6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၄၊ ၂၀၁၇
M-Media

‘ချီရာမန်’ ဗလီဝတ်ကျောင်းတော်

 

– အာရေဗျပင်လယ်နဲ့ မျက်နှာချင်းဆိုင်တည်ရှိနေတဲ့ အိန္ဒိယနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းဟာ တစ်ချိန်က ဟိန္ဒူဘုရင်တစ်ပါး အုပ်စိုးရာဒေသဖြစ်ပြီး ဒီဘုရင်ကြီးဟာ လ နှစ်ခြမ်းကွဲသွားတဲ့ အဖြစ်အပျက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီ မြင်ကွင်းဟာ သတိပေးချက်တစ်ခုလားလို့ စိုးရိမ်သွားတဲ့သူဟာ နန်တွင်းက နက္ခတဗေဒင်ဆရာတွေကို ခေါ်ယူပြီး အနက်ကောက်ခိုင်းပါတော့တယ်။

ဒါပေမယ့် ဒီပညာရှင်တွေဟာ ဘုရင်ကြီး ကျေနပ်လောက်အောင် ရှင်းမပြနိုင်ခဲ့ဘဲ အခုအချိန်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ဖြစ်နေတဲ့ ဒီဒေသကို အာရပ်ကုန်သည်အုပ်စုတစ်ခု ရောက်လာတဲ့အထိ ဒါဟာ အဖြေမရတဲ့ ပုစ္ဆာအဖြစ် ရှိခဲ့ပါတယ်။ ဒီကုန်သည်တွေက ဘုရင်ကြီးရဲ့ ဒီမြင်မက်မှုဟာ တမန်တော် မုဟမ္မဒ်သခင်ရဲ့ တန်ခိုးပြဋိဟာတွေထဲက တစ်ခုအတွက် အထောက်ထားဖြစ်ဖွယ်ရှိတယ်လို့ ရှင်းပြခဲ့ပါတယ်။

ဒီရှင်းပြချက်ကို လက်ခံသွားပြီးတဲ့နောက် ဘုရင်ကြီးဟာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ပြီး အစ္စလာမ့်ရဲ့ အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့ မက္ကာမြို့ကို သွားရောက်ခဲ့ပါတယ်။ ဘုရင်ကြီးဟာ သူ့ရဲ့နိုင်ငံကို အသက်ရှင်လျက် ပြန်မလာနိုင်တော့ပေမယ့် အိန္ဒိယရဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်လာမယ့် အဆောက်အဦးတစ်ခုကို ဆောက်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ကိုဒွန်ဂါလူးရ်မြို့မှာ တည်ရှိတဲ့ ‘ချီရာမန်’ ဗလီဝတ်ကျောင်းတော်ရဲ့ ဒဏ္ဍာရီဇာတ်ကြောင်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဗလီဝတ်ကျောင်းတော်ရဲ့ သမိုင်းအမှန်ကတော့ ရှုပ်ထွေးပါတယ်။ ၀တ်ကျောင်းတော် ပရ၀ုဏ်အတွင်းက အုပ်မြစ်မှာ ဆောက်လုပ်တဲ့ခုနှစ်ကို ၆၂၉ ခုနှစ်လို့ ရေးထားပေမယ့် ဒီအထောက်အထားဟာ အငြင်းပွားစရာ ဖြစ်နေပါတယ်။

ကီရာလာဇာတိ သမိုင်းပညာရှင် ရာဂျန် ဂုရုကဲလ်က ဒီဗလီဝတ်ကျောင်းတော်ဟာ ၁၁ ရာစု၊ ဒါမှမဟုတ် ၁၂ ရာစုလောက်မှာ ဆောက်တာဖြစ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗလီဝတ်ကျောင်း တော် ဂေါပကအဖွဲ့ ဥက္ကဌ မိုဟာမက် ဆယစ်ဒ်ကတော့ ဒီဗလီဝတ်ကျောင်းတော်ဟာ နိုင်ငံရဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်တယ်ဆိုတဲ့ အယူအဆကို ဆက်လက်ထိန်းသိမ်းထားပါတယ်။

