ဇန်န၀ါရီ ၂၆၊ ၂၀၁၇
M-Media
– ဆူဒန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင် ရွတ်ဖတ်မှုပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ထိုင်းမွတ်စလင် လူငယ်တစ်ဦးကို ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက တွေ့ဆုံကာ ချီးကျူး ဂုဏ်ပြုခဲ့သည်ဟု သိရသည်။
International Holy Quran Award အမည်ဖြင့် ဇန်န၀ါရီ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ပြိုင်ပွဲတွင် ပတ္တာနီဒေသမှ အသက် ၁၈ နှစ်အရွယ် ထိုင်းမွတ်စလင်လူငယ် ဟာဆန် ဆာမိုဟ်မှာ အနိုင်ရရှိခဲ့ပြီး ဘတ်ငွေ ၁.၄ သန်း တန်ဖိုးရှိ ဆုကြေးငွေကို ရရှိခဲ့သည်။
နယ်စပ်ဒေသအုပ်ချုပ်ရေးင်တာ (SBPAC) မှ အထွေထွေအတွင်းရေးမှူး ဆူပါနတ် ဆီရန်တာဝီနီတီက ဦးဆောင်သည့် ဟာဆန် ဆာမိုဟ်နှင့်အဖွဲ့မှာ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့သည်။
ဝန်ကြီးချုပ်ကမူ နိုင်ငံတကာ ပြိုင်ပွဲတစ်ခုတွင် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခြင်းအတွက် ချီးကျူးပါကြောင်း၊ လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေးကို ဖန်တီးနိုင်ရန်အတွက် လူငယ်များအနေဖြင့် ပြည်သူလူထုအတွက် ဆက်လက် ကြိုးစားအားထုတ်ရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။
Ref : Thaivisa
Comments