6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၁၊ ၂၀၁၇
M-Media

– အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ချာကန်ပြည်နယ်တွင် ဟိန္ဒူ လက်ယာစွန်းရောက်အဖွဲ့ RSS မှာ ပြီးခဲ့သည့်တစ်လ အတွင်း အနည်းဆုံး ခရစ်ယာန်မိသားစု ၅၃ ခုကို ဟိန္ဒူဘာသာသို့ ပြောင်းလဲစေခဲ့ပြီး အာရ်ကီဒေသ၌ ခရစ်ယာန်ကင်းစင်ဒေသ ဖန်တီးရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

အဆိုပါမိသာစုများမှာ စင်ဒရီ ပန်ချာယက်မြို့ရှိ ကျေးရွာများတွင် နေထိုင်သူများဖြစ်ပြီး အိန္ဒိယ အာဏာရပါတီ BJP ၏ သဘောတရားရေးရာ မိခင်အဖွဲ့အစည်း RSS က အဆိုပါ မိသားစုမှာ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ခရစ်ယာန် သာသနာပြုများ၏ ‘ပြန်ပေးဆွဲခြင်း’ ကို ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

ဟိန္ဒူလက်ယာစွန်းအဖွဲ့များက ဆောင်ရွက်ပြီး ‘ဂရ် ၀ါပက်စီ’ ဟု ခေါ်သည့် ဟိန္ဒူဘာသာသို့ ပြန်လည် သွတ်သွင်းခြင်းမှာ ချာကန်ပြည်နယ်တွင် ဧပြီလတစ်လျှောက်လုံး ဖြစ်ပွားခဲ့သည်ဟု ရင်းမြစ်က ဆိုသည်။

“ဒါကို ဘာသာပြောင်းတယ်လို့ မခေါ်ပါဘူး။ ကျွန်တော်တို့ဟာ ဆုံးရှုံးသွားခဲ့တဲ့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေကို သူတို့ရဲ့ ဘာသာတရားဆီ ပြန်လည်ဆောင်ကျဉ်းပေးတာပါ။ ကျွန်တော်တို့ ‘ခရစ်ယာန်ကင်းစင်ဒေသ’ တွေ လုပ်ချင်ပါတယ်။ ရွာသားတွေဟာ မကြာခင် သူတို့ရဲ့ ရင်းမြစ်ဆီကို ပြန်လာကြမှာပါ” ဟု RSS အဖွဲ့မှ Saiyojak Laxman Singh Munda က ပြောကြားခဲ့သည်။

BJP ပါတီဝင်ဖြစ်သော Munda မှာ စင်ဒရီ ပန်ချာယက်ဒေသပါဝင်သည့် ခရိုင်၏ ဒုတိယဥက္ကဌဖြစ်ပြီး မျိုးနွယ်စုများမှာ ခရစ်ယာန် သာသနာပြုများ၏ သွေးဆောင်ဖျားယောင်းခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။

‘ဂရ် ၀ါပက်စီ’ ကို RSS အပြင် အခြားသော ဟိန္ဒူအမျိုးသားရေးအဖွဲ့များကလည်း ဆောင်ရွက်ကြပြီး ၎င်းတို့မှာ ဟိန္ဒူဘာသာသို့ သွတ်သွင်းရန်အတွက် အကြမ်းဖက်ခြင်း၊ ဖိအားပေးခြင်းတို့ရှိသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

Ref: Hindstantimes

Tags:

Comments are closed.