6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၅၊ ၂၀၁၇
M-Media

– မိဘတွေအနေနဲ့ မိုဘိုင်းဖုန်းကို အလွန်အကျွံအသုံးပြုခြင်းဟာ မိသားစုဘ၀ကို ထိခိုက်စေတယ်လို့ ယူကေက Digital Awareness UK (DAUK) နဲ့ ကျောင်းအုပ်ဆရာ၊ ဆရာမများအဖွဲ့ (HMC) တို့က ပူးပေါင်းပြုလုပ်တဲ့ သုတေသနမှာ တွေ့ခဲ့ရပါတယ်။

အသက် ၁၁ နှစ်အရွယ်ကနေ ၁၈ နှစ်အရွယ် ကလေးငယ်ပေါင်း ၂၀၀၀ ပါဝင်တဲ့ ဒီသုတေသနမှာ ကလေးငယ်တွေရဲ့ ၃ ပုံ ၁ ပုံက သူတိုရဲ့ မိဘတွေကို ဖုန်းသုံးတာ ရပ်ဖို့ ပြောကြားခဲ့တယ်လို့ ဖြေကြားပါတယ်။

၁၄ ရာခိုင်နှုန်း မိဘတွေဟာ ထမင်းစားချိန်မှာလည်း အွန်လိုင်းသုံးတယ်လို့ ဖြေကြားပြီး မိဘ ၃၀၀၀ ကို မေးမြန်းမှုမှာတော့ ၉၅ ရာခိုင်နှုန်းက ဒါကို ငြင်းဆိုခဲ့ပါတယ်။

ကလေးငယ်တွေ ၈၂ ရာခိုင်နှုန်းက ထမင်းစားချိန်မှာ မိဘတွေ အွန်လိုင်းသုံးတာကို ရပ်တန့်စေချင်ပြီး၊ ၂၂ ရာခိုင်နှုန်းကတော့ မိုဘိုင်းဖုန်းတွေ အသုံးပြုတာဟာ မိသားစု တစ်ဦးနဲ့တစ်ဦး ပျော်ရွှင်မှုကို ဆုံးရှုံးစေတယ်လို့ ဖြေကြားခဲ့ပါတယ်။

၃၆ ရာခိုင်နှုန်းက မိဘတွေကို ဖုန်းမသုံးဖို့ ပြောကြားခဲ့ပါတယ်။ သူတို့ရဲ့ ဒီလိုပြောကြားမှုကို မိဘတွေက အရေးမလုပ်ဘူးလို့ စစ်တမ်းမှာပါဝင်တဲ့ ကလေးငယ် ၄၆ ရာခိုင်နှုန်းက ပြောကြားပြီး၊ မိဘတွေ မကျေမနပ်ဖြစ်ကာ လစ်လျူရှုခံရတယ်လို့ ဖြေကြားသူကတော့ ၄၄ ရာခိုင်နှုန်း ရှိပါတယ်။

ဒီလိုမိုဘိုင်းဖုန်းတွေ အသုံးပြုတာဟာ ကလေးတွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ ယုံကြည်သူ မိဘအရေအတွက်က ၁၀ ရာခိုင်နှုန်းသာ ရှိနေပြီး၊ ၄၃ ရာခိုင်နှုန်းက သူတို့ရဲ့ ကိုယ်ပိုင်အချိန်အများစုကို အွန်လိုင်းသုံးရင် ကုန်ဆုံးကြတယ်လို့ ဖြေခဲ့ပါတယ်။

မနှစ်က DAUK နဲ့ HMC တို့ ပြုလုပ်တဲ့ သုတေသနမှာ အလယ်တန်းကျောင်းသားတွေရဲ့ ထက်ဝက်လောက်နီးပါးက သူတို့ အိပ်ယာဝင်တဲ့အချိန်မှာ မိုဘိုင်းဖုန်း အသုံးပြုတယ်လို့ ဖြေကြားခဲ့ပြီး အခု သုတေသနသစ်မှာ ၇၂ ရာခိုင်နှုန်းက အွန်လိုင်းကို တစ်နေ့ ၁၀ နာရီလောက်အထိ အသုံးပြုတယ်လို့ ဖြေကြားပြီး ၁၁ ရာခိုင်နှုန်းက စနေ၊ တနင်္ဂနွေနဲ့ အခြားပိတ်ရက်တွေမှာ ၁၅ နာရီအထိ အသုံးပြုတယ်လို့ ဆိုပါတယ်။ နာရီ ၂၀ လောက်အထိ အသုံးပြုတဲ့သူကတော့ ၃ ရာခိုင်နှုန်းလောက်ရှိပါတယ်။

ကလေးငယ်တွေ အွန်လိုင်းအသုံးပြုမှုအတွက် အဓိက စိုးရိမ်မှုကတော့ အိပ်ရေးပျက်တာဖြစ်ပြီး မိဘတွေရဲ့ ၁၀ ရာခိုင်နှုန်းကသာ ဒီကိစ္စအတွက် စိုးရိမ်ကြပါတယ်။

Ref: BBC

Tags:

Comments are closed.