6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၈၊ ၂၀၁၆
M-Media

halima

– အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ Miss Minnesota USA မယ်ပြိုင်ပွဲမှာ ဆိုမာလီအမေရိကန် ဆယ်ကျော်သက်အမျိုးသမီးတစ်ဦးက မွတ်စလင်အမျိုးသမီးတွေ ၀တ်လေ့ရှိတဲ့ ဟီဂျဘ်၊ ဘုရ်ကီနီတို့နဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေလည်း ရရှိခဲ့ပါတယ်။

“ဆိုးရွားတဲ့ကိစ္စတွေကို လုပ်ဆောင်နေတဲ့ သူတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး။ မွတ်စလင်အမျိုးသမီးတွေအပေါ်မှာရှိနေတဲ့ ထင်မြင်ယူဆချက်အမှားတွေ၊ ပုံသေကားကျ ယူဆချက်တွေကို ချေဖျက်ဖို့ ကျွန်မ ဒီမှာ ရှိနေတာပါ” လို့ အဲဒီပြိုင်ပွဲဝင် ဟာလီမာ အေဒင်က ပြောကြားခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် ဟာလီမာဟာ ကင်ညာနိုင်ငံက ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၆ နှစ်အရွယ်မှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့ကာ လက်ရှိမှာတော့ မင်နီဆိုတာပြည်နယ်က စိန့်ကလောက်မြို့မှာ နေထိုင်ပါတယ်။ သူဟာ Miss Minnesota USA ပြိုင်ပွဲမှာ ဟီဂျဘ်၊ ဘုရ်ကီနီတို့နဲ့ ပထမဆုံး ပြိုင်ပွဲဝင်မယ့်သူလည်း ဖြစ်ပါတယ်။

ဟာလီမာကတော့ ဒီလိုယှဉ်ပြိုင်မှုဟာ ဆုရလိုမှုထက် အခြားမိန်းကလေးတွေအတွက် အတူယူစရာဖြစ်အောင်၊ အ၀တ်အစား ရွေးချယ်မှုက သူတို့ရဲ့ဖြစ်တည်မှုကို ဘောင်ခတ်လို့မရဘူးဆိုတာကို သိရှိအောင် အာရုံစိုက်တာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်မလုပ်နေတာတွေအတွက် အမျိုးသမီးတွေ တော်တော်များများက အားပေးထောက်ခံကြပါတယ်။ အဲဒီတစ်ခုတည်းနဲ့ပဲ ၀တ်ရတာ တန်နေပါပြီ။ ကျွန်မကတော့ ကိုယ့်က ဘယ်လိုအသားအရောင်မျိုး ဖြစ်နေပါစေ ယုံကြည်ချက်ရှိဖို့၊ စိတ်လှဖို့အရေးကြီးတာကြောင့် ခန္ဓာကိုယ်ပေါ်က အ၀တ်အစားနဲ့ လူတစ်ယောက်ရဲ့ အလှအပကို တိုင်းတာလို့မရဘူးဆိုတာ သိဖို့ အကြံပေးခဲ့ပါတယ်”

စနေ့နေ့က ပြိုင်ပွဲမှာ လုံခြုံတဲ့ရေကူးဝတ်စုံ၊ ဟီဂျဘ်တို့ရဲ့ ရှိုးလျှောက်ပြခဲ့တဲ့ ဟာလီမာကို ပရိတ်သတ်တွေ အကြီးအကျယ် သြဘာပေးခဲ့ကြတယ်လို့ Minneapolis Star Tribune က ဂျာနယ်လစ် လစ်ဇ် ဆော်ယာက ရေးသားခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ အစီအစဉ်ကြေငြာသူကတော့ “သူမဟာ ဒီညမှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တယ်” လို့ ကြေငြာခဲ့ပါတယ်။

ဟာလီမာရဲ့ အနက်ရောင်ဟီဂျဘ်၊ အနက်ရောင် ခါးဖုံးအင်္ကျီ၊ ပန်းရောင်ဂါဝန်နဲ့ ညနေခင်းဝတ်စုံကလည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

Minneapolis Star Tribune ကတော့ ဟာလီမာဟာ တစ်နေ့မှာ အမေရိကန်ရဲ့ သံတမန်တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ချက် ရှိနေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာလီမာဟာ St. Cloud တက်က္ကသိုလ်မှာ ပညာဆည်းပူးနေပါတယ်။

ဟာလီမာရဲ့ ဒီယှဉ်ပြိုင်မှုကြောင့် အမေရိကန်က ဆိုမာလီအသိုင်းအ၀ိုင်းကြားမှာ အငြင်းပွားမှုတစ်ချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် Miss Minnesota ပြိုင်ပွဲရဲ့ အမှုဆောင်ပူးတွဲဒါရိုက်တာ ဒန်နီဆီ ဝေါလေ့စ်က ပြိုင်ပွဲရဲ့ တာဝန်ရှိသူတွေအနေနဲ့ ဟာလီမာရဲ့ ရိုးရာအ၀တ်အစား ရွေးချယ်မှုကို အားပေးပြီး မိမိတို့ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ‘အမျိုးသမီးတွေ ယုံကြည်ချက်ပြည့်ဝတဲ့ လှပမှုမျိုး’ ရှိလာအောင် တိုက်တွန်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

“အမျိုးသမီးတွေ တိုးတက်နေမှ၊ ဒီပြိုင်ပွဲကလည်း ဆက်လက်တိုးတက်နေမှာပါ။ Miss Universe အဖွဲ့ဟာ မတူကွဲပြားတဲ့ အလှအပတွေ ဖော်ဆောင်ရာမှာ ရှေ့တန်းကရှိနေတဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ ဝေါလေ့စ်က ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က ပြီးဆုံးခဲ့ပြီး အလှမယ်ပေါင်း ၄၅ ဦးပါဝင်ယှဉ်ပြိုင်တဲ့ ဒီ Miss Minnesota USA မှာ ဆိုမာလီအမေရိကန်က ဟာလီမာတစ်ယောက်တည်းသာ မဟုတ်ပါဘူး။ အသက် ၂၀ အရွယ် မူနာအလီဆိုတဲ့ အမျိုးသမီးငယ်တစ်ဦးလည်း ပါဝင်ခဲ့ပြီး သူကတော့ ဘီကီနီနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

Miss Minnesota USA ဆုရသူကို တနင်္ဂနွေနေ့ညမှာ ကြေငြာမှာဖြစ်ပြီး ဆုရတဲ့အလှမယ်ဟာ နိုင်ငံတော်အဆင့်မှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

Ref: mic.com

Comments are closed.