6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၁၊ ၂၀၁၇
M-Media

နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) ဆိုင်ရာ အီရန်ကိုယ်စားလှယ် ရီဇာ နာဂျာဖီ

– အစ္စရေးမှာ အရှေ့အလယ်ပိုင်းနိုင်ငံများမှ နျူသိပ္ပံပညာရှင်များကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ၎င်းတို့မှာမှု အချို့သောနိုင်ငံများနှင့် နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု ကုလ၏ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) ဆိုင်ရာ အီရန်ကိုယ်စားလှယ် ရီဇာ နာဂျာဖီက ပြောကြားလိုက်သည်။

“အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးက နျူသိပ္ပံပညာရှင်တွေဟာ အစ္စရေးက ခန့်အပ်တဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံရနေချိန်မှာ၊ အစ္စရေးရဲ့ နျူကျွမ်းကျင်သူတွေကတော့ အချို့သော နိုင်ငံတွေက နျူကလီးယား ဌာနတွေကို ၀င်ရောက်ခွင့်ရနေပါတယ်” ဟု ၃ လတစ်ကြိမ်ကျင်းပသော ကြာသာပတေးနေ့ IAEA ၏ Board of Governor အစည်းအဝေးတွင် နာဂျာဖီက ပြောဆိုခဲ့သည်။

၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အီရန်နိုင်ငံမှ နျူသိပ္ပံပညာရှင် ၄ ဦးမှာ အစ္စရေး၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး၊ ထိုသိပ္ပံပညာရှင်များ၏ အချက်အလက်များကို IAEA က အစ္စရေးအစိုးရသို့ ပေးအပ်ခဲ့သည်ဟု အီရန်က စွပ်စွဲထားသည်။

အစ္စရေးနှင့် နျူကိစ္စ ပူးပေါင်းဆောင်ရွက်မှု ပုံစံအားလုံး၊ နျူကလီးယားနှင့်သက်ဆိုင်သည့် ပစ္စည်းများအားလုံး လွှဲပြောင်းခြင်း၊ တပ်ဆင်ပေးခြင်းတို့ကို ပိတ်ပင်ထားသည့် နျူကလီးယား မပြန့်ပွားရေး နိုင်ငံတကာ ဥပဒေများကို အနောက်နိုင်ငံများက အလေးမထားမှုအတွက်လည်း နာဂျာဖီက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

နျူလက်နက် မပြန့်ပွားရေးစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ၊ စစ်ဖက်ဆိုင်ရာ နျူစက်ရုံများကို ၀င်ရောက်စစ်ဆေးခွင့်မပေးသည့် အစ္စရေးတွင် နျူထိပ်ဖူး ၂၀၀ မှ ၄၀၀ အထိ ရှိမည်ဟု ခန့်မှန်းထားပြီး အရှေ့အလယ်ပိုင်းတွင် နျူလက်နက်ပိုင်ဆိုင်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။ ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း
ကောလင်းပါဝဲလ်၏ ပြီးခဲ့သည့်နှစ်က ပေါက်ကြားခဲ့သော အီးမေးလ်က အစ္စရေး၌ နျူလက်နက်ရှိကြောင်း အတည်ပြုချက် အထောက်အထားတစ်ခု ဖြစ်သည်။

နာဂျာဖီက တစ်ခြားနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှု၊ သိမ်းပိုက်မှု၊ နိုင်ငံတော်အကြမ်းဖက်ဝါဒတို့ကို လုပ်ဆောင်ခဲ့သည့် သမိုင်းရှိနေသော အစ္စရေးက နျူလက်နက်ပိုင်ဆိုင်ထားခြင်းမှာ နိုင်ငံတာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်သည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

IAEA ဆိုင်ရာ ယူအေအီး ကိုယ်စားလှယ် ဟာမဒ် အလ် ကာဘီကလည်း အနောက်နိုင်ငံများက အစ္စရေး၏ နျူကလီးယားအစီအစဉ်အတွက် ထောက်ပံ့ပေးနေမှုများကို ရှုတ်ချခဲ့သည်။

Ref: Press TV

Tags: ,

Comments are closed.