6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၀၊ ၂၀၁၇
M-Media

– မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ အင်မတန့် အင်မတန် ဆိုးရွားစွာ ပြုလုပ်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြောကြားလိုက်ပြီး မြောက်ကိုရီးယားက ဒုံးကျည်အင်ဂျင်သစ်ကို စမ်းသပ်မှုအပြီး နာရီအနည်းငယ်တွင် ထိုမှတ်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဖလော်ရီဒါရှိ Mar-a-Lago အဖန်းဖြေစခန်းတွင် ယမန်နေ့က သတင်းထောက်များအား ထရမ့်က ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားနှင့်ပတ်သက်၍ အုပ်ချုပ်ရေးတာဝန်ရှိသူများမှာ ယခုသီတင်းပတ်အတွင်း ဆွေးနွေးခဲ့ကြသည်ဟုလည်း ဆိုသည်။

“မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ သူက တော်တော်လေး ဆိုးဆိုးဝါးဝါး လုပ်နေတာပါ။ ထပ်ပြောပါ့မယ်။ သူက ဆိုးဆိုးဝါးဝါးကို ပြုမူနေတာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။

မြောက်ကိုရီး နိုင်ငံပိုင်သတင်းဌာန KCNA က ကင်ဂျုံအန်မှာ ဆိုဟေး ဂြိုဟ်တု လွှတ်တင်ရေးစခန်းတွင် စွမ်းအားမြင့်မားသော ဒုံးကျည်အင်ဂျင်တစ်ခု စမ်းသပ်မှုအား ကြီးကြပ်ခဲ့ကြောင်း၊ ကမ္ဘာကြီးမှာ သိပ်မကြာမီတွင် သိသာသော အောင်မြင်မှုကြီးကို တွေ့မြင်ရတော့မည်ဟု ပြောကြားခဲ့ကြောင်း ယမန်နေ့တွင် ဖော်ပြခဲ့သည်။

ကင်မှာ ယခုနှစ် အစောပိုင်းကလည်း မိမိတို့စစ်တပ်မှာ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။

Ref: Aljazeera

Comments are closed.