6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

13532835_1030447270416472_6556049299254283666_n

ရန်ကုန် နိုဝင်ဘာ ၂၄

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် မေရီ ချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းသို့ အလှူငွေကျပ် သိန်း သုံးဆယ် ပေးအပ်လှူဒါန်းခဲ့သည်။

အခမ်းအနားတွင် မေရီချက်(ပ်) မင်း နားမကြားသော ကလေး များကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်းက ကြိုဆိုနှုတ်ခွန်း ဆက်စကားနှင့် ကျောင်းသမိုင်း အကျဉ်းချုပ်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အလှူငွေများ ပေးအပ် လှူဒါန်းပြီး ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းအတွင်း နားမကြား သောကလေးများ လက်တွေ့သင်ကြားနေမှု များ၊ ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးမှုအစီအစဉ်များကို လှည့်လည် ကြည့်ရှုသည်။

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းသည် နားမကြား သောကလေးများကို ပညာသင်ကြားပေးရန်နှင့် ပညာသင်ကြားပေးမည့် ဆရာ ဆရာမများ မွေးထုတ်ပေးရန် ရည်ရွယ်လျက် ၁၉၂ဝ ခုနစ်တွင် ဗြိတိသျှအမျိုးသမီး Ms. Mary Chapman က ဖွင့်လှစ်ပေးခဲ့သည်။ ယခုပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၃၇ဝ ကျော် ပညာသင်ကြားလျက်ရှိသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ် သုခလမ်းရှိ ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့မှ ဦးစီးဖွင့်လှစ်ထားသည့် အဘွားများ သုခရိပ်သာသို့ အလှူငွေကျပ် သိန်းနှစ်ဆယ် ပေးအပ်လှူဒါန်းသည်။

(သတင်းစဉ်) MOI

Comments are closed.