6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၅၊ ၂၀၁၆
M-Media

jrsl

– ပါလက်စတိုင်းပိုင် အရှေ့ဂျေရုလစလင်တွင် တရားမ၀င် အခြေချအိမ်ယာ ၅၀၀ ဆောက်လုပ်မည့် အစီအစဉ်ကို ရှေ့ဆက် ဆောင်ရွက်သွားမည်ဟု အစ္စရေးက ယမန်နေ့တွင် ကြေငြာလိုက်သည်။

“ဒီမနက်မှာပဲ ဒေသဆိုင်ရာစီမံကိန်းနဲ့ ဆောက်လုပ်ရေးကော်မတီက ရာမတ် ရှလိုမို မှာ အိမ်ခြေ ၅၀၀ တည်ဆောက်မယ့်အစီအစဉ် ရှေ့ဆောက်ဆာင်ရွက်သွားဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်” ဟု အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်မှုကို ဆန့်ကျင်ကန့်ကွက်နေသည့် Ir Amin အန်ဂျီအိုအဖွဲ့က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါစီမံကိန်းမှာ ၂၀၁၄ ခုနှစ်က ရပ်ဆိုင်းထားသည့် စီမံကိန်းဖြစ်သည်ဟု ဆိုသည်။ ဂျေရုဆလင်မြို့တော်စည်ပင်အဖွဲ့က “ဒီစီမံကိန်းတွေက အသစ်မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့နှစ်တွေကတည်းက အတည်ပြုပြီးသားပါ” ဟု ပြောကြားခဲ့သည်။

၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း၊ ဂါဇာကမ်းမြှောင်၊ အစ္စရေးနှင့် ဆီးရီးယားတို့မှ အစိတ်အပိုင်းတစ်ချို့နှင့်အတူ အရှေ့ဂျေရုစလင်ကိုပါ အစ္စရေးက ကျူးကျော်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အရှေ့ဂျေရုစလင်တွင် ဆောက်လုပ်ထားသည့် အစ္စရေး၏ တရားမ၀င်အိမ်ယာများ၌ နေထိုင်သူများမှာ ၂ သိန်းကျော်ရှိနေပြီး ပါလက်စတိုင်းပိုင်နက်များရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူ စုစုပေါင်းမှာ သန်းဝက်ကျော် ရှိနေသည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ပါလက်စတိုင်းပိုင်နက်များတွင် ထိုကဲ့သို့ တရားမ၀င် အိမ်ယာများ ဆောက်လုပ်ခြင်းမှာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားထားသော်လည်း အစ္စရေးက လိုက်နာခြင်း မရှိပေ။

Ref : Aljazeera

Tags:

Comments are closed.