News @ M-Media

ဖားကန့် ကျောက်စိမ်းတွင်း မြေပြိုမှု လူ ၉ ဦး သေဆုံး

ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
M-Media

– မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့က မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် လူ ၉ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

အခင်းဖြစ်ပွားသည့်နေ့တွင် သေဆုံးသူ ရုပ်အလောင်း ၅ ခုကို တွေ့ရှိခဲ့ရပြီး၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် နောက်ထပ် ရုပ်အလောင်း ၃ လောင်းကို ထပ်မံတွေ့ရှိခဲ့ရသည်။ ကယ်ဆယ်ရေးလုပ်သားများမှာ ဒဏ်ရာရရှိသူ ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း တစ်ဦးမှာ ဆေးရုံးတွင် သေဆုံးသွားခဲ့သည်။

အဆိုပါ ထိခိုက်သေဆုံးသူများမှာ ကျောင်းစိမ်းတွင်းတွင် ရေမဆေးကျောက် ရှာဖွေကြသူများ ဖြစ်မည်ဟု ယုံကြည်ရသည်။

ကချင်ပြည်နယ်မှာ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းထွက်ရာ ဒေသများထဲတွင် ပါဝင်သော်လည်း စည်းမျဉ်းစည်းကမ်းများ လျော့ရဲမှုကြောင့် အန္တရာယ်အရှိဆုံးနေရာအဖြစ် သတ်မှတ်ခံထားရသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ဖားကန့်တွင် လူသေဆုံးမှုများပြားသည့် မြေစာပုံပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်တစ်ခုတွင် လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။

ထိခိုက်သေဆုံးသူများမှာ ဒေသတွင်း သို့မဟုတ် တစ်နယ်တစ်ကျေးမှ လာရောက်ကာ ရေမဆေးကျောက် ရှာဖွေကြသည့် ဆင်းရဲနွမ်းပါးသူများဖြစ်သည်။

Ref: mmtimes