ဇန်နဝါရီ ၇၊ ၂၀၁၇
M-Media
ဖြူလေး
ရန်ကုန်။ ။ ဇန်နဝါရီလ (၆) ရက်နေ့မှာ သာကေတမြို့နယ်မှာ ကျင်းပပြုလုပ်မည့် တမန်တော်နေ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းအထိမ်းအမှတ် ဟောပြောပွဲ ကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများထံမှ ကျင်းပရန် ခွင့်ပြုမိန့်
ရထားသော်လည်း အမျိုးသားရေး အစွန်းရောက်သူများ၏ ဆိုရှယ်မီဒီယာမှ တဆင့် အကြမ်းဖက်ရန် လှုံ့ဆော်ခြင်း၊ ပြင်ပတွင် လူစုလူဝေးဖြင့် တားဆီးမှုများကြောင့် ဟောပြောပွဲကျင်းပခြင်းကို ရပ်ဆိုင်းခဲ့ရပါတယ်။
“နေ့လည် တစ်နာရီလောက်ကတည်းက အနော်မာထိပ်မှာ အမျိုးသားရေးအစွန်းရောက်တွေက လူအင်အား တစ်ထောင်လောက်ရှိတယ် တူညီဝတ်စုံတွေဝတ်ပြီး စုရုံးနေကြတယ်။ ခန်းမကလည်း ကျွန်တော်တို့ကို တံခါးဖွင့်မပေးတော့ဘူး။ အဲ့ဒီ ထောင်ကျော်တဲ့ အစွန်းရောက်တွေကို ဦးစီးနေတဲ့လူကတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဒေါ်ပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီကနေ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်က ဦးဆောင်နေတာကို တွေ့ရတယ်” လို့ အခမ်းအနားကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အဆိုပါ အမျိုးသာရေးအစွန်းရောက်များက တုင်းဒေသကြီး အစိုးရက တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်သည့် အဆိုပါ ပွဲပျက်အောင် ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးဖြင့် အစ္စလာမ်ဘာသာကို တိုက်ခိုက်စော်ကားသည့် စကားလုံးများ၊
စော်ကားသည့် စကားလုံးများဖြင့် အခမ်းအနား ကျင်းပမည့် ခန်းမအနီးတွင် ဟောပြောစည်းရုံးခဲ့ကြပါတယ်။
“ကျွန်တော်တို့ ဘာသာကို မင်းမဲ့စရိုက်ဆန်စွာ ဟောပြောနေတာကိုကြတော့ တာဝန်ရှိ ရဲတွေက လက်ပိုက်ကြည့်နေတယ် အုပ်ချုပ်ရေးမှူးရုံးကလည်း အခမ်းအနား မကျင်းပရတာနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ကို ဘာမှ ပြောခြင်းဆိုခြင်း
မရှိဘူး။ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အပ်နှင်းထားတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတာပါပဲ။ ဘာသာတစ်ခုကို ပရမ်းပတာနဲ့ စော်ကားတာကိုပါ လက်ပိုက်ကြည့်နေရတဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ရင်ဆိုင်နေရတယ်”
လို့ အခမ်းအနားကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက M-Media ကို ပြောဆိုခဲ့ပါတယ်။
အခမ်းအနားမပြုလုပ်ခင် ယခင်ရက်များကတည်းကို အမျိုးသားရေး အစွန်းရောက်ဝါဒီများက လူမှုကွန်ယက်စာမျက်နှာများပေါ်မှာ လူမျိုးရေး ဘာသာရေးအသွင်ဆောင်သည့် အရေးအသားများဖြင့် အစ္စလာမ်ဘာသာကို တိုက်ခိုက်သည့် စကားများလုံးများစွာကို ရေးသားပြီး လှုံဆော်ဖြန့်ဝေမှုတွေ ပြုလုပ်ခဲ့တာကိုတွေ့ရှိရပါတယ်။
မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပလေ့ရှိခဲ့ပြီး ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်က နိုင်ငံတော်သမ္မတ ၊ ဝန်ကြီးချူပ်များ ကိုယ်တိုင် တက်ရောက်ခြင်း၊ သဝဏ်လွှာများပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက် နိုင်ငံတော်သမ္မတ၊ ဝန်ကြိးချူပ်များ ၏ တမန်တော်နေ့ သဝဏ်လွှာနှင့် အခမ်းအနားတက်ရောက်မှု မှတ်တမ်းအချို့
Comments