ဒီဇင်ဘာ ၁၁ ၊ ၂၀၁၆
M-Media
သတင်း-သီဟ

WY ဆေးပြား ၁၄ သန်းကျော်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိစဉ်
ရခိုင်ပြည်နယ် တောင်ကုတ်ဖက် သွားရာ လမ်းကြောင်းတွင် WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၁၄ သန်းကျော်ကို ဖမ်းဆီးရမိတယ်လို့ တပ်မတော်ပိုင် မြဝတီ သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကာလ တန်ဖိုး ကျပ်သန်းပေါင်း ၇ သောင်း ကျော်တန်ဖိုးရှိတယ်လို့ သိရပါတယ်။
အဆိုပါမူးယစ်ဆေးဝါးတွေကို စက်သုံးဆီပေပါ ၁၅ လုံးထဲမှာ ထည့်သွင်း သယ်ဆောင်လာတာဖြစ်ပြီးတော့ ယာဉ်ပေါ်ပါလာသူ ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း ဖော်ပြထားပါတယ်။
Comments