6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၇၊ ၂၀၁၇
M-Media

– မိုဘိုင်းဖုန်းတွေကို အလွန်အမင်းသုံးစွဲခြင်းဟာ အမြင်အာရုံ ချို့တဲ့တာ၊ အိပ်လို့မပျော်တာ၊ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာတွေ အပါအ၀င် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ တော်တော်များများ ဖြစ်နိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။

ဒါပေမယ့် ဒီရောဂါတွေအပြင် လူသိနည်းပြီး ပိုမိုဆိုးရွားတဲ့ နောက်ထပ် ရောဂါတစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ ကျောရိုးအထက်ပိုင်း ပုံစံပြောင်းသွားတဲ့ ပြဿနာပါ။

တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်က အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်လေးတစ်ဦးဟာ လည်ပင်း အနေအထားမမှန် ဖြစ်လာခဲ့ပြီး ခေါင်းမော့လို့ မရတဲ့ ဝေဒနာကို ခံစားရပါတယ်။

ဖခင်ကတော့ သူ့ရဲ့ သမီးဟာ အားတဲ့အချိန်တိုင်း မိုဘိုင်းဖုန်းသုံးကာ ရုပ်ရှင်ကြည့်တာမျိုး၊ ဂိမ်းကစားတာမျိုး လုပ်တတ်ပြီး တစ်နေ့ကို ၅ နာရီကနေ ၆ နာရီလောက်အထိ အသုံးပြုတယ်လို့ ဆိုပါတယ်။ ခဏခဏ မူးဝေတာမျိုး၊ ကျောကုန်းက နာကျင်တာမျိုး ဖြစ်လာတာကြောင့် ဆေးရုံသွားရာမှာ ကျောရိုး မူမမှန်ဖြစ်တာကို တွေ့ခဲ့ရပါတယ်။

ဆရာဝန်တွေက ဒီလိုရောဂါမျိုး အဖြစ်များလာခဲ့ပြီး၊ ဦးခေါင်း ပုံမှန်မဟုတ်တဲ့ အနေအထားမျိုးနဲ့ အချိန်အကြာကြီးနေတာ ဥပမာအားဖြင့် ခေါင်းငုံ့ပြီး ဖုန်းကိုကြည့်တာမျိုးဟာ ဒီလို ရောဂါမျိုး ဖြစ်တတ်တယ်လို့ဆိုပါတယ်။

သုတေသနတွေအရ ဦးခေါင်းကို ၆၀ ဒီဂရီ ငုံ့ထားတာဟာ လည်ကုပ်ပေါ်မှာ ၂၇ ကီလီုဂရမ်ရှိတဲ့ အလေးတစ်ခုကို တင်ထားတဲ့ သဘောသက်ရောက်ပြီး၊ အချိန်ကြာလာတဲ့အခါမှာ အရိုးတွေကို ထိခိုက်လာကာ၊ ခွဲစိတ်ကုသရတဲ့ အနေအထားအထိ ရောက်သွားနိုင်ပါတယ်။

အခု ၁၄ နှစ်အရွယ် ကောင်မလေးရဲ့ ကိစ္စမှာတော့ အသက်ငယ်တာကြောင့် ဆရာဝန်တွေက ခွဲစိတ်ကုသမှု မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆေးရုံးကနေ ဆင်းခိုင်းလိုက်ပေမယ့် တစ်နေ့ကို ဖုန်း ၂ နာရီလောက်သာ သုံးရမယ်လို့ သတိပေးခဲ့ပါတယ်။

Ref: Health Asiaone

Comments are closed.