6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၀၊ ၂၀၁၇
M-Media

– ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် မောင်းသူမဲ့ ဘတ်စ်ကားစနစ်ကို စင်ကာပူနိုင်ငံက စတင် အသုံးပြုသွားမည်ဟု သိရသည်။

အဆိုပါစီမံကိန်းအတွက် ST Kinetics က ဦးဆောင်ပြီး စင်ကာပူအမျိုးတက္ကသိုလ် သိပ္ပံ၊ နည်းပညာနှင့် သုတေသနဌာန၊ Singapore University of Technology and Design၊ Nanyang Technological University နှင့် Singapore Institute of Technology တို့က ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၈ ခုနှစ်တွင် Sentosa ၌ မောင်းသူမဲ့ မီနီဘတ်စ် ၀န်ဆောင်မှုကို စတင်ရန် ရှိနေသည်။ အဆိုပါ ဘတ်စ်ကားများနှင့် မီနီဘတ်စ်များကို လာမယ့်နှစ်တွင် စတင်မိတ်ဆက်မည်ဟု ST Kinetics ၏ မိခင်ကုမ္ပဏီ ST Engineering က ယနေ့တွင် ကြေငြာခဲ့သည်။

စင်ကာပူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ယနေ့ထုတ်ပြန်သော ကြေငြာချက်၌ ST Kinetics မှာ ထိုင်ခုံ ၄၀ ပါဝင်သည့် လျှပ်စစ်ကားများအတွက် AV နည်းပညာကို ဖန်တီး တပ်ဆင်သွားမည်ဖြစ်ပြီး၊ မြို့တွင်းနှင့် မြို့ပြင် ခရီးစဉ်များအတွက် ပုံသေနှင့် အချိန်ပိုင်း ပြေးဆွဲရေး အသုံးပြုသွားမည်ဟု ဖော်ပြထားသည်။

တည်နေရာနှင့် ရောက်ရှိနေသည့် ပတ်ဝန်းကျင် အခြေအနေများကို သိရှိ မှတ်သားနိုင်ရန်အတွက် အဆိုပါ ဘတ်စ်ကားများတွင် Global Positioning System စနစ်ကို အသုံးပြုသွားမည် ဖြစ်သည်။ ထို့ပြင် အရှေ့ မီတာ ၂၀၀ တွင်ရှိသည့် အခြားသောကားများ၊ လမ်းသွားလမ်းလာများကို သိရှိနိုင်ရန်အတွက် ရေဒါနှင့်
အသံလှိုင်းသုံး အာရုံခံ ကိရိယာများကို တပ်ဆင်မည်ဖြစ်သည်။

ST Kinetics က ဘတ်စ်ကားများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကို သိရှိနိုင်မည့် စွမ်းရည်မျိုး ဘတ်စ်ကားများတွင် ထည့်သွင်းပေးရန် စီစဉ်နေပြီး၊ စမ်းသပ်မှုများကို လမ်းများမရှုပ်ထွေးသည့် စက်မှုဇုန်ဒေသများ၌ လမ်းသွားလမ်းလာရှင်းသည့် အချိန်များတွင် စမ်းသပ်သွားရန် ရှိနေသည်။

Ref : Straits Times

Tags:

Comments are closed.