ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
M-Media
ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းတွင် ရန်ကုန်လေဆိပ်၌ အကြမ်းဖက် လုပ်ကြံခံရပြီး ကွယ်လွန်သူ NLD ပါတီ ဥပဒေအကြံပေး(ဗဟို)၊ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီနှင့် လူသတ်တရားခံအား လိုက်လံဖမ်းဆီးစဉ် သေနတ်ထိမှန်၍ ကွယ်လွန်ခဲ့သူ ကိုနေဝင်းအား ရည်စူး၍ ဘာသာကြီး ၄ ခု မှ ခေါင်းဆောင်များနှင့် ပြည်သူများ မှ မေတ္တာပို့ အမျှဝေ ဆုတောင်းပွဲတစ်ရပ်ကို ဖေဖေါ်ဝါရီလ ၁၂ ရက် မနက် ၉နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (ခ) ရပ်ကွက်တွင် ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားတွင် သင်္ကန်းကျွန်းမြို့နယ် (ခ)ရပ်ကွက် ရပ်မိရပ်ဖ များ၏ ဦးဆောင်မှုဖြင့် လူမျိုးဘာသာမရွေး လူ ၃၀၀၀ နီးပါးအား နံနက်စာ ထမင်း ကျွေးမွေးခဲ့ကြောင်းသိရှိရပါတယ်။
အဆိုပါ အခမ်းအနားသို့ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကိုကိုဦး။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးးဦးဆန်းမြင့်၊့ မြို့နယ်ဘာသာပေါင်းစုံအဖွဲ့ ဥက္ကဌဦးခင်ဝေ၊ အထူးဖိတ်ကြားထားသူများနှင့် ရပ်မိရပ်ဖ ရပ်ကွက်သူရပ်ကွက်သားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
သတင်းနှင့် ဓါတ်ပုံများပေးပို့သူ ဂျက်ဖရီ တင်အုံး (RIT) အား ကျေးဇူးတင်ရှိပါတယ်။
Comments