6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇
M-Media

– အီဂျစ်နိုင်ငံက အမျိုးသမီးလေယာဉ်မှူး မဂ်ဒါ မာလစ်ဟာ ဘိုအင်း ၇၇၇-၃၃၃ လေယာဉ်ကြီးကို မောင်းနှင်ပြီး နိုင်ငံရဲ့ လေကြောင်းသမိုင်းမှာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။

ဒီ ဘိုးအင်းလေယာဉ်ဟာ အီဂျစ်လေကြောင်းကဏ္ဍမှာ အကြီးဆုံးလေယာဉ်ကြီးဖြစ်ပြီး မာလစ်က အီဂျစ်ကနေ အမေရိကန်ကို မောင်းနှင်ခဲ့တာဖြစ်ပါတယ်။ မာလစ်ဟာ ဒီလေယာဉ်ကြီးကို မောင်နှင်တဲ့ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှူးဖြစ်လာပြီး ဒါဟာ အမျိုးသားတွေသာကြီးစိုးတဲ့ လေကြောင်းကဏ္ဍမှာ ဖောက်ထွက်နေရတဲ့ အမျိုးသမီးတစ်ဦးရဲ့ မှတ်တမ်းသစ်တစ်ခုလည်း ဖြစ်ပါတယ်။

လေယာဉ်မောင်းချိန် နာရီပေါင်း ၃၄၀၀ ရှိပြီဖြစ်တဲ့ မာလစ်ကတော့ သူမအနေနဲ့ ငယ်ငယ်ကတည်းက ပျံသန်းရတာကို နှစ်သက်ခဲ့ပြီး အဖေဖြစ်သူ မာလစ် အဒ်လီကလည်း အီဂျစ်အစိုးရလေကြောင်းလိုင်းက နာမည်ကြီး လေယာဉ်မှူးတစ်ဦးဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

သူမဟာ အထက်တန်းပြီးကတည်းက လေကြောင်းအကယ်ဒမီကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ပုဂ္ဂလိကလေကြောင်းလိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ အီဂျစ်လေကြောင်းလိုင်းကို ၀င်ရောက်ခဲ့တာပါ။

ဥရောပနဲ့ အမေရိကကို မောင်းရတဲ့ခရီးစဉ်မှာ ၅၅ နာရီကြာတဲ့ ခရီးစဉ်ဟာ အခက်ခဲဆုံးဖြစ်ပြီး အဲဒီလိုခရီစဉ်ကို တစ်လ ၃ ကြိမ်လောက် မောင်းနှင်ရကြောင်း၊ ဒီခရီးစဉ်ဟာ အခြားခရီးစဉ်တွေထက် ပိုမို သတိထားအာရုံစိုက်ရပြီး ခင်ပွန်းဖြစ်သူ ခွဲစိတ်ဆရာဝန် အဟ်မဒ် ကမာလ်က သူမရဲ့ အလုပ်အတွက် အမြဲတမ်း အားပေးထောက်ခံကြောင်း မာလစ်ကဖွင့်ဟခဲ့ပါတယ်။

နောက်ပြီး အမျိုးသားတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာကို နေ့စဉ်နဲ့အမျှ ပြသနေတဲ့ အီဂျစ်အမျိုးသမီးတွေရဲ့ ဂုဏ်ယူစရာကောင်းတဲ့ ပုံရိပ်ကို ကိုယ်စားပြုဖို့ မျှော်လင့်ကြောင်းလည်း သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref: Alarabiya

Comments are closed.