နိုဝင်ဘာ ၃၀ ၊ ၂၀၁၆
အထက (၃ )သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးသည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အငြိမ်းစားယူသွားသည့် တပ်မတော်ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးလှဌေးဝင်း တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့သော အထက်တန်းကျောင်း တစ်ကျောင်းဖြစ်သည်။
ထိုကျောင်းတွင် ဗုဒ္ဓဘာသာဝင်ကျောင်းသားကျောင်းသူများ ၃၀ ရာခိုင်နှုန်းကျော်ရှိပြီး ခရစ်ယာန်၊အစ္စလာမ် ၊ဟိန္ဒူ ဘာသာဝင် ကျောင်းသား/သူများ ၇၀ ရာခိုင်နှုန်းခန့်ရှိပါသည။
မတူကွဲပြားသော ဘာသာဝင် ကျောင်းသား;သူများ အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့သော အစဉ်အလာ ရှိသည့်ကျောင်းဖြစ်ပါသည်။
လက်ရှိကျောင်းအုပ် ဆရာကြီး ဦးတင်မောင်အေးသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၁၀ နာရီ အချိန်တွင် ကျောင်းသားကျောင်းသူများ အား Assembly လုပ်ရန် ကွင်းပြင်၌ စုဝေးနေစဉ် ကျောင်းသားကျောင်းသူများအား “အစိုးရကျောင်းဖြစ်လို့ ‘ငါ ‘မင်းတို့ကို ကျောင်းလက်ခံထားတာ။ ငါ့ ကိုယ်ပိုင်ကျောင်းဆိုရင် ကုလားတွေကို လုံးဝ လက်မခံဖူး “ဟု ရိုင်းပြစွာ ပြောဆိုခဲ့ကြောင်း ပြောခဲ့ပါသည်။
ထို့ပြင် ၂၉ ရက် နိုဝင်ဘာ မနက်ခင်းကျောင်းတက်ချိန်တွင်လည်း နေပူကြီးထဲတွင် ကျောင်းသားကျောင်းသူများအား အပြစ်ပေးသည့်အနေဖြင့် မနက်ကျောင်းတက်ချိန်မှ ၁၀ နာရီအထိ နေပူထဲ အချောက်လှန်းထားသည့်ဖြစ်ရပ်လည်း ရှိခဲ့ပါသည်။
ဘာသာပေါင်းစုံ ယဉ်ကျေးမှု့ပေါင်းစုံ ရှိနေသည့် မြန်မာနိုင်ငံတွင် နိုင်ငံဝန်ထမ်း ကျောင်းအုပ်ဆရာကြီးဆိုသူမှ ဗုဒ္ဓဘာသာဝင်မဟုတ်သော အခြား ဘာသာဝင်များကို ရောသမမွှေကာ “ကုလား”ဟု သုံးနှုန်းပြောဆိုခြင်းသည် ဆရာကြီး၏ ယုတ်ရင်းကြမ်းတမ်းသော အမူအယာနှင့် ခွဲခြားဆက်ဆံသည့်စိတ်ဓာတ်ကို ပြနေပါသည်။
ထိုသို့သော ကျောင်းအုပ်ဆရာကြီးများသည် ယနေ့ခေတ် ပညာရေးလောကတွင် ရှိနေခြင်းသည် ပညာရေးဝန်ထမ်းဆရာ ဆရာမများအားလုံးအတွက် ဂုဏ်သိက္ခာကျဆင်းပါကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သိစေရန် တင်ပြအပ်ပါသည်
**M-Media ၏ ပြည်သူ့အသံ ကဏ္ဍ သို့ “နေမင်း” မှ ပေးပို့သော ပေးစာဖြစ်ပါသည်။
Comments