6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၅၊ ၂၀၁၆
M-Media

fire

– အစ္စရေးနိုင်ငံတစ်ဝှမ်းတွင် အကြီးအကျယ်လောင်ကျွမ်းနေသည့် တောမီးကို ငြှိမ်းသက်မှုတွင် ပါဝင်ကူညီရန်အတွက် ပါလက်စတိုင်းက ၎င်းတို့၏ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ကားများကို စေလွှတ်လိုက်သည်ဟု သိရသည်။

ပါလက်စတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်ကြီး ယူဆက် နဆာရ်ကမူ မိမိတို့၏ မီးသတ်တပ်ဖွဲ့ဝင်များမှာ အစ္စရေးတောမီး ငြှိမ်းသက်မှုတွင် ပါဝင်ရန်အတွက် နောက်ဆုံး ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ယမန်နေ့ ညပိုင်းတွင် ပြောကြားခဲ့သည်။

အစ္စရေးက ထိုသတင်းကို အတည်ပြုခဲ့ပြီး ပါလက်စတိုင်း မီးသတ်ကားများလည်း ရောက်ရှိလာမည်ဟု ဆိုသည်။

လက်ရှိအချိန်အတွင် အစ္စရေးနိုင်ငံတစ်ဝှမ်း အကြီးအကျယ်လောင်ကျွမ်းနေသော တောမီးများကို ရုရှား၊ အီတလီ၊ ဂရိ၊ ခရိုအေးရှား၊ ဆိုက်ပရက်စ်နှင့် တူရကီနိုင်ငံတို့က လေယာဉ်များ၊ မီးသတ်ကားများ၊ မီးသတ်တပ်ဖွဲ့များဖြင့် ကူညီငြှိမ်းသက်ပေးနေပြီး အမေရိကန်ကလည်း ၎င်းတို့၏ အကြီးဆုံး မီးသတ်လေယာဉ်ကို စေလွှတ်ရန် ရှိနေသည်။

၂ လတာ မိုးခေါင်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် အဆိုပါတောမီးကြောင့် လက်ရှိတွင် လူပေါင်း ၆၀၀၀၀ ကျော်ကို ကယ်ဆယ်ထားရပြီး၊ မီးလောင်ဒဏ်ရာ ရသူများလည်း ရှိနေသည်ဟု အစ္စရေးက ပြောကြားခဲ့သည်။

ပါက်စတိုင်း မီးသတ်တပ်ဖွဲ့က အစ္စရေးကို ကူညီမှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဟုတ်ဘဲ ၂၀၁၀ ခုနှစ်က ကာရ်မဲလ်သစ်တောအတွင်း မီးလောင်ကျွမ်းမှုတွင်လည်း ၀င်ရောက်ငြှိမ်းသက်ပေးခဲ့သည်။

Ref : Time of Isreal

Tags:

Comments are closed.