ကိုဒွန်ဂါလူးရ်ဟာ ပြည်နယ်က နာမည်ကြီး ခရီးသွားမြို့ဖြစ်တဲ့ ကိုချီရဲ့ မြောက်ဖက်မှာရှိပြီး တစ်နာရီလောက် သွားရပါတယ်။ ဒါပေမယ့် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မှုကတော့ သိပ်မရှိပါဘူး။ ပြည်နယ်အစိုးရက ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် ဒီဒေသရဲ့ သမိုင်းဝင်မှုကို မီးမောင်းထိုးပြမယ့် ရည်မှန်းချက်ကြီးတဲ့ စီမံချက်တစ်ခုကို စတင်နေပါတယ်။

‘မူဇီရစ် သမိုင်းအမွေအနှစ် စီမံကိန်း’ လို့ခေါ်ဆိုပြီး ပြည်နယ်အတွင်းက ကျေးရွာကောင်စီ ၇ ခု ပါဝင်မှာဖြစ်ကာ ပြတိုက် ၂၇ ခုနဲ့ စိတ်ဝင်စားအောင် စီမံထားတဲ့ နေရာပေါင်း ၅၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။ ဒီနေရာတွေထဲမှာ ဟင်းခပ်အမွှေးအကြိုင်ပြတိုက်ကနေ၊ ရောမ ရေကရား၊ အီတလီ ကြွေထည်မြေထည် စတာတွေကို တူးဖော်တွေ့ရှိတဲ့နေရာတွေလည်း ပါမှာပါ။

စီမံကိန်းရဲ့ ပထမအဆင့်မှာ အစိုးရက ဂျူးဘုရားကျောင်းနှစ်ခုကို ပြင်ဆင်ခဲ့ပြီး အများပြည်သူ လာရောက်ကြည့်ရှုဖို့အတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

မွတ်စလင်နဲ့ ခရစ်ယာန်က ပြည်နယ်လူဦးရေရဲ့ ထက်ဝက်လောက်ရှိတဲ့ ဒီဒေသမှာ ဒီလို ဘာသာရေးဆိုင်ရာ သမိုင်းဝင်နေရာတွေက သဟဇာတဖြစ်မှု သတင်းစကားတစ်ခုပေးဖို့ အထောက်အကူဖြစ်စေမယ်လို့ ပြည်နယ်အစိုးရက မျှော်လင့်နေပါတယ်။

လူမှု သဟဇာတဖြစ်မှု

မာရ်သိုမာ ခရစ်ယာန်ဘုရားကျောင်း

မင်နာရတ် ၂ ခု၊ ကျယ်ပြောတဲ့ ၀တ်ပြုရာနေရာတစ်ခုပါဝင်ပြီး အုပ်ကျွပ်မိုး အပြာဖျော့ရောင်အဆောက်ဦးဖြစ်တဲ့ ‘ချီရာမန်’ ဗလီဝတ်ကျောင်းတော်ရဲ့ သွင်ပြင်ဟာ သူ့ရဲ့ ကာလကြာညောင်းမှုကို ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်တွေအတွင်းမှာ ဒီ ဗလီဝတ်ကျောင်းတော်ကို ပြုပြင်မှုတွေလည်း ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ ဒီဗလီဝတ်ကျောင်းတော်ဟာ ၀တ်ပြုမှုတွေနဲ့ စည်ကားနေပါသေးတယ်။ ကိုဒွန်ဂါလူရ်မှာ နေထိုင်တဲ့ မွတ်စလင် ၇၀၀၀ သာမက ဟိန္ဒူတွေလည်း ဒီဗလီဝတ်ကျောင်းတော်ကို လာရောက် ၀တ်ပြုကြပါတယ်။

“ဝေလီဝေလင်းအချိန်နဲ့ မနက် အာရုံတက်အချိန်တွေမှာ ဟိန္ဒူ တော်တော်များများ ဒီကိုလာပြီး ၀တ်ပြုဆုတောင်းကြတာကို တွေ့နိုင်ပါတယ်” လို့ ဆယစ်ဒ်က ရှင်းပြပါတယ်။

