6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၈၊ ၂၀၁၇
M-Media

– ဆိုမာလီနိုင်ငံ၏ ဆိုးရွားလာသော အငတ်ဘေးပြဿနာကို လျော့ပါးစေရေး ဆာင်ရွက်ပေးရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ကုလအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းလိုက်သည်။

ကုလအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူပြီးကတည်းက ပထမဆုံး မြေပြင် လေ့လာရေးအဖြစ် ယမန်နေ့က ဆိုမာလီယာသို့ အရေးပေါ်သွားရောက်ခဲ့ပြီး ပြည်သူများ၏ အဟာရချို့တဲ့မှု၊ ၀မ်းပျက်ဝမ်းလျှောရောဂါသည်များကို မျက်မြင် တွေ့ရှိခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ဂူတာရက်စ်က လူ ၆ သန်း၏ အငတ်ဘေးပြဿနာကို အလျင်အမြန်နှင့် ထိထိရောက်ရောက်ဖြေရှင်းရန် လိုနေပြီး နိုင်ငံ၏ လူဦးရေ ထက်ဝက်နီးပါးမှာလည်း အကူအညီများ လိုအပ်နေသည်ဟု ပြောကြားခဲ့သည်။

“လူတိုင်းလူတိုင်းမှာ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ အကြောင်းတစ်ခုစီ ရှိနေပါတယ်။ ပါးစပ်နဲ့ ပြောလို့တောင် မရတဲ့အခြေအနေပါ” ဟု ဂူတာရက်စ်က ဆိုသည်။

ဆိုမာလီယာနိုင်ငံတွင် အချိန်အတော်ကြာ မိုးခေါင်မှုက အငတ်ဘေးကို ပိုမိုဆိုးရွားစေပြီး သန့်ရှင်းသောရေကို မရခြင်းကလည်း ၀မ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေသည်။

“လူတွေ သေကြတော့မယ်။ ဒါကိုရပ်တန့်ဖို့ ကမ္ဘာကြီက ချက်ခြင်းဆောင်ရွက်ရပါမယ်။ အသံကို တတ်နိုင်သလောက် ထုတ်ဖို့လိုပါတယ်။ ပဋိပက္ခ၊ မိုးခေါင်မှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရောဂါ၊ ၀မ်းပျက်ဝမ်းလျှော ဒါတွေအားလုံး ပေါင်းလိုက်ရင် အိပ်မက်ဆိုးတစ်ခုပါပဲ” ဟု ဂူတာရက်စ်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

Ref: Aljazeera

Tags:

Comments are closed.