6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၆၊ ၂၀၁၆
M-Media

phakant

ဖားကန့်ကျောက်တူးဖော်ရေး မြင်ကွင်းတစ်ခု

– ခြစားမှုများဖြင့် နာမည်ကျော်သည့် ကချင်ပြည်နယ် ဖားကန့်ဒေသ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး အစီအစဉ်အတွက် တင်ဒါအောင်မြင်သူကို မကြာမီ ကြေငြာသွားမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

“ကျွန်တော်တို့ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။ ဒီအစီအစဉ်မရှိဘဲနဲ့ လုပ်ကွက်တွေ ပြန်ချပေးရင် အခက်အခဲတွေဖြစ်မှာပါ” ဟု နိုင်ငံတော်ပိုင် မြန်မာ့ကျောက်မြတ်လုပ်ငန်း MGE မှ မန်းနေးဂျင်းဒါရိုက်တာ ဦးအောင်ညွန့်သိန်းက ဆိုသည်။

MGE မှာ ကျောက်တူးဖော်ရေး လုပ်ကွက်များအတွက် လိုင်စင်ချပေးသည့်တာဝန်ကို ရယူထားသည်။

ဖားကန့်နှင့် လုံးခင်းဒေသများတွင် အဆိုပါ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး အစီအစဉ်အတွက် ယခုနှစ် နှစ်လည်ပိုင်းက တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းလုပ်ငန်း ၂ ခုနှင့် နိုင်ငံခြားလုပ်ငန်း ၂ ခုတို့ တင်ဒါ လျှောက်ထားခဲ့ကြသည်။

တင်ဒါအောင်မြင်သူကို ယခုနှစ်မကုန်မီ ထုတ်ပြန်ကြေငြာသွားမည်ဖြစ်သည်။

ဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် မကြာမီ သက်တမ်းကုန်ဆုံးတော့မည့် ကျောက်စိမ်းနှင့် ကျောက်မြတ်ရတနာ တူးဖော်ရေး ပါမစ်များကို ဆက်လက် သက်တမ်းတိုးပေးတော့မည်မဟုတ်ဘဲ၊ မြန်မာကျောက်မြတ်ရတနာဥပဒေသစ် အတည်မပြုမချင်း လိုင်စင်အသစ်ကို ချပေးမည်မဟုတ်ဟု ဇူလိုင်လတွင် ကြေငြာခဲ့သည်။

Ref: mmtimes

Comments are closed.