားဖြတ်ဖွင့်ဟခဲ့သည်။

“ကျွန်မတို့က အာရပ်တွေနဲ့ ဘာပြဿနာမှ မရှိဘူးရှင့်။ ကယ်ဆယ်ရေးစခန်းထဲ ရောက်နေတဲ့ အာရပ်တွေကလည်း ကျွန်မတို့ဒေသက မဟုတ်ဘူး။ ဒီလူတွေကလည်း ကျွန်မတို့လိုပဲ။ ဆလာဟွဒ်ဒင်၊ ဒီယာလာ၊ အန်ဘာရ်တို့ကနေ အိုးအိမ်စွန့်ခွာထွက်ပြေးလာခဲ့ရတာပါ။ သူတို့ဟာ ကျွန်မတို့အပေါ်မှာ ကျူးလွန်ခဲ့သူတွေ မဟုတ်ပါဘူး”

Ref: Aljazeera

Tags:

Comments are closed.