6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေတ် ၁၁၊ ၂၀၁၇
M-Media

မြစ်ကြီးနားမှ ICRC ၏ ပြန်လည်ထူထောင်ရေးစင်တာ

– မြန်မာငွေကျပ် ၁.၈၆ ဘီလီယံ တန်ဖိုးရှိပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ၏ တတိယမြောက် အကြီးဆုံး ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာကို လာမည့်မေလ၌ ရှမ်းပြည်နယ်တွင် စတင် လည်ပတ်သွားမည်ဟု သိရသည်။

မတ်လ ၈ ရက်နေ့က ICRC မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး ကျိုင်းတုံမြို့တွင်ရှိမည့် အဆိုပါ ပြန်လည်ထူထောင်ရေးစင်တာမှာ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့ရှိ ပြန်လည်ထူထောင်ရေးစင်တာများပြီးနောက် ICRC ၏ တတိယ အကြီးဆုံးြ
ပန်လည်ထူထောင်ရေး စင်တာလည်းဖြစ်သည်။

မြစ်ကြီးနားမှ ပြန်လည်ထူထောင်ရေးစင်တာကို ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး ယခု ကျိုင်းတုံမှ စင်တာကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးသွားမည်ဖြစ်သည်။ အဆိုပါ စင်တာတွင် ကုတင် ၃၄ ခုနှင့် ၀န်ထမ်း ၂၇ ဦးပါဝင်ကာ တစ်နှစ်လျှင် လူနာ ၉၁၀ အထိ ကုသပေးမည်ဟု ခန့်မှန်
းထားသည်။

စင်တာမှာ မြေမြှုပ်မိုင်း သို့မဟုတ် ပေါက်ကွဲမှုများ၊ ယာဉ်မတော်တဆဖြစ်မှုများ၊ ရောဂါများနှင့် အခြားသော ကျန်းမာရေး ပြဿနာများကို ခံစားနေရသည့် ဒေသတွင်းပြည်သူများအတွက် ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ပေးအပ်သွားမည်ဖြစ်သည်။

ထို့ပြင် ခြေတုလက် ပြင်ဆင်ပေးခြင်း၊ အစားထိုးပေးခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

Ref : mmtimes

Comments are closed.