6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
M-Media

– ယခုတစ်ပတ် အစောပိုင်းက အမေရိကန်ပြည်ထောင်စု စိန့်လူးဝစ်မြို့တွင် ဖျက်ဆီးခံလိုက်ရသည့် ဂျူးသုဿာန် ပြန်လည်ပြင်ဆင်ရေးအတွက် မွတ်စလင်များက ရန်ပုံငွေရှာပေးခဲ့ပြီး နာရီပိုင်းအတွင်းမှာပင် ဒေါ်လာ ၂ သောင်းကျော် ရရှိခဲ့သည်ဟု သိရသည်။

Chesed Shel Emeth Cemetery သုဿာန်ဖြစ်ပြီး တနင်္ဂနွေနေ့ညပိုင်း၊ သို့မဟုတ် တနင်္လာနေ့ မနက်အစောပိုင်းတွင် လူဖြူအစွန်းရောက်များ၏ ဂျူးဆန့်ကျင်ရေးအမုန်းတရားကြောင့် ဖျက်ဆီးခံရခြင်းဖြစ်မည်ဟု ယူဆရသည်။ ထိုတိုက်ခိုက်မှုကြောင့် အုတ်ဂူနှင့် အောက်မေ့ဖွယ်မှတ်တိုင်ပေါင်း ၁၀၀ ကျော် ပျက်ဆီးခဲ့သည်။

ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် မွတ်စလင် တက်ကြွလှုပ်ရှားသူများဖြစ်သော လင်ဒါ ဆာရ်ဆူရာနှင့် တာရစ် အလ်-မက်ဆီဒီတို့က အဆိုပါ သုဿာန်ပြင်ဆင်ရေး ရန်ပုံငွေလှုပ်ရှားမှုတစ်ခုကို အွန်လိုင်း၌ စတင်ခဲ့ပြီး၊ ဒေါ်လာ ၂၀၀၀၀ ရည်မှန်းထားသော်လည်း နာရီပိုင်းအတွင်းမှာပင် ကန်ဒေါ်လာ ၂၅၀၀၀ အထိ ရရှိခဲ့သည်။

“ဂျူးတစ်ယောက်ရဲ့ ဈာပနစီတန်းလှည့်လည်မှုကို မတ်တပ်ရပ်ကာ လေးစားဂုဏ်ပေးခဲ့တဲ့ တမန်တော် မုဟမ္မဒ်သခင်ရဲ့ လုပ်ရပ်ကို အတုယူအားကျခဲ့တာပါ။ ဒီလိုဘာ့ကြောင့်လုပ်တာလည်းမေးတော့ ‘သူလည်းပဲ လူသားတစ်ဦး မဟုတ်ပေဘူးလား’ လို့ ကိုယ်တော်က ပြန်လည်ဖြေကြားခဲ့ပါတယ်” ဟု ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုကို စတင်ခဲ့သည့် မွတ်စလင် တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။

ထို့ပြင် ထိုကဲ့သို့သော အမုန်းတရား၊ အထွဋ်အမြတ်ထားရာကို ဖျက်ဆီးခြင်း၊ အကြမ်းဖမ်းမှုများအတွက် ဂျူးနှင့် မွတ်စလင်လူ့အဖွဲ့အစည်းများတွင် နေရာမရှိဟူသော သတင်းစကားကို ယခုလှုပ်ရှားမှုမှတစ်ဆင့် ပါးလိုကြောင်း၊ ယခုအဖြစ်အပျက်အတွက် တုန်လှုပ်ခဲ့ရသော အမေရိကန်မှ ဂျူးလူ့အဖွဲ့အစည်းအတွက် ဤပြင်ဆင်ပေးမှုက လုံခြုံမှု၊ ငြိမ်းချမ်းမှုကို ခံစားရမည်ဟု ဆုမွန်ကောင်းတောင်းပါးကြောင်း ၎င်းတို့က ထည့်သွင်းပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့မူ အဆိုပါ သုဿာန်အား တိုက်ခိုက်သူများကို လိုက်လံရှာဖွေလျက် ရှိနေသည်။

Ref: Ilmfeed

Comments are closed.