6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၅၊ ၂၀၁၆
M-Media

van

ရွေးကောက်ပွဲအနိုင်ရခဲ့သည့် ဂရင်းပါတီမှ အလက်ဇန်းဒါး ဗန်ဒါ ဘဲလန်

– တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် သြစတြီးယား၏ ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲတွင် လက်ယာစွန်းရောက် အမျိုးသားရေးသမား နိုဘတ် ဟိုဖာ ရှုံးနိမ့်သွားခဲ့သည်ဟု သိရသည်။

တရားဝင်ရလဒ်ကို ယနေ့မှ ထုတ်ပြန်မည်ဖြစ်သော်လည်း မဲရေတွက်မှုပြီး ယမန်နေ့ညနေကတည်း ဟိုဖာ၏ FPOe ပါတီက ၎င်းတို့ ရှုံးနိမ့်ကြောင်း ကြေငြာခဲ့ခြင်းဖြစ်သည်။

ပါတီ၏ ဗဟာဗျူဟာမှူး ကစ်ကဲလက်မူ အနိုင်ရရှိသွားသည့် ဂရင်းပါတီမှ သမ္မတလောင်း အလက်ဇန်းဒါး ဗန်ဒါ ဘဲလန်ကို ဂုဏ်ပြုခဲ့ပြီး ဟိုဖာက မိမိအနေဖြင့် မျှော်မှန်းချက် မပြည့်ဝသည့်အတွက် အလွန်အမင်း ၀မ်းနည်းမိသည်ဟု ပြောကြားခဲ့သည်။

ဘဲလန်မှာ စုစုပေါင်း မဲအရေအတွက်၏ ၅၃.၆ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး၊ ကစ်ကဲလ်က ၄၆.၄ ရာခိုင်နှုန်း ရရှိခဲ့သည်။

ပြီးခဲ့သည့် မေလကလည်း သမ္မတရွေးကောက်ပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ဟိုဖာကပင် ဘယ်လန်ကို ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း ဘဲလန်၏ ပါတီက မေလရွေးကောက်ပွဲ မဲရေတွက်မှုတွင် သင့်လျော်သည့် စောင့်ကြည့်မှု မရှိဟု တိုင်ကြားခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရွေးကောက်ပွဲပြန်လုပ်ရန် အမိန့်ပေးခဲ့သည်။

ဟိုဖာမှာ ဒုက္ခသည်နှင့် ပြောင်းရွှေ့အခြေချသူ ၉၀၀၀၀ ကို ပြီးခဲ့သည့်နှစ်အတွင်း ၀င်ခွင့်ပေးမှုအတွက် အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူဖြစ်သည်။ ဗန် ဒါ ဘဲလန်ကမူ အခြားသော သြစတြီးယားပြည်သူများကဲ့သို့ပင် ပြောင်းရွှေ့အခြေချသူများအား ကူညီရန် သဘောထားရှိနေသည်။

Ref: Aljazeera

Tags:

Comments are closed.