6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၅၊ ၂၀၁၇
M-Media

police

– ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်စော်ကားမှုမရှိဆိုသည့် အစိုးရ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အစီရင်ခံစာကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ရှုတ်ချလိုက်ပြီး၊ လုပ်ထုံးလုပ်နည်းပိုင်းအရ အပြစ်အနာအဆာ ရှိနေသည်ဟု ပြောကြားလိုက်သည်။

အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်ကင်းစခန်းများကို လူအုပ်ကြီးက စီးနင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတွင် တရားလက်လွတ် သတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများ ရှိသည်ဟု စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်လာခဲ့ပြီး မြန်မာအစိုးရကမူ ထိုစွပ်စွဲမှုများအား ငြင်းဆိုကာ လုပ်ကြံပြောဆိုမှုများ ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရွာတစ်ရွာတွင် ရဲတပ်ဖွဲ့က မွတ်စလင်အရပ်သားများကို ထိုးကြိတ်ကန်ကျောက် နှိပ်စက်နေသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပြီး မြန်မာအစိုးရ တာဝန်ရှိသူများကမူ ထိုလုပ်ရပ်အတွက် အရေးယူမှု ပြုလုပ်ထားသည်ဟု ပြောကြားခဲ့သည်။

အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပြဿနာများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသည့် ကော်မရှင်က ယမန်နေ့တွင် ကြားဖြတ်အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာမွတ်စလင်များအပေါ် ကျူးလွန်မှုများ၊ ၎င်းတို့ ထွက်ပြေးရအောင် လုပ်ဆောင်မှုများ မရှိဟု ဖော်ပြခဲ့သည်။

‘မငြိမ်မသက်ဖြစ်နေတဲ့ ဒေသက ဘင်္ဂါလီလူ့အဖွဲ့အစည်း၊ ဗလီတွေ၊ ဘာသာရေးအဆောက်အအုံတွေရဲ့ အနေအထားတွေက လူမျိုးတုန်းသတ်ဖြတ်မှု၊ ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှုမျိုး မရှိဘူးဆိုတာကို သက်သေပြနေပါတယ်’ ဟု အစီရင်ခံစာတွင် ရေးသားထားမှုကို နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

ကြိုတင်စီစဉ်ထားမှု

မကြာသေးမီကာလအထိ အမေရိကန်က အမည်ပျက်စာရင်းသွင်းထားသော ဗိုလ်ချုပ်ဟောင်းတစ်ဦး ဦးဆောင်သည့် အဆိုပါ ကော်မရှင်က လုံခြုံရေးတပ်ဖွဲ့ဝင်များ အဓမ္မပြုကျင့်သည်ဆိုသည့် ကိစ္စအတွက် လုံလောက်သည့် အထောက်အထား မတွေ့ရဘဲ၊ မီးရှို့မှု၊ မတရားဖမ်းဆီးမှုနှင့် ညှင်းပမ်းနှိပ်စက်မှုများ ရှိသည်ဆိုသော ပြောကြားမှုများအတွက်လည်း ဆက်လက် စုံစမ်းဆေးနေသည်ဟု ဆိုသည်။

သို့သော်လည်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ထိုအစီရင်မှာ လုပ်ထုံးလုပ်နည်းအရ အပြစ်အနာအဆာရှိနေသည်ဟု ပြောကြားခဲ့သည်။

“နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဖိအားကို တန်ပြန်ဖို့အတွက် အခြေအနေက သိပ်မဆိုးပါဘူးဆိုတာမျိုး ချပြဖို့ နိုင်ငံရေးအရ ကြိုတင် သတ်မှတ်ထားတဲ့ ကောက်ချက်မျိုးပါပဲ” ဟု အစီရင်ခံစာကို ရည်ညွှန်း၍ HRW က ဝေဖန်ခဲ့သည်။

Ref : Aljazeera

Comments are closed.