ဒီဗလီဝတ်ကျောင်းတော်ရဲ့ မနီးမဝေးမှာ အခြားသော ဘာသာရေး အဆောက်အဦးတွေလည်း ရှိနေပါတယ်။ မီတာ ၅၀ အဝေးမှာ ဟိန္ဒူဘုရားကျောင်းတစ်ခုရှိပြီး၊ ဒီဒေသအတွင်းမှာ အနည်းဆုံး ခရစ်ယာန်ဘုရားကျောင်း ၅ ခု ရှိပါတယ်။

သမိုင်းကြောင်းဆိုင်ရာ ပိုပြီး စိတ်ဝင်စားကြတာကတော့ ‘ပါရာဗူရ်’ ဂျူးဘုရားကျောင်းဖြစ်ပြီး အိန္ဒိယနိုင်က သက်တမ်းအရင့်ဆုံး ဂျူးဘုရားကျောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဘုရားကျောင်းဟာ ချီရာမန် ဗလီဝတ်ကျောင်းတော်နဲ့ ၁၀ ကီလိုမီတာ အကွာမှာရှိပြီး၊ ၈ ကီလိုမီတာအကွာမှာတော့ ‘ကိုတာကာဗူ’ ခရစ်ယာန်ဘုရားကျောင်း ရှိပါတယ်။ ဒီ ဘုရားကျောင်းကလည်း နိုင်ငံအတွင်း ရှေးကြတဲ့ခရစ်ယာန် ဘုရားကျောင်းများထဲက တစ်ခုဖြစ်ပါတယ်။

အဲဒီ ၀တ်ပြုရာနေရာအားလုံးဟာ သမိုင်းမွေအနှစ် စီမံကိန်းရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ အဲဒီစီမံကိန်းကို ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ပထမအဆင့် ပြီးဆုံးပါတယ်။

ဒီလို ဘာသာပေါင်းစုံက ၀တ်ပြုရာအဆောက်အဦးတွေ ဘေးချင်းကပ် တည်ရှိနေတဲ့ အချက်ရဲ့ နောက်ကွယ်မှာ ဒီနေ့ခေတ် ကမ္ဘာကြီးအတွက် အရေးပါတဲ့ သင်ခန်းစာတစ်ခုလည်း ရှိနေပါတယ်။

“ဒီလူတွေအားလုံးဟာ ဘာပြဿနာမှ မရှိဘဲ အတူယှဉ်တွဲနေထိုင်နိုင်တယ်ဆိုတဲ့ ဥပမာကို ပေးဖို့ ကျွန်တော်တို့ လုပ်နေတာပါ။ မူဇီရစ် စီမံကိန်းဟာ ဘာသာရေး သဟဇာတဖြစ်မှုရဲ့ ဥပမာတစ်ခုအဖြစ် ကျွန်တော်တို့ ရှေ့ဆက်သွားချင်ပါတယ်” လို့ စီမံကိန်းရဲ့ အကြီးတန်းအကြံပေး ဘန်နီ ကူရီယာကိုဆီက ဆိုပါတယ်။

ဒီဒေသမှာနေထိုင်သူ အန်တိုနီ ဒီအင်ကတော့ ယနေ့ခေတ် ကိုဒွန်ဂါလူရ်မှာလည်း လူမျိုးစုံဘာသာစုံဝါဒ ထွန်းကားနေဆဲဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

“ဟိန္ဒူ၊ မွတ်စလင်နဲ့ ခရစ်ယာန်တွေ နေထိုင်တယ်ဆိုတာကို တွေးကြည့်ရင် ကိုဒွန်ဂါလူရ်လို နေရာမျိုးဟာ အင်မတန် ရှားပါးတဲ့ နေရာပါ”

ခရစ်ယာန် ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဒီအင်က ဟိန္ဒူသူငယ်ချင်းတွေနဲ့အတူ ဘုရားကျောင်းသွားရင်း ကြီးပြင်းလာသူပါ။ ပွဲတော်ရှိတဲ့အချိန် သူဟာ ဟိန္ဒူသူငယ်ချင်းတွေနဲ့အတူ သွားလေ့ရှိပါတယ်။

“ဒါက ကျွန်တော်တို့ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဗျ” လို့ သူက ဆိုပါတယ်။

ယူကေ ဗစ်ဝါနသန်ဟာ ကိုဒွန်ဂါလူရ်မှာ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပေမယ့် ၁၉၆၉ ခုနှစ်မှာ မွေးရပ်မြေကို စွန့်ခွာကာ နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ အလုပ်လုပ်ဖို့ သွားခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ အကြာမှာတော့ သူဟာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

