6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၃၊ ၂၀၁၆
M-Media

libya

ပြန်ပေးဆွဲခံရသည့် လေယာဉ်

– စုစုပေါင်း ၁၁၈ ဦးလိုက်ပါသွားသည့် လစ်ဗျား ခရီးသည်တင်လေယာဉ်တစ်စီးကို လူတစ်ဦးက ပြန်ပေးဆွဲသွားခဲ့ပြီး မောလ်တာနိုင်ငံတွင် ဆင်းသက်ခိုင်းခဲ့သည်ဟု သိရသည်။

ယနေ့နေ့လည်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ Airbus A320 ကို ပြန်ပေးဆွဲခဲ့သူက ၎င်းမှာ လစ်ဗျား အာဏာရှင်ဟောင်း ကဒါဖီကို ထောက်ခံသူဖြစ်ကြောင်း၊ ခရီးသည် ၁၁၁ ဦးကို လွှတ်ပေးမည်ဖြစ်ကာ လေယာဉ်အမှုထမ်း ၇ ဦးကို ၎င်း၏ တောင်းဆိုမှု ပြည့်ဝမှသာ လွှတ်ပေးမည်ဟု ပြောကြားထားကြောင်း Times of Malta က ဖော်ပြခဲ့သည်။ ၎င်းတွင် လက်ပစ်ဗုံး ပါသည်ဟုလည်း သိရသည်။

သို့သော်လည်း ၎င်း၏ တောင်းဆိုမှုမှာ မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် ပြန်ပေးဆွဲမှုကို တစ်ယောက်တည်း ပြုလုပ်သည်လားဆိုသည်ကို ရှင်းရှင်းလင်လင်း မသိရသေးပေ။

လစ်ဗျား၏ ကုလသမဂ္ဂ ကျောထောက်နိုင်ငံပြု အစိုးရကလည်း အဆိုပါပြန်ပေးဆွဲခံရမှုမှာ မှန်ကန်ကြောင်း အတည်ပြုခဲ့ကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက လေယာဉ်ပေါ်သို့ လိုက်ပါသွားသူအားလုံးမှာ ကျန်းမာရေးကောင်းမွန်နေသည်ဟု ပြောကြားခဲ့သည်။

မောလ်တာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ လေယာဉ်၏ အနီးအနားတစ်ဝိုက်တွင် နေရာယူထားကြပြီး၊ မောလ်တာနိုင်ငံတကာလေယာဉ်ကွင်းမှ လေယာဉ်ခရီးစဉ်များအားလုံးကို ဖျက်သိမ်းခြင်း၊ လမ်းကြောင်းပြောင်းခြင်းတို့ ပြုလုပ်ခဲ့သည်ဟု Times of Malta က ဆိုသည်။

လစ်ဗျားနိုင်ငံပိုင် Afriqiyah လေကြောင်းလိုင်းမှ အဆိုပါလေယာဉ်မှာ နိုင်ငံအနောက်တောင်ပိုင်း ဆဘ်ဟာမြို့မှ ထရီပိုလီသို့ ပျံသန်းစဉ် ယခုကဲ့သို့ ပြန်ပေးဆွဲ ခံခဲ့ရခြင်းဖြစ်သည်။

Ref: Aljazeera

Tags:

Comments are closed.