News @ M-Media

မော်ရင်ဟိုမှာ ဖာဂူဆန်နှင့်တူညီသည်ဟု မန်ယူနောက်ခံလူ နဗီးလ် ပြော

မတ် ၁၃၊ ၂၀၁၇
M-Media

– မည်သည့်နည်းနှင့်မဆို အနိုင်ရရှိရမည်ဟု မော်ရင်ဟို၏ ဆုံးဖြတ်ထားမှုမှာ နည်းပြဟောင်း ဖာဂူဆန်နှင့် တူညီသည်ဟု မန်ယူနောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်က ပြောကြားလိုက်သည်။

ဖာဂူဆန်မှာ မန်ယူအသင်းအား ကိုင်တွယ်ခဲ့သည့် ၂၇ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ် ၁၃ ကြိမ်နှင့် ချန်ပီယံလိဂ် ၂ ကြိမ်အပါအ၀င် ဆုဖလားပေါင်း ၃၈ လုံးကို ရယူပေးနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အနားယူခဲ့သည်။

နောက်ပိုင်းတွင် မိုယက်စ်၊ ဗန်ဟားလ်တို့က ဖာဂူဆန်နေရာကို ဆက်ခံခဲ့သော်လည်း မန်ယူအား အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ဘဲ ယခုရာသီတွင် မန်ယူမှာ မော်ရင်ဟိုလက်ထဲသို့ ရောက်လာခဲ့သည်။

“နိုင်လိုမှု၊ အောင်မြင်မှု၊ ပြင်းပြတဲ့ ရည်ရွယ်ချက်တွေ၊ အနိုင်ရဖို့အတွက် ဘာမဆိုလုပ်တာတွေဟာ မော်ရင်ဟိုနဲ့ ဖာဂူဆန်အကြား အကြီးကျယ်ဆုံး တူညီမှုပါပဲ” ဟု နဗီးလ်က Omnisport သို့ ပြောကြားခဲ့ပြီး အသင်းမှာ မော်ရင်ဟို၏ ထိန်းကြောင်းမှုအောက်တွင် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာသည်ဟုလည်း ဆိုသည်။

မော်ရင်ဟိုမှာ မန်ယူအား တစ်ဖြည်းဖြည်းဖြင့် တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိတွင် ပရီးမီးယားလိဂ်၌ ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရရှိထားသည်။ ဇယားတွင် ၂ ပွဲလျော့ဖြင့် စတုတ္ထနေရာမှာ လီဗာပူးလ်နှင့် ၆ မှတ် ကွာဟနေသည်။

Ref: Goal