သူလိုချင်တာအားလုံးကို မွမ်ဘိုင်းမြို့က ပေးနိုင်ပေမယ့် အကြောင်းအရင်းတစ်ခုက ကိုဒွန်ဂါလူရ်ကို ပြန်လာဖို့ ဆွဲဆောင်ခဲ့ပါတယ်။

“ကျွန်တော်တို့မှာ အင်မတန်ကောင်းတဲ့ လူမှုရေး သဟဇာတဖြစ်မှု ရှိတယ်ဗျ။ ဒီအကြောင်းအရင်းတစ်ခုကြောင့် ကျွန်တော် ဒီကို ပြန်လာတာပါ”

ဟင်းခပ်အမွှေးအကြိုင်

ဘဟာဂါဗာသီ ဒေ၀ီ ဟိန္ဒူဘုရားကျောင်း

ကိုဒွန် ဂါလူရ်မှာ ထွန်းကားနေတဲ့ ဘာသာရေး သဟဇာတဖြစ်မှုဟာ ‘ငရုပ်ကောင်းနက်’ ဆိုတဲ့ အရာတစ်ခုအပေါ်မှာ မှီတည်နေပါတယ်။

ဒီနေ့ခေတ်မှာ ငရုပ်ကောင်းနက်ဟာ ကမ္ဘာတစ်ဝှမ်းက မီးဖိုဆောင်တိုင်းမှာ မြင်တွေ့ရပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ အရင်က ငရုပ်ကောင်းနဲ့ အခြား ဟင်းခပ်အမွှေးအကြိုင်တွေကို အရောင်းအ၀ယ်လုပ်ဖို့ ပီရီယာမြစ်ကမ်းနဖူးမှာရှိတဲ့ မူဇီရစ်မြို့လေးကို လာရောက်ကြရပါတယ်။

စောစောပိုင်း ကုန်သည်တွေဟာ (ဘီစီ ၉၀၀) ဆော်လမွန်ဘုရင်လက်ထက်က အီဂျစ်လူမျိုးတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဂရိ၊ ဖိုနေးရှန်း၊ အစ္စလာမ်မတိုင်ခင်နဲ့ အစ္စလာမ်ထွန်းကားပြီးနောက်ပိုင်း အာရပ်ကုန်သည်တွေလည်း လာရောက်ကြတယ်လို့ Rethinking Classical Indo-Roman Trade စာအုပ်ကို ရေးသားခဲ့တဲ့ ဂုရုကာလ်က ဆိုပါတယ်။

အချို့သော ကုန်သည်တွေဟာ လိုအပ်ချက်ကြောင့် မူဇီရစ်မှာ အခြေချ နေထိုင်ခဲ့တယ်လို့လည်း ဂုရုကာလ်က ဖွင့်ဟခဲ့ပါတယ်။

အေဒီ ပထမရာစုနှစ်တစ်ဝိုက်မှာ နိုင်ငံခြား ကုန်သည်တွေဟာ မိုးရာသီ လေတိုက်နှုန်းကို အားပြုပြီး အိန္ဒိယကို အချိန်တိုတိုအတွင်းမှာ ရွက်လွှင့်နိုင်ခဲ့ကြပါတယ်။ အဲဒီလေက ကုန်သည်တွေအတွက်တော့ သဘာဝရဲ့ စည်းချက်တစ်ခုဖြစ်ခဲ့ပြီး မိုးရာသီလေနဲ့ လာရောက်ကြတဲ့ ကုန်သည်တွေဟာ လနည်းနည်း ကြာပြီးတဲ့နောက် လေကြောင်းပြောင်းသွားတဲ့အခါမှာ ပြန်သွားကြပါတယ်။

“ဒီလိုနေထိုင်တဲ့အချိန်မှာ တစ်ချို့ဟာ ဒေသခံတွေထဲက အိမ်ထောင်ဖက်ရွေးချယ်ပြီး ယာယီ နေရာထိုင်ခင်း စီစဉ်ကြတယ်ဆိုတာ ဓမ္မတာပါပဲ” လို့ ဂုရုကာလ်က ပြောပါတယ်။

ဒီလိုအနေအထားဟာ ရာစုနှစ်အနည်းငယ်အထိ ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ဆီးရီးယားခရစ်ယာန်တွေ ရောက်လာကာ ဒေသခံ ဘုရင်တွေရဲ့ ခွင့်ပြုချက်နဲ့ သူတို့ရဲ့ ကိုယ်ပိုင် ၀တ်ပြုရာအဆောက်အဦးတွေကို ဆောက်လုပ်ကြကာ ယနေ့ ကျွန်တော်တို့ ခေါ်ဆိုနေတဲ့ လူမျိုးစုံဝါဒကို ဖြစ်စေခဲ့ပါတယ်။

ဒီလို မတူညီတဲ့ အုပ်စုတွေဟာ အင်မတန် နီးနီးကပ်ကပ်နဲ့ ရှိနေခဲ့ပေမယ့် ဘာသာရေးတင်းမာမှုတွေ မဖြစ်ခဲ့ဘူးလို့လည်း ဂုရုကာလ်က ဆိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ဟာ စီးပွားရေးအရ ပြိုင်ဆိုင်တာမျိုး မရှိလို့ပါ။ သူတို့အားလုံးဟာ ဒီဆိပ်ကမ်းမြို့က မတူညီတဲ့ ထွက်ကုန်တွေကို လိုချင်ကြပါတယ်။ ပြဿနာကတော့ စီးပွားရေးမှာ လက်ဝါးကြီးအုပ်ချင်တဲ့ ပေါ်တူဂီတွေ ရောက်လာတဲ့ ၁၆ ရာစုမှာ ဖြစ်လာတယ်လို့ ဂုရုကာလ်က ပြောကြားခဲ့ပါတယ်။

အဲဒီအချိန်မှာ မူဇီရစ်ဟာ ကုန်သွယ်ရေးအချက်အခြာနေရာ မဟုတ်တော့ပါဘူး။ ဆိပ်ကမ်းဟာ ရေကြီးမှု၊ ၁၄ ရာစု မြေငလျင်ကြောင့် ပျက်ဆီးသွားပြီး ကုန်သွယ်ရေးအချက်အခြာနေရာက ကိုချီ ဖြစ်လာခဲ့ပါတယ်။ ဒီမြို့ဟာ ယနေ့အချိန်အထိ ပြည်နယ်ရဲ့ အကြီးဆုံး စီးပွားရေး အချက်အခြာနေရာ ဖြစ်နေတုန်းပါ။

ကိုဒွန်ဂါလူရ် ပြန်ရှင်သန်လာခြင်း

ချီရာမန် ဗလီဝတ်ကျောင်းတော်တွင် မွတ်စလင်အမျိုးသမီးတစ်ဦး ၀တ်ပြုဆုတောင်းနေပုံ

ကိုဒွန်ဂါလူရ်ရဲ့ သမိုင်းကြောင်းကို ၂၀၀၀ ခုနှစ် စွန်းစွန်းအထိ လူတွေက သိပ်မသိကြပါဘူး။ မိုးတအားရွာတဲ့တစ်ချိန်မှာ ရွှံ့ထဲကနေ အရောင်စုံတဲ့ ပုတီးစေ့လေးတွေကို တွေ့ခဲ့ရပြီး ဒီသတင်းကြောင့် ရှေးဟောင်းသုတေသနပညာရှင်တွေနား ပေါက်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ တူးဖော်မှုတွေ စလုပ်ပါတော့တယ်။

နှစ်တော်တော်များများ ကြာတဲ့အခါမှာတော့ ဒီပညာရှင်တွေဟာ အရာဝတ္ထုပေါင်း ၉၅၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖန်ပုတီတွေကနေ၊ အခုခေတ် အီရတ်လို့ခေါ်တဲ့ မက်ဆိုပိုတေးမီးယားက အိုးအစိတ်အပိုင်းတွေအထိ ပါဝင်ပါတယ်။

ပြည်နယ်အစိုးရကတော့ ပြန်လည်တူးဖော်ရေးစီမံကိန်းအတွက် အကြီးအကျယ် ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ ကုလရဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း ယူနက်စကိုက အရှေ့တိုင်းနဲ့ အနောက်တိုင်းကို ဆက်နေတဲ့ ရှေးခေတ် ပင်လယ်ရေလမ်းကြောင်း ကွန်ရက်တစ်ခုဖြစ်တဲ့ ဟင်းခပ်အမွေးအကြိုင် ကုန်သွယ်မှုလမ်းကြောင်းမှာ ပါဝင်ခဲ့တဲ့ ရှေးဟောင်း မြို့တွေအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုကို အလေးပေးတဲ့ သီးခြား စီမံကိန်းတစ်ခုကို ငွေကြေးထောက်ပံ့ပေးထားပါတယ်။

ဒီ ပြန်လည်တူးဖော်ရေးလုပ်ငန်းဟာ ၉ နှစ်တာ ကြာမြင့်ခဲ့ပေမယ့် လုပ်စရာတွေကတော့ အများကြီး ရှိနေဆဲပဲလို့ ကူရီယာ ကိုဆီက ပြောပါတယ်။ စီမံကိန်းရဲ့ ဒုတိယအဆင့်ကို မေလမှာ စတင်မှာဖြစ်ပြီး စီမံကိန်း လုံးဝပြီးစီးဖို့အတွက်တော့ နှစ်တော်တော်များများ ကြာအုံးမှာပါ။

အေဒီ ပထမရာစုက ရောမ စာရေးဆရာ ‘ပလင်နီ သည် အဲလ်ဒါး’ က ‘အိန္ဒိယရဲ့ ပထမဆုံး ပဒေသာတိုက်’ လို့ တင်စားခြင်းခံရတဲ့ ကိုဒွန်ဂါလူရ်ဟာ ယခင်က ရှိခဲ့တဲ့ လူမျိုးစုံဘာသာစုံဝါဒ ငွေ့အသက်တွေ ကျန်ရှိနေဆဲပါ။

တစ်ချိန်က ပုလဲ၊ ဆင်စွယ်၊ ပိုးထည်၊ နံ့သာဆီတွေ အမြောက်အများကို တင်ပို့ရာဒေသ ဖြစ်ခဲ့ပြီး အခုခေတ်မှာတော့ ဒေသခံတွေအားထားတဲ့ ဈေးလောက်သာ ရှိပါတော့တယ်။

၁၉၅၀ ပြည့်နှစ်တွေမှာ ဒီဒေသကဂျူးတွေ အစ္စရေးကို ရွှေ့ပြောင်းသွားကြပြီးတဲ့နောက်ပိုင်းမှာ ကိုဒွန်ဂါလူရ်မှာ ဂျူးအနည်းငယ်သာ ရှိတော့ပေမယ့် ဒေသရဲ့ လူမျိုးစုံဘာသာစုံဝါဒကတော့ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်တဲ့ ဗစ်ဝါနသန်က မကြာသေးခင်ကပဲ ဒေသတွင်းက ဟိန္ဒူဘုရားကျောင်း တစ်ကျောင်းကို သွားရောက် ဖူးမြှော်ခဲ့ပါတယ်။ အဲဒီ ဘုရားကျောင်းမှာ ဆုတောင်းပြီးနောက်ပိုင်း သူဟာ အနားက ဗလီဝတ်ကျောင်းတော်ကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီဗလီက အီမာမ်က သူ့ရဲ့အမည်ကို မေးပြီးတဲ့နောက် ကုရ်အာန်ကျမ်းစာထဲက စာပိုဒ်တွေကို ရွတ်ဖတ်ကာ ကောင်းချီးပေးပါတော့တယ်။

“မွတ်စလင်ဘုန်းကြီးတစ်ပါး ကောင်းချီးပေးတဲ့ ခံစားမှုမျိုးက ကျွန်တော့်ကို စွဲမက်သွားစေပါတယ်။ အဲဒီ ၅ စက္ကန့်အတွင်းမှာ ကမ္ဘာပေါ်က ကောင်းချီးအားလုံးကို ရရှိခဲ့ပါတယ်”

Ref: Aljazeera

(အလ်ဂျာဇီးရား သတင်းဌာနတွင် ဖော်ပြထားသည့် India’s Cheraman mosque: A symbol of religious harmony